“THE CRADLE TO THE GRAVE”
အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။
“THE CRADLE TO THE GRAVE”
Skin Design:
Free Blogger Skins
အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။
မိသားစုကို ကျောပေါ်တင်လို့
ဟိုးအမြင့်တစ်နေရာ
(တကယ်တော့ မမြင်နိုင်သေးတဲ့)
ဟိုးအမြင့် တစ်နေရာဆီသို့ပေါ့ …။
ဟန်ချက်ပြင်းပြင်း
မာန်ဟုန်တင်းလို့
အတောင်ပံကို တအားခပ်
မှီခဲ့တဲ့ သစ်ကိုင်းကို ခြေစုံခပ်လို့ပေါ့
လှုပ်သွားတဲ့ သစ်ကိုင်း
ငါ …. ပြန်လှည့်မကြည့်ချင်ဘူးကွယ် …။
လေထဲမှမရောက်ခင်
ဇတ်ခနဲ့ ဖြစ်သွားလို့ပြန်ကြည့်
ကြည့်စမ်း … ကြည့်စမ်း
ကြိုးတစ်ချောင်းက
လောဘတွေအပြည့်လှောင်လို့
ငါ့ကို တုပ်နှောင်ထားပါလား ???
စဉ်းစားစမ်း ……
အတင်းရုံးထွက်လို့
ကျောပေါ်က မိသားစု
အခြေမလှဖြစ်မလား ?
ပြုတ်ကျလေမလား?
မာန်ဟုန်ကိုအသာချ
ခ၀ါပြလို့ နောက်ပြန်လှည့်
မူလဘူတ သစ်ကိုင်းဆီသို့လား ???
ချစ်ခြင်းဆိုတဲ့အရာဟာ …..
တီတီတာတာ နှုတ်ချိုတေး
ပလီပကာ ချစ်စဖွယ်မျက်နှာပေးနဲ့
နှစ်သက်ဖွယ်တေးဆိုတဲ့
ကလေးတစ်ယောက်လိုလား ….?
မျက်လုံးကိုထောင့်ကပ်
နှုတ်ခမ်းကို တစ်တောင်လောက်ချွန်
တစ်ကမ္ဘာလုံးက သူ့လုပ်စာစားသလို
ကျယ်လောင်စွာ မြည်တွန်တောက်တီး
အခြောက်ကြီးနဲ့တူတဲ့ လောပန်မ လိုလား ….?
ဒါမှမဟုတ် ???
အသစ် ... အသစ်
ဖြစ်ညှစ်မှုတွေနဲ့
ဦးဏှောက်ကို အလုပ်ပေး
စေ့စေ့တွေးပေမယ့်
ရေးရေးမှမထွက် ..... :(
ဖြတ်ကနဲ့ ပြန်ဆန်းစစ်
သြော် ....
ဝတ်ရုံဟောင်းရဲ့အောက်မှာ
ဦးဏှောက်က ချောက်နေတော့
ဘာမှ မထွက်ဘူးဗျာ....... :)
ကိုရုပ်ဆိုး
၀၇၊ မတ်လ၊ ၂၀၀၉ (၁၆း၁၅)မိနစ်
အသစ်အသစ်လို့ အော်နေတဲ့ သူငယ်ချင်းများစွာအတွက်.........။
(၁)
ကို
ရုပ်
ဆိုး ...
(၂)
ဘဝ
အစ
မလှ ...
(၃)
အောင်မြင်ခြင်း
ရှုံးနိမ့်ခြင်း
လူးလိမ့်ရင်း ...
(၄)
လဲကျရင် ထ
ရှုံးနိမ့်ရင် မ
အရှေ့ဆီသို့ ...
(၅)
မိန်းမောနေခြင်းများ
ငေးမောနေခြင်းများ
ဟိုး ... အဝေးဆီသို့ ...
(၆)
လုပ်သက်ကနှစ်ကြီးလာ
ဝင်ငွေကမလောက်တာ
စဉ်းစားဖို့ကများလာ ...
(၇)
မလောက်ငှတာလူတိုင်း
ငွေလိုတာ အရူးတပိုင်း
ငါ့ဘ၀က မီးတွေဝိုင်း ...
(၈)
မျှော်လင့်ခြင်းတွေက အထပ်ထပ်
ဖြစ်နေတာက အပျက်...အပျက်
စိတ်ညစ်တာက နေညမပြတ်
(၉)
ကိုရုပ်ဆိုးက အသုံးမကျဖြစ်
ဘလော့ဂ်ဂါမောင်နှမတွေစိတ်ညစ်
မျှော်လင့်နေတာ နေညဆက်လို့ဖြစ်
(၁၀)
..........
..........
??????????
ကိုရုပ်ဆိုး
၃၁-ဇန္န၀ါရီ-၀၉ (၂၀း၄၇)မိနစ်
“ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်”တဲ့
ငယ်ငယ်တုန်းက ကစားခြင်း
စိုးရိမ်ခြင်းကင်းစွာနဲ့ပေါ့ ...။
အသက်အရွယ်အရ
ဘ၀လမ်းပေါ်ကိုလျှောက်
ကလေးဘ၀က
ကစားခြင်းတွေမေ့ပျောက်လျက်ပေါ့ ...။
ဒါပေမယ့် ...
လောကလမ်းပေါ်မှာ
ဗိုလ် လုပ်ချင်တဲ့ လူတွေကော
ကျား ဖြစ်နေတဲ့ လူတွေကော
သေနတ်အားကိုးတဲ့ လူတွေကော
အမြဲတမ်းကြုံတွေ့
ဘ၀လမ်းမှာ ဆုံနေတော့လည်း
ဘ၀ဆိုတာ
ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲလား ....?
(၁)
စိတ်ညစ်တယ်ဗျာ..
မအိပ်ဖြစ်ခြင်းတွေနဲ့ နိုးထ
နိုးနိုးကြားကြားတော့
မရှိလှဘူးပေါ့ …။
စိတ်ညစ်လို့ လမ်းပေါ်ထွက်
ပရမ်းပတာမဲ့ကားတွေပေါ်က
လှောင်ရယ်သံတစ်ချို့လွင့်ပျံ
စိတ်ညစ်ပါတယ်ဆိုမှ
“သေချင်လို့လားတဲ့
ကားပွတ်တာ၊
လူပွတ်တာလောက် မကောင်းဘူးတဲ့”
အဲ့ဒါတော့ ကိုရုပ်ဆိုးမသိ
လပ္ပတ္တာမုန့်ဟင်းခါးတော့
မကြိုက်တာအမှန်ဗျ …. :)
(၂)
စိတ်ညစ်တယ်ဗျာ
လမ်းပေါ်ကဖယ်ခွာ
ခွေးခြေပု ခုံလေးကို ပလ္လင်လုပ်
ဇရက်မင်းစည်းစိမ် ခံမလို့လုပ်
ကျစိမ့်လေးတစ်ခွက်ရယ်
စီးကလက်တစ်လိပ်ရယ်နဲ့ပေါ့
လက်ခုပ်ကလေးအသာတီး
အညာသား ငတိကိုလှမ်းခေါ်
သောက်ချင်တာ ပြောမယ်ပေါ့
ကိုရွှေစားပွဲထိုးရဲ့ စကား
ဒေါသများ အချောင်းလိုက်ထွက်တယ်
“ငါ့ဆရာက ပုံမှန်လားတဲ့”
မဟုတ်ဘူးဟေ့ … မဟုတ်ဘူး
ငါ ရှုးနေတယ်ကွလို့ ….။
(၃)
ရောက်လာတဲ့ လဘ္ကက်ရည်ခွက်
မျိုမချခင် အရှင်ကြီးတွေကို ပ,သ
ခေါင်းပေါ်ကို မလိုက်တဲ့အချိန်
ဗြုံး …….. ဆို
အလိုက်ကန်းဆိုးမသိတဲ့
ကိုရွှေကျီးငှက်
မစင်ခွက်အမှတ်နဲ့ သွန်ချ
“တောက်………”
ရှုံ့မဲ့မဲ့မျက်နှာနဲ့ ကိုရုပ်ဆိုး
ဘီလူး သံပရာသီးကိုက်ထားသလိုပေါ့
သကောင့်သား ကျီးကန်း
ထမပျံခင် လေကန်လိုက်သေးတယ်
“လွတ်လပ်စွာ ပါချခွင့်ရှိတယ်”တဲ့
“@#!^%$” ကျီးကန်း
သူနားမလည်တဲ့ စကားနဲ့ ပြန်နှက်
ကိုရုပ်ဆိုးရဲ့ အဖြစ်အပျက်ပေါ့ ….။
(၄)
စိတ်ညစ်တယ်ဗျာ
ကဖေးဆိုင်လေးကအထ
ကိုယ့်ရှေ့ရောက်လာတဲ့
လိုင်းကားပေါ်ပြေးတက်
တိုးဝှေ့လို့ အထဲရောက်ခိုက်
“လသာ ၂-ယောက်တဲ့”
လှတပတ လက်ကလေးက
ခပ်နွမ်းနွမ်း ၂၀၀-တန်ကလေးနဲ့
“ဒီမှာ… အမိ
ကျုပ်ဘာကောင်လဲသိလား”လို့
မှုန်ကုပ်ကုပ်မျက်နှာနဲ့
ခပ်ဆပ်ဆပ်မေးခွန်းကထွက်
“သြော် ….. ကျမက စပယ်ယာ မှတ်လို့”တဲ့
တောင်းပန်သလိုလေသံနဲ့
ဘေးကအဖော်ကို လက်တို့
ခပ်အုပ်အုပ်ရယ်သံအဆုံးမှာ
“စပယ်ယာထက် ပုံ ပိုတုံးတယ်နော်တဲ့”
စိတ်ညစ်တယ်ဗျာ…………..။
(၅)
စိတ်ညစ်တယ်ဗျာ
ကားပေါ်ကအသာဆင်း
ရီဝေေ၀ ညနေခင်းအချိန်လေ
ပါးစပ်က မိုးချုပ်သာအရင်သိတဲ့အချိန်ပေါ့
ခပ်သွက်သွက်ခြေလှမ်းနဲ့
၁၉-လမ်းဖက်ကို အသာထွက်
အရက်ခပ်ပြင်းပြင်းနဲ့
စိတ်ညစ်မှုတွေကို ဖြေလျှော့
လေပြေအနှော့မှာပေါ့
“အကို ဘီယာသောက်ဦးမလားတဲ့”
အရောင်းသမလေးရဲ့
ခပ်ပျော့ပျော့လေသံနဲ့
နွမ်းလျလျ အပြုံးတုလေးနဲ့ပေါ့
တော်ပြီကွာ …
အကိုက အပြင်းသမား
“အပျော့ကြိုက်ရင် ရေသောက်ပါ”ဆိုတဲ့
ဟို … ကော်ဖီကြော်ငြာလိုပေါ့
သူမက မခို့တရို့အပြုံးနဲ့
ခပ်ကွန့်ကွန့်ပြောလိုက်တာက
“အရက်ပြင်းက အသည်းခြောက်တယ်တဲ့”
စိတ်ညစ်တယ်ဗျာ……….။
(၆)
စိတ်ညစ်တယ်ဗျာ
ဒယီးဒယိုင် ခန္ဓာကိုယ်ကို အသာမ
ကွေ့ကောက်နေတဲ့ လမ်းပေါ်မှာ
ဖက်ရှင်မယ်လို့ ပွတ်ကာလှမ်းလို့
အိပ်ဆောင်ကိုပြန်ကြွ
အဆင်မပြေခဲ့သမျှ ရင်ဖွင့်ဖို့
ဘလော့ဂ်ဂင်းအရပ်ဆီသို့ပေါ့
လက်နှိပ်စက်နဲ့ တီဗီလေးကိုအသာဖွင့်
ဘာညာဘာညာ ဂင်းမယ်လုပ်တုန်း
……………………………….
………………………………
တောက် …………………..
……………………………….
…… မီးပျက်သွားပြီ ………
စိတ်ညစ်တယ်ဗျာ………….။
ကိုရုပ်ဆိုး
၁၂-ဒီဇင်ဘာ-၀၈ (၁၃း၄၄)မိနစ်
ညအလင်းနဲ့
ကျင်လည်နေသူအတွက်
မနက်ခင်းရဲ့အလင်းနဲ့
အကျွမ်းတ၀င်မရှိခဲ့တာ
အဆန်းတကျယ်တော့
မဟုတ်လှဘူးပေါ့ …
နေရောင်ရဲ့ လှုပ်နှိုးမှုနဲ့
နေရက်သေအချို့ကို
(၀တ္တရားအရ) မျက်နှာသစ်ခဲ့ရပေါင်း
များမြောင်လှပြီလေ ….
ဖန်တရာတေနေတဲ့
ဒီလမ်းကြီးပေါ်
အသက်မဲ့တဲ့ ခြေလှမ်းတွေနဲ့
လျှောက်လှမ်းခဲ့တာလည်း
ဆယ်စုနှစ်မကတော့ဘူး …
အသစ်လို့အမည်တပ်မရတော့တဲ့
ဒီဘ၀လမ်းအိုပေါ်
တပ်မက်ခြင်းများစွာနဲ့
ခုံမင်တတ်တာကိုက
ငါ့ …. အားနည်းချက်လား …
ပြောင်းလဲသင့်ပြီလေ
အချစ်မဲ့တဲ့ အဆိပ်သင့်ငွေတချို့ရဲ့
ဖျားယောင်းမှုအောက်မှာ
ကိုရုပ်ဆိုးလည်းလေ
ဒီလောကီသားပေမို့
…………………………..။
ရွာသားလေးရဲ့ “ဖျားနာခြင်း ချစ်ရည်ရှည်”ဆိုတဲ့ ပို့စ်လေးဖတ်ပြီး ခံစားမိတာလေးပါ။
သတ္တိနည်းခဲ့တယ်လို့
မထင်လိုက်စေချင်ဘူးကွယ် ….
အချစ်ကြီးခဲ့လို့
နှလုံးသားကိုကွယ်ဝှက်
မျက်ရည်စက်လက်နဲ့
လမ်းခွဲ နှုတ်ဆက်ခဲ့တာ
မင်းသိအောင်
ထုတ်မပြချင်ခဲ့ဘူးကွယ် ….
မတူညီတဲ့ဘ၀တွေ
ပုံစံကွဲ ယဉ်ကျေးမှုတွေ
အနားမညီတဲ့ အသိုင်းအ၀ိုင်းတွေ
ဇွတ်အတင်း တိုးဝင်
မင်းဘ၀ကို မနစ်စေချင်ခဲ့တာ
ငါ, အသိဆုံးပါကွယ် ….
ငါ့ရဲ့ မပြတ်သားမှုတွေအတွက်
အထီးကျန် အလွမ်းညတွေ
တရွေ့ရွေ့ကျော်ဖြတ်
ဟော့ဒီ အခန်းငယ်လေးထဲ
ငါတစ်ယောက်တည်း
နင်မသိအောင် ကျော်ဖြတ်ခဲ့ရတာကိုက
ငါ့ဘ၀ရဲ့ မျှော်လင့်ခြင်းမဲ့တဲ့
စက်ရုပ်နှလုံးသားတစ်ခုနဲ့
လူသားတစ်ဦးလိုပေါ့ ……….။
လေးဖြူရဲ့ B.O.B အခွေလေးနားဆင်ရင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်များပါ ....... ကိုရုပ်ဆိုး
စကားလေးတစ်ခွန်း
အမှားအယွင်းမရှိဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….
အဖြစ်အပျက်လေးတစ်ခု
မထူးဆန်းဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….
ပေါ့ပျက်ပျက်
တည်ဆောက်ခဲ့တာမဟုတ်တဲ့
ငါ့ရဲ့ ဧဒင်ဥယျာဉ်
မင်းရဲ့ တောင်ပံ တစ်ခတ်မှာ
တစစီ ပြိုပျက်
လေအစုန်မှာပြိုလွင့်ခဲ့တာကကော ………..
မလုပ်ပါနဲ့ကွယ်
မလုံတော့တဲ့ ငါ့ရဲ့နောက်ကျောက
ငါ့ကို ကျီစယ်တုန်း
အိပ်လို့ကောင်းနေတုန်း
အတင်းလှုပ်နှိုးသလို
ဇတ်ကနဲ … ပျက်ပြယ်သွားတဲ့
အိပ်မက်တွေ
ဘယ်လို အခန်းဆက်ရမှာလဲ ………
မလုပ်နဲ့ကွယ်
ဒီဥယျာဉ်အတွက်
ငါ့ရဲ့သွေးတွေ
ငါ့ရဲ့နှလုံးသွေးတွေ
တစက်ချင်း ပေးဆပ်ခဲ့တာ ………
မပြောနဲ့တော့ကွယ်
မင်းပြောရဲပေမယ့်
နားမဆင်ရဲတာက .. ငါ့အမှားလို့
ထင်လိုက်တော့ကွယ်
တစ္စေသရဲများတွေ့သလို
ဖြူဖပ်ဖြူရော်ဖြစ်သွားတဲ့ … ငါ့မျက်နှာ
မင်းကို မပြရဲလို့ပါကွယ်……………။
မူးမူးမိုက်မိုက်
မောင်ရုပ်ဆိုးတစ်ယောက်
”မ”ကဗျာကို ... ပိစိရဲ့ “လ”ကဗျာကို အားကျလို့ ရေးလိုက်တာပါ။
မောင် …. ရေ
မေ့ကိုချစ်တယ်လို့
မေမြို့မှာ …
မိုးသည်းတုန်းက …။
မောင် … ရေ
မေ့ကိုလေ …
မုန်းမေ့ဖို့မကြိုးစားဖူးလို့
မိုးပေါ်က လကို တိုင်တည်လို့ …။
မောင် … ရေ
မှားမှားမှန်မှန်
မာန်တင်းလို့
မေ့ကိုသာ လက်ထပ်မယ်လို့
မူးမူးမိုက်မိုက်
မောင် … ကတိပေးခဲ့တာကော …။
မောင် … ရေ
မုန်းမေ့ပြီလားကွယ်
မေ့ … ကို လက်ထပ်ဖို့
မလေးရှားမှာ
မောင် .. ကြိုးစားမယ်ဆိုပြီး
မေလက
မောင်ထွက်သွားခဲ့တာလေ …
မောင် … ရေ
မန္တလာက
မန်းပျိုဖြူနဲ့
မောင်လေ ….
မိုးမမြင် လေမမြင်တဲ့
မောင့်သူငယ်ချင်းတွေရဲ့စကား
မေ …..
မယုံရဲဘူးကွယ်…
မေ..လေ
မောင့်မျက်နှာ
မောင့်အသံ
မောင့်အချစ်တွေကို
မေ့နိုင်ဖို့ ကြိုးစားရင်း …
မေ လေ …. အခုတော့ …
မောင်ကို မေ့နိုင်ဖို့ကြိုးစားရင်း
မှောင်မှောင် မိုက်မိုက်ထဲမှာ
မေ့မျက်ရည်တွေကို ကွယ်ဝှက်လို့
မေ … နေတတ်အောင်
မေ … အသားကျအောင်
မေ … မုန်းမေ့နိုင်အောင်
မေ လေ ….. မာန်တင်းလို့
မဟာစည်မှာ … သီလရှင် ၀တ်ခဲ့ပြီကွယ် …….. :)
ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၈း၃၅)မိနစ်
ဒီနေ့ ကျနော့ဇနီးရဲ့ မွေးနေ့မှာ မနက်စောစော မိသားစုလိုက် ရွှေတိဂုံဘုရားသွားပြီးအပြန် ဒီကဗျာလေးအား မှတ်မှတ်ရရ ရေးဖွဲ့လိုက်ပါတယ်။ ယနေ့မှစ၍ နောင် နှစ်ပေါင်းများစွာ သားနှင့် သမီး၊ လူမိုက်ကြီး ခင်ပွန်းရဲ့နံဘေးမှာ အသက်ထက်ဆုံး နားလည်မှုပေါင်းများစွာနဲ့ နေသွားနိုင်ပါစေလို့ ဆုတောင်းရင်း …..
ကမ်းလင့်ခဲ့တဲ့ လက်တစ်စုံကို
ယုံကြည်စွာ တွဲယှက်
နွဲဆက်ခဲ့တဲ့ … မလေးရေ ..။
ယုံကြည်မှုအပေါင်းနဲ့
(ယိုင်နဲ့နဲ့) တံတားအိုပေါ်ကဖြတ်လျှောက်
တစ်ချက်မှ နောက်မတွန့်ခဲ့တဲ့ … မလေးရေ …။
ငါ, ယုံကြည်မှုတွေပျောက်
လမ်းမှန်ကို မလျှောက်နိုင်စဉ်မှာ
ကြင်နာမှုတွေနဲ့ ချွေးသိပ်ခဲ့တဲ့ … မလေးရေ …။
ဘ၀ရဲ့အမောတွေနဲ့
သောကတွေ ပေါလောဖြစ်နေချိန်မှာ
အပြုံးမပျက် ဖေးကူတဲ့လက်နဲ့ လှမ်းခဲ့တဲ့ … မလေးရေ …။
သမီးရယ်၊ သားရယ်
တို့မိသားစု ကမ္ဘာလေးဝယ်
အေးအတူ၊ ပူအမျှ အတူတကွ
ရွှေလက်တွဲခိုင် သက်ဆုံးထိတိုင်
ကြင်နာဖေးမ တေးသွားအလှတွေနဲ့
လမ်းတိုင်းကို ပန်းခင်းလို့
လှမ်းနင်းကြဖို့အတွက်
ကတိစကား အခါမထပ်ပေမယ့်
ဘ၀တစ်ခုလုံး ပုံကာအပ်စေလို့
မင်းတို့အတွက်သာ ငါ, ဖြစ်စေရမယ် …။
ကိုရုပ်ဆိုး
၁၀-နိုဝင်ဘာလ-၀၈ (၁၁း၃၄)မိနစ်
“ဒဿ”
ဖျက်မရတဲ့ အမည်းစက်တွေနဲ့
ရာဇ၀င်ထဲက လူတစ်ယောက်
ကြောက်စရာအသွင်အပြင်နဲ့
ကြမ်းကြုတ်ရက်စက်ခဲ့ပင်မယ့်
ရာမ လက်တော်က “လေး”လောက်
ငါ့နှလုံးသားက “သွေး”မသောက်ခဲ့ပါကွယ်။
ဒီလိုပဲ ….
မယ်သီတာကို ဆောင်ကြဉ်း
နှောင်ကြိုးနှင်းခဲ့ပေမယ့်
မမှားယွင်းခဲ့တာ မယ်သီတာအသိ
ဒါနဲ့များကွယ်
ငါ့ .. အချစ်ကို ပယ်ချ
ဗီလိန်က, ကပြခဲ့ရတာက
ငါ့ရဲ့ ၀ဋ်ကြွေးလားကွယ် …။
ဟဲ့ … ငါတို့က
အခြော်တကောက်ပေမယ့်
အဖော်မကြောက်တဲ့ လူတွေပါကွယ် …။
ခြောက်တာကလူ
စိုနေတာက နှလုံးသား
ငါ့မှာလည်း ချစ်စိတ်နဲ့
မေတ္တာအရိပ်တွေ
ပေးတတ်ပါတယ်ကွယ် …။
RSS Feed (xml)