Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 12, 2008

အမေ (သို့) ကိုရုပ်ဆိုးရဲ့ ချစ်လှစွာသော အမေသို့

လမ်းဘေးတစ်နေရာမှ လူမဆန်တဲ့ သူဖုန်းစားတွေလက်ထဲက ကလေးငိုသံအကြားမှာ ဘယ်လိုမှ ဖြေဆည်မရနိုင်တဲ့ ......... ကျနော့ရဲ့ မျက်ရည်စက်လေးများကို ကဗျာအဖြစ်ပေါ့ ............


အူဝဲ … အူဝဲ
လမ်းဘေးတစ်နေရာက
ငိုကြွေးသံပေါ်ထွက်
တစ်ချက်ငဲ့ကြည့်လိုက်တဲ့အခါ

အလို ….
နူးညံ့လှတဲ့ကလေးငယ်
(၅)လသားအရွယ်လေးပေါ့
ရက်စက်လိုက်ကြတာကွယ်
ဘယ်လိုဘ၀မျိုးမှာ
လူဖြစ်လာရတာလည်း ကလေးရယ် …။

မင်းရဲ့ငိုသံကို ခုတုန်းလုပ်
သူတို့ရက်စက်လိုက်ကြတာကွယ်
မင်းရဲ့ ငိုသံတစ်ချက်မှာ
ကြင်နာသနားသူတွေဆီက
မြိုးမြိုးမျက်မျက်ကလေး
သူတို့ ရလိုက်ကြလေတယ်

ကျေးဇူးတင်တယ်အမေ …….
အမေ့ရဲ့ ရင်ခွင်
နူးညံ့တဲ့ ရင်ခွင်ထက်ဆီမှာပေါ့
သားကို…………
လူဖြစ်ခွင့်ပေးတဲ့အတွက်
အတိုင်းမသိ
ကျေးဇူးတင်လျက်ပါအမေ ………။
ကိုရုပ်ဆိုး
၁၂-ဒီဇင်ဘာ-၀၈ (၁၈း၁၇)မိနစ်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. အမေ့ကိုတောင်ပြန်သတိရပြန်ပြီဗျာ :(

    ReplyDelete
  2. အကိုရေ အမေ့ကို သတိရ လွမ်းဆွတ်မိပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ

    ReplyDelete
  3. ဟုတ်ပါ့ဗျာ။ သူတို့က တကယ်တော့ ငပျင်းသက်သက်တွေပါ။ ဘာမှမသိတဲ့ ကလေးငယ်တွေ အတွက်ရင်နာစရာပါ။

    ReplyDelete
  4. ဟုတ်တယ် ကိုကြီး လူချော ရေ အဲဒီလို တွေမြင်တိုင်း ကျနော် လဲ တစ်မျိုးကြီးခံစားမိတယ်ဗျာ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ
    အဲဒီလိုအဖြစ်အပျက်တွေ ကျနော် တို့ပတ်ဝန်းကျင်မှာ အရမ်းများနေတယ်ဗျာ

    ဘယ်လိုဖြေရှင်း ကြမလဲဗျာ ဒီပြဿနာကို......
    ဒီအတိုင်း ၀မ်းနည်းနေရုံ နဲ့တော့ မပြီးလောက်ဘူးထင်တယ်ဗျာ

    ကိုကြီးလူချောရဲ့ ညီလေး
    မောင်ရှင်းသန့်

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။