Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Tuesday, April 21, 2009

ယခင်က ငါ ဟုတ်ပါသလား …။

အနိစ္စ
(၁)

နုရွယ်ပျိုမြစ်
လှပကျော့ရှင်း
သဏ္ဍာန်အဆင်းကို
ညွှန်းဖော်ပြဆို သဒ္ဓါပိုသည့်
အို … အသင်ကြေးမုံ

ပါးရည်တွန့်လိမ်
မျက်တွင်းတိမ်သည့်
ဆံဖြူ အိုမင်း ရွယ်လွန်ခြင်းဖြစ်
သင့် မျက်နှာထက်
ပေါ်လွင်လျှက်ရှိ
အိုမင်းခန္ဓာ ရုပ်ပုံလွှာသည်
ယခင်က ငါ ဟုတ်ပါသလား …။

ဒုက္ခ
(၂)

အို … အသင်ကြေးမုံ
သင် ပြနေကြ
ခန္ဓာဝဖီး ပြည့်ဖြိုးတင်းသည့်
စိုပြေခန္ဓာ ကိုယ်ကာယာသည်

ယခု မြင်သော
အတ္တဘော ပိန်လှီ
ရောဂါ ဖိစီး ဒုက္ခကြီးသည့်
ယနေ့ကိုယ်သည်
ယခင်က ငါ ဟုတ်ပါသလား …။

အနတ္တ
(၃)

အို … မှန်ရာ ညွှန်းတုံ အိုကြေးမုံ
အိစက်ညက်ညော ဖဲကော်ဇောဝယ်
လျောက်းစက်မွေ့ပျော် ကာမဂုဏ်ကြောဝယ်
မျှောချင်တိုင်း မျှော
ဤအတ္တဘောသည်

ယခုအခါ
ငိုခြင်းပြည့်သည့်
ခန်းမတွင်းရှိ ကုတင်ထက်ဝယ်
အသက်မရှိ ဇီဝိန်နတ္ထိ
ရုပ်ရည်ယိုယွင်း လက်တွင်းဗလာ
ဤခန္ဓာသည်
ယခင်က ငါ ဟုတ်ပါသလား …။

ရှင်ဓမ္မပါလ (၀ါ) ကိုရုပ်ဆိုး
၁၂း၄၅ မိနစ်
တန်ခူးလဆုတ် (၁၀)ရက်၊ ၁၃၇၁-ခု
မစိုးရိမ်ကျောင်း၊ ဘင်္ဂလားတိုက်
ရေတာရှည်လမ်းဟောင်း၊ ဗဟန်းဈေးအနီး၊
ရန်ကုန်မြို့။

ဆက်ဖတ်မယ်ဆိုရင်...

Friday, December 19, 2008

IF ...... အကယ်၍သာ

လောကမှာ
ကျနော်အကြောက်ဆုံးက
”အကယ်၍သာ”...တဲ့

အကယ်၍သာ ကျနော်ဟာ ...?
အကယ်၍သာ သူဟာ ...?

ကိုရုပ်ဆိုး
၁၉-ဒီဇင်ဘာ-၀၈ (၁၂း၁၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 24, 2008

“ သူမတူခြင်း ”

လူတို့သည်
ကမ္ဘာပေါ်တွင်
အရာဝတ္ထုတစ်ခုအား စွဲလန်းသည်ဆိုရာ၌
ယင်းအရာသည် ...
ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူမတူခြင်းတို့ကြောင့်မဟုတ် ...

မိမိ ချစ်ခင် စွဲလန်းခြင်းကြောင့်သာလျှင်
ယင်းအရာသည်
သူ မတူခြင်း ဖြစ်ပေ၏ ...။

Saint Ex-Supèrey

ဆက်ဖတ်မယ်ဆိုရင်...

Friday, July 11, 2008

ဘလော့ဂ်သူငယ်ချင်းများကပေးသော မှတ်သားစရာများ

Dream ရဲ့ စကားစုလေးပါ။

“၀တ္ထုတစ်ပုဒ်၏ရှေ့ဖြစ်မည့်ဇာတ်လမ်းကို စာမျက်နှာကျော်ဖတ်လို့ရနိုင်သော်လည်း၊ ဘ၀၏စာမျက်နှာကို ကျော်ဖတ်လို့ ရနိုင်မည်မဟုတ်ပေ။”

နောက်ပြီး ညွှန်းထားသေးတယ် …

ဆရာကြီးပီမိုးနင်း၏

"အတိတ်တွင်အလုပ်လုပ်လို့မရ၊ အနာဂတ်တွင်လည်း အလုပ်လုပ်လို့မရ၊ ပစ္စပ္ပုန်မှာသာ အလုပ်လုပ်လို့ ရလေသည်" တဲ့။

ဟုတ်တယ်ဗျာ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မသိကြသေးတာ။

အဲဒီတော့ Happycloud1000 ရေးထားသလို ….

Learned from yesterday, Live for today and Dream for tomorrow...

ဆက်ဖတ်မယ်ဆိုရင်...

Thursday, June 26, 2008

အမြင် ...

အတွေးဆိုတာ တိုက်ဆိုင်မှုရှိလို့ လက်ခံရတာလည်းရှိတယ်။ မတိုက်ဆိုင်လို့ အငြင်းပွားစရာ ဖြစ်လာစရာလည်း ရှိတယ်။ ကျနော်အခုတင်တဲ့ ပို့စ်လေးက ကျနော့ရဲ့ စိတ်ခံစားချက် တခုသာဖြစ်တဲ့အတွက်၊ မတိုက်ဆိုင်ခဲ့ရင်တောင်မှ ကျနော့ရဲ့မကြွယ်ဝသေးတဲ့ အတွေးအခေါ်ကြောင့်သာ ဖြစ်လိမ့်မယ်လို့ ဦးစွာ အထွန့်တက်ရင်း …

@@@@@@@


ရှေးကတည်းက စာဆိုလေးရှိဖူးပါတယ်။ “အရာရာကို အမြင်နဲ့ မဆုံးဖြတ်နဲ့တဲ့”။ သိပ်ကောင်းတဲ့ စကားစုလေးပါ။ လူတိုင်း လူတိုင်းမှာ လူတိုင်း လူတိုင်းအပေါ် အမြင်အမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် အမြင်ကို ”ပကာသနတွေ၊ ပညာဂုဏ်တွေ၊ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ”နဲ့ ပေါင်းစပ်ပြီးကြည့်တဲ့အခါမှာ …

ဘ၀မှာ မလိုလားအပ်တာတွေ၊ မဖြစ်သင့်တာတွေ … စတာတွေပေါ်လာတယ်။ အမြင်ရဲ့အောက်မှာ လည်စင်းခံသွားရတဲ့ လူတွေလည်း အများကြီးရှိတယ်။ မကောင်းတာလုပ်စားတဲ့အမျိုးသမီး (သို့) အမျိုးသား တယောက်ရဲ့ သားသမီးပေါ်မြင်တဲ့အမြင်ဆိုရင်၊ အမြင်မကောင်းဘူးပေါ့လေ။ အဲ့ဒီ သား၊ သမီးတွေကိုကြည့်တဲ့အခါ ဘာကြောင့် သူ့မိဘတွေကို အမြင်ထဲမှာ ပေါင်းထည့်ကြတာလဲ ??? ဒီလိုပဲ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ သား၊ သမီးတွေကိုကြတော့ အကောင်းမြင်တဲ့ အမြင်နဲ့ ကြည့်ကြတယ်။

ကိုယ် ကိုယ်တိုင် ပိုင်ဆိုင်တဲ့အမြင်ကို ဘာကြောင့် ”ဂုဏ်ဒြပ်တွေ၊ ပကာသနတွေ၊ ချစ်ခြင်း … မုန်းခြင်းတွေ ပေါင်းထည့်ကြတာလဲ ??? ရိုးရိုးရှင်းရှင်းလေး ဘာ့ကြောင့် မမြင်နိုင်ကြတာလဲ။ လူတယောက်ကို မြင်တဲ့အခါ သူ့အပေါ်မှာ လွှမ်းခြုံထားတဲ့ (ပိုက်ဆံပေးပြီးဝယ်လို့ရတဲ့) အရာဝတ္ထုတွေကို ခဏလောက်ဖယ်ပြီးမှ သူ့ရဲ့ စိတ်သဏ္ဍာန်ကို ဖတ်ကြည့်၊ မြင်ကြည့်ရင် ပိုမကောင်းဘူးလား။ ဒါဟာ ခက်ခဲတယ်ဆိုပေမယ့် အချိန်က သင်ပေးပါလိမ့်မယ်။

သိပ္ပံပညာအရမ်းတိုးတက်တဲ့ ဒီခေတ်ကြီးမှာ ဘယ်ပညာရှင်ကမှ အဲဒီလိုအမြင်ပိုင်ဆိုင်ဖို့ ဆေးကောင်းတလက်၊ ကိရိယာတစုံ ထွင်လို့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီအမြင်တွေရဲ့ အခြေခံက “စိတ်” ဖြစ်နေလို့ပဲ။

ဒီအတွေးတွေ ကျနော့မှာ ပေါ်လာခဲ့တာကြာပေမယ့် အဲဒီအမြင်ကို ပိုင်ဆိုင်ဖို့အတွက်၊ မြင်တတ်ဖို့အတွက် ကျနော်ကိုယ်တိုင် မရရှိသေးတာ ၀န်ခံပါရစေ။

လူတိုင်း လူတိုင်း က လူတိုင်း လူတိုင်းအပေါ် အမြင်ရှင်းကြပါစေ ….။
ရုပ်ဆိုး (၂၆-ဇွန်-၀၈) နေ့လည် ၁၂း၄၅မိနစ်

ဆက်ဖတ်မယ်ဆိုရင်...