Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, March 21, 2009

ကိုရုပ်ဆိုးအား ခဏပြန်ကြည့်ခြင်း

မိသားစုကို ကျောပေါ်တင်လို့
ဟိုးအမြင့်တစ်နေရာ
(တကယ်တော့ မမြင်နိုင်သေးတဲ့)
ဟိုးအမြင့် တစ်နေရာဆီသို့ပေါ့ …။

ဟန်ချက်ပြင်းပြင်း
မာန်ဟုန်တင်းလို့
အတောင်ပံကို တအားခပ်
မှီခဲ့တဲ့ သစ်ကိုင်းကို ခြေစုံခပ်လို့ပေါ့
လှုပ်သွားတဲ့ သစ်ကိုင်း
ငါ …. ပြန်လှည့်မကြည့်ချင်ဘူးကွယ် …။

လေထဲမှမရောက်ခင်
ဇတ်ခနဲ့ ဖြစ်သွားလို့ပြန်ကြည့်
ကြည့်စမ်း … ကြည့်စမ်း
ကြိုးတစ်ချောင်းက
လောဘတွေအပြည့်လှောင်လို့
ငါ့ကို တုပ်နှောင်ထားပါလား ???

စဉ်းစားစမ်း ……
အတင်းရုံးထွက်လို့
ကျောပေါ်က မိသားစု
အခြေမလှဖြစ်မလား ?
ပြုတ်ကျလေမလား?
မာန်ဟုန်ကိုအသာချ
ခ၀ါပြလို့ နောက်ပြန်လှည့်
မူလဘူတ သစ်ကိုင်းဆီသို့လား ???

ကိုရုပ်ဆိုး
၂၁-မတ်လ-၀၉ (၁၃း၅၄)မိနစ်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. အခြေလှလို့
    အနေကျတဲ့
    ဘ၀မှာ
    ကျောပေါ်ကမိသားစုကို
    အသာချ
    အသာအယာဖက်လို့
    ပျော်ရွှင်သော ဘ၀သစ်ဆီသို့ ချီစေ....

    ReplyDelete
  2. မိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀လေးတခု ငြိမ်းငြိမ်းချမ်းချမ်း ပိုင်ဆိုင် နိုင်ပါစေလို့ပဲ ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  3. အစ်ကိုကြီး အဆင်ပြန်ပြေသွားပြီလား မာနတွေကို ခဏချောင်ထိုးထားလိုက်နော့် ညီလည်း ကြုံဖူးတယ်ဆိုတော့ ဒါပေမယ့် အစ်ကိုကြီးလောက်တော့ မလေးဘူးလေ ။ အဆင်ပြေပါစေနော့် ။

    ReplyDelete
  4. အစ်ကို ရုပ်ဆိုး ..မင်္ဂလာနှစ်သစ်ပါဗျာ ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။