Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, December 11, 2008

“ရုပ်ဆိုး”လည်းလေ … လောကီသားပေမို့

ညအလင်းနဲ့
ကျင်လည်နေသူအတွက်
မနက်ခင်းရဲ့အလင်းနဲ့
အကျွမ်းတ၀င်မရှိခဲ့တာ
အဆန်းတကျယ်တော့
မဟုတ်လှဘူးပေါ့ …

နေရောင်ရဲ့ လှုပ်နှိုးမှုနဲ့
နေရက်သေအချို့ကို
(၀တ္တရားအရ) မျက်နှာသစ်ခဲ့ရပေါင်း
များမြောင်လှပြီလေ ….

ဖန်တရာတေနေတဲ့
ဒီလမ်းကြီးပေါ်
အသက်မဲ့တဲ့ ခြေလှမ်းတွေနဲ့
လျှောက်လှမ်းခဲ့တာလည်း
ဆယ်စုနှစ်မကတော့ဘူး …

အသစ်လို့အမည်တပ်မရတော့တဲ့
ဒီဘ၀လမ်းအိုပေါ်
တပ်မက်ခြင်းများစွာနဲ့
ခုံမင်တတ်တာကိုက
ငါ့ …. အားနည်းချက်လား …

ပြောင်းလဲသင့်ပြီလေ
အချစ်မဲ့တဲ့ အဆိပ်သင့်ငွေတချို့ရဲ့
ဖျားယောင်းမှုအောက်မှာ
ကိုရုပ်ဆိုးလည်းလေ
ဒီလောကီသားပေမို့
…………………………..။

ကိုရုပ်ဆိုး
၁၁-ဒီဇင်ဘာ-၀၈ (၁၆း၀၂)မိနစ်

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. အဆိပ်သင့် ငွေ ဆိုပေမယ့်
    မျက်ရည်စက် တွေ နဲ့ ကင်းရင် စိတ်လုံပါတယ်ကိုကြီးလူချော ရ

    (တစ်နေ့ထဲ ၃ ပုဒ်တင်ထားတာ မျက်စိတောင်လည်သွားတယ်ဗျ :P)

    ReplyDelete
  2. ဒီလိုသိတာကိုက တော်နေတာ....:P:P

    ReplyDelete
  3. ခံစားချက်တွေ လန်းလာပါလား လောကီသားပေမို့ပဲနော့် အစ်ကိုကြီးရေ့

    အချစ်မဲ့တဲ့ အဆိပ်သင့်ငွေတချို့ရဲ့
    ဖျားယောင်းမှုအောက်မှာ

    အင်းး....ဒါကတော့ လူတိုင်းဖြစ်တက်ပါတယ်ဗျာ ကျနော်လည်း ထို့နည်းလည်းကောင်း နီးစပ်စွာနဲ့ပေါ့း)

    ReplyDelete
  4. ကိုကြီးမှ မဟုတ်ပါဘူးလေ။ လောကီသား အတော်များများပါပဲ။ ကျနော်တို့  လည်း ထိုနည်း၎င်း။ မောင်ရှင်းသန့် ပြောသလို မျက်ရည်စက် တွေ နဲ့ ကင်းရင် စိတ်လုံပါတယ်လေ။

    ReplyDelete
  5. ငွေနောက်ကို မလိုက်မိစေပဲ ငွေကို ကိုယ့်နောက်ကိုပါနိုင်ဖို့ အရေးကြီးပါတယ်ဗျာ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။