Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, April 21, 2009

ယခင်က ငါ ဟုတ်ပါသလား …။

အနိစ္စ
(၁)

နုရွယ်ပျိုမြစ်
လှပကျော့ရှင်း
သဏ္ဍာန်အဆင်းကို
ညွှန်းဖော်ပြဆို သဒ္ဓါပိုသည့်
အို … အသင်ကြေးမုံ

ပါးရည်တွန့်လိမ်
မျက်တွင်းတိမ်သည့်
ဆံဖြူ အိုမင်း ရွယ်လွန်ခြင်းဖြစ်
သင့် မျက်နှာထက်
ပေါ်လွင်လျှက်ရှိ
အိုမင်းခန္ဓာ ရုပ်ပုံလွှာသည်
ယခင်က ငါ ဟုတ်ပါသလား …။

ဒုက္ခ
(၂)

အို … အသင်ကြေးမုံ
သင် ပြနေကြ
ခန္ဓာဝဖီး ပြည့်ဖြိုးတင်းသည့်
စိုပြေခန္ဓာ ကိုယ်ကာယာသည်

ယခု မြင်သော
အတ္တဘော ပိန်လှီ
ရောဂါ ဖိစီး ဒုက္ခကြီးသည့်
ယနေ့ကိုယ်သည်
ယခင်က ငါ ဟုတ်ပါသလား …။

အနတ္တ
(၃)

အို … မှန်ရာ ညွှန်းတုံ အိုကြေးမုံ
အိစက်ညက်ညော ဖဲကော်ဇောဝယ်
လျောက်းစက်မွေ့ပျော် ကာမဂုဏ်ကြောဝယ်
မျှောချင်တိုင်း မျှော
ဤအတ္တဘောသည်

ယခုအခါ
ငိုခြင်းပြည့်သည့်
ခန်းမတွင်းရှိ ကုတင်ထက်ဝယ်
အသက်မရှိ ဇီဝိန်နတ္ထိ
ရုပ်ရည်ယိုယွင်း လက်တွင်းဗလာ
ဤခန္ဓာသည်
ယခင်က ငါ ဟုတ်ပါသလား …။

ရှင်ဓမ္မပါလ (၀ါ) ကိုရုပ်ဆိုး
၁၂း၄၅ မိနစ်
တန်ခူးလဆုတ် (၁၀)ရက်၊ ၁၃၇၁-ခု
မစိုးရိမ်ကျောင်း၊ ဘင်္ဂလားတိုက်
ရေတာရှည်လမ်းဟောင်း၊ ဗဟန်းဈေးအနီး၊
ရန်ကုန်မြို့။

ပုံနှိပ်စာလုံးရယူရန်

3 comments:

  1. ကျနော့အစ်ကိုအိမ်နားမှာ ၀တ်သွားတာပဲ။ ခွင့်ပြုချက်ရလိုက်တယ်ဆိုပါတယ်ဗျာ။ မောင်မျိုးကတုံး ကိုရုပ်ဆိုးကတုံး ကတုံးဘလော်ဂါများ သာဓုပါခင်ဗျာ

    ReplyDelete
  2. အစ်ကိုကြီးလည်း ဘုန်းကြီးသွားဝတ်တာပဲး)
    တရားနာသွားတယ်ဗျ ကျနော်လည်း ကတုံးကြီးနဲ့ :P

    ReplyDelete
  3. ကိုရုပ်ဆိုး ရေ ကျွန်တော်ကဗျာတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာလို့လားတော့မသိပါ။ ချစ်ခြင်းဘွဲ့ကဗျာတွေထက် ယဉ်ကျေးမှုနှင့် သဘာဝဖော်ကျူး တဲ့ကဗျာတွေနည်း နေသလားလို့။ ထူးအိမ်သင် ရေးတဲ့ " ဧရာဝတီ" ဟာ နောက်ပိုင်း သီချင်းဖြစ်လာတယ်။
    ဧရာဝတီ ဟာ ကျွန်တော့အတွက်တော့ ကြက်သီမွေးညင်းထလောက်အောင်ကောင်း ခံစားမှုပေးတယ်ဗျ။
    အဲလို ကဗျာမျိုးတွေ ကိုထပ် ခံစားချင်ပါဘိ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။