Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ထွေကာလီကာ မှတ်စု. Show all posts
Showing posts with label ထွေကာလီကာ မှတ်စု. Show all posts

Monday, February 23, 2009

မှတ်မှတ်ရရ လုပ်သွားတဲ့ သူငယ်ချင်းများစွာအတွက် ....

၁၄ ဖေဖော်ဝါရီနေ့က အိမ်မှာ အမှတ်တရလေး လုပ်ဖြစ်တယ်။ အဓိကကတော့ သူငယ်ချင်းတွေကြောင့်ပါ ....။ မှတ်မှတ်ရရ ရှိနေတဲ့နေ့လေးကို ဒီအတိုင်း မကုန်ဆုံးစေချင်ကြလို့တဲ့လေ။

အဲဒီနေ့ မနက်ကတော့ မိသားစုနဲ့ နံနက်စာကို အပြင်မှာ ထွက်စားတယ်။ ပြီးတော့ ကလေးတွေကို Happy World ကစားကွင်း လိုက်ပို့တယ်။ ဘုရားတက်တယ်။ အိမ်ပြန်တယ်။

၁၁း၀၀ နာရီထိုးလောက်မှာပဲ သူငယ်ချင်းတွေ အိမ်ကို စုရုံးရောက်ရှိလာပြီး .... သူတို့နဲ့အတူ ချက်ပြုတ်စားသောက်စရာတွေ ပါလာတယ်။ နောက်ဖေးမီးဖိုချောင်မှာ အလုအယက် ချက်ကြပြုတ်ကြနဲ့ ... ပါလာတဲ့ ပုလင်းလေးတွေကိုလည်း ဖွင့်ပြီးမော့ကြတယ်။ တဖြည်းဖြည်းနဲ့ အရှိန်တက်လာကြပြီး ... ကျနော့ အမျိုးသမီး ချက်ကျွေးတဲ့ ဟင်းတွေကော၊ သူတို့ကိုယ်တိုင် ချက်ကြတဲ့ ဟင်းတွေကော စားလိုက်ကြတာ ... ညနေစောင်းတော့ ဟင်းလည်းကုန်၊ အရည်လည်းကုန် ဖြစ်သွားကြတယ်။

မပြန်ခင်လေးမှာ မှတ်မှတ်ရရ ဖြစ်သွားအောင်လို့ဆိုပြီး ... တက်ရောက်လာသူအပေါင်းက အိမ်ရှေ့နံရံထက်ဆီမှာ အမှတ်တရ ချန်သွားရစ်ခဲ့ကြတယ်။ ကျနော်လည်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ပြီး ကျနော့ရဲ့ ဘလော့ဂ်မောင်နှမတွေအတွက် တင်စရာ၊ တွေးစရာ ရှားနေတဲ့ ကျနော့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျတဲ့သူလို ခပ်မြန်မြန်တင်ချင်ပေမယ့် .... :)

အဲဒီနေ့က မှတ်မှတ်ရရ အိမ်ကိုလာသွားတဲ့လူတွေကော၊ ကြုံပေမယ့် ပွဲလာမတက်ပဲ မှတ်မှတ်ရရ ဖြစ်အောင်လုပ်သွားတဲ့ ရွာသားလေးကိုကော :) ... ဘလော့ဂ်မှာ မန့်ပေးသွားတဲ့ သူငယ်ချင်းတွေကိုကော ... မိသားစုရဲ့ကိုယ်စား ကိုရုပ်ဆိုးမှ လှိုက်လဲစွာကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ....... :)

ပုံတွေကို အောက်မှာ တင်ပေးလိုက်တယ်ဗျာ ........။





ကိုရုပ်ဆိုး
၂၃-ဖေဖော်ဝါရီ-၀၉ (၁၈း၄၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, December 31, 2008

ကျနော်.............................

၂၀၀၉ တဲ့
ပျော်ရွှင်သော နှစ်ဖြစ်ပါစေတဲ့
ဘယ်လိုပင် ဆုတောင်း
မပျော်ရွှင်နိုင်တာက ကျနော့ ဘဝ
ကျနော် ............ ၁၄ နှစ်ကြာလက်တွဲလာတဲ့ ဒီဘဝ
ကျနော် လမ်းခွဲမယ်ဗျာ............


အားလုံးနားလည်မယ်လို့
ကျနော်ထင်တယ် .............။

ကိုရုပ်ဆိုး
၃၁-ဒီဇင်ဘာ-၀၈ (၁၄း၅၇)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

အားလုံးပျော်ရွှင်ကြပါစေဗျာ .......... ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Thursday, December 18, 2008

သတိရတမ်းတ သံဝေဂ

အခုတလော ...... ငယ်သူငယ်ချင်းတွေဆီက မင်္ဂလာသတင်းတွေကော၊ အ,မင်္ဂလာသတင်းတွေပါ ဆက်တိုက်ကြားနေရတယ်။ ဟေ့ကောင် ... ဘယ်သူတော့ဖြင့်ဆုံးသွားပြီကွ။ ဘယ်သူ ဘယ်နေ့ကလေ ဆုံးသွားတာ မင်းမသိလိုက်ဘူးလား၊ ငါတို့ သူငယ်ချင်း ဟိုကောင်မလေးလေ ..ဆုံးသွားပြန်ပြီကွ။

အင်း ..... ဘာလိုလိုနဲ့ သေခြင်းတရားဆိုတာ ဘယ်အရွယ်မဆို တွေ့နိုင်တယ်ဆိုတာ လက်တွေ့ပြနေသလိုပဲ။ သတင်းစာထဲမှာ ငယ်ငယ်ရွယ်ရွယ်တွေ ဆုံးပါးသွားတာ မြင်နေ၊ တွေ့နေရပေမယ့် ... ကိုယ်နဲ့ မခင်၊ မချစ်ကြတော့လည်း ဒီလိုပဲ သတင်းအမှတ်နဲ့ ဖတ်လိုက်တာပဲ။

အခုလို သံယောဇဉ်ရှိတဲ့လူတွေ၊ ခင်ခင်မင်မင် ပေါင်းလာခဲ့တဲ့လူတွေ၊ တစ်ယောက်ပြီး တစ်ယောက် ခွဲခွါသွားတဲ့အခါ ... သြော် . ငါ့အလှည့်လည်း ဘယ်တော့လည်းလို့ စဉ်းစားလိုက်တော့ “မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး”ရဲ့ “သတိရတမ်းတ သံဝေဂ”လေးကို သတိရမိတယ်။

ကံစေရာနောက် ကောက်ကောက်ပါအောင်
ပုန်းရှောင်မရ ငါလိုက်ရပြီ
ငါကအမှန် မလိုက်ချင်သေးပါ ....။

ဖွေရှာသိုမှီး ပစ္စည်းရွှေငွေ အထွေထွေနှင့်
ငါ့အိမ်၊ ငါ့မြေ၊ စည်းစိမ်ဥစ္စာ ရတနာကို
ငါကခုံမင် မစွန့်ချင်လည်း
ငါပင်စွန့်ရ ပစ်ခဲ့ရပြီ
ငါကအမှန် မစွန့်ချင်သေးပါ ....။

(သြော်) မလိုက်မနေ နေချင်မရ
မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ။
ကံကစီမံ ငါ့ကံအတိုင်း အချိန်းပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း ဘ၀ကြမ်းပြင် ခရီးနှင်ပြီ
ငါသည်အရင် သွားနှင့်ပြီ ....။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, November 11, 2008

ကိုရုပ်ဆိုးတို့ နိဗ္ဗာန်ဈေး .......... တဲ့

နိဗ္ဗာန်ဈေးတဲ့ …. ဒီနာမည်စပေးတဲ့ကာလကို မသိသလို၊ မည်သို့သောအကြောင်းကြောင့် ဤသို့ပေးသည်ကိုလည်းမသိ၊ မသိတာကို ဘာလို့ပြောလဲဆိုရင် … အမည်က အဓိကမဟုတ်၊ အဲ့ဒီ နိဗ္ဗာန်ဈေးမှာ ဘာတွေလုပ်လည်းဆိုတာပဲ သိလို့ ပြောပြချင်တာကိုး…။ ကျနော်တို့ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ၁၄၆-လမ်းမှာ နိဗ္ဗာန်ဈေးကို လပြည့်ကျော် (၁)ရက်နေ့တိုင်း စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့တာ ယခုဆိုရင် (၉)ကြိမ်မြောက်တောင် ရှိခဲ့ပြီ။ လူငယ်တွေဦးစီးပြီး စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့တာလေ။ ကဲ … နိဗ္ဗာန်ဈေးမှာ ဘာတွေလုပ်လည်း … သိတဲ့လူတွေ ရှိသလို၊ မသိတဲ့လူတွေလည်း ရှိမှာပဲလေ။

တန်ဆောင်မုန်းလပြည့်နေ့ (ဒီနှစ်အတွက် ၁၂-နိုဝင်ဘာလ-၀၈)၊ မနက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာရှိတဲ့ သက်ကြီးအဖိုးအဖွားတွေကို တစ်အိမ်တစ်ခွက်ပို့တဲ့ ထမင်းနဲ့ ဟင်းကို ကျွေးမွေးတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။ ဥပုသ်သီလဆောက်တည်ကြတယ်။ ညနေစောင်းတာနဲ့ ရပ်ကွက်ထဲက လူငယ်တွေက ရေစည်လှည်းတွေတွန်းကာ လမ်းတစ်လမ်းလုံးသန့်ရှင်းသွားစေရန်အတွက် အားသွန်ခွန်စိုက် မမောမပန်းနိုင် ဆေးကြောကြတယ်။ သံဃာတွေ လျှောက်မယ့်လမ်း ဆူးညှောင့်ခလုတ်တွေ မရှိအောင်လို့ပါ။ ညနေ (၄)နာရီလောက်မှာ အရိုးကုန်းရပ်ကွက်ရဲ့ ပင်တိုင် ဆွမ်းခံကြွနေကြ ဆုထူးပန်ကျောင်းတိုက်မှ သံဃာအပါး (၁၂၀)ကျော်ကို အိမ်တိုင်း၊ အိမ်တိုင်းမှ ဆွမ်းဆန်စိမ်း လောင်းလှူကြတယ်။ ထုံးစံအတိုင်းပေါ့ သံဃာတော်များအသုံးတည့်မယ့် ဖယောင်းတိုင် (ဒီရာသီကျော်တာနဲ့ မီးကပုံမှန်ပျက်တော့ လိုအပ်လာပြီလေ :)၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ အကိုက်အခဲသက်သာစေတဲ့ ဒဏ်ကြေလိမ်းဆေး၊ ဆန်၊ ဆီ၊ ကြက်သွန်၊ မျက်နှာသုတ်ပုဝါ၊ ကော်ဖီမစ်အထုပ်၊ ၀တ္ထုငွေ စသည့် အမယ်စုံလင်လှစွာ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ လူတန်းကြီးက လောင်းလှူ ကြတယ်လေ။ အဲဒီနေ့ကတော့ အဲဒီလောက်နဲ့ပဲ နှစ်သိမ့်လိုက်ကြတယ်။

နိဗ္ဗာန်ဈေးကိုတော့ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့မှာ (ဒီနှစ်အတွက် ၁၃-နိုဝင်ဘာလ-၀၈) ပြုလုပ်လေ့ရှိတယ်။ နံနက်ကတည်းက အိမ်တိုင်း၊ အိမ်တိုင်းက လူစု လူဝေးနဲ့ ညနေစောင်းမှာ ကျွေးမွေးမယ့် နိဗ္ဗာန်ဈေးအတွက် ပြင်ဆင်နေကြပြီလေ။ လမ်းရဲ့ထိပ်မှာလည်း မည့်သည့်အိမ်က မည့်သည့်အစားအစာ ကျွေးမယ်ဆိုတာကို ဆိုင်းဘုတ်ထောင်ထားပြီး ကြေငြာမောင်းခတ်ပြီးသား …။ တဖြည်းဖြည်းနဲ့ နေလုံးက တိုက်တွေရဲ့အကြား ပုန်းရှောင်မလို့ လုပ်တဲ့အချိန်လေးမှာပဲ တဖြည်းဖြည်းရောက်လာတဲ့ ပရိသတ်က လမ်းတစ်လမ်းလုံး ပြည့်လုပြည့်ခင်၊ ဆိုင်းဘုတ်မှာ သွားကြည့်ထားပြီးသားမို့ ကိုယ်ကြိုက်နှစ်သက်ရာ အစားအစာကျွေးမယ့်အိမ်ရှေ့မှာ ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ စောင့်နေကြပြီ။ ချက်ပြုတ်ကြတဲ့ လူတစ်စုကလည်း ရေတောင်မချိုးအား၊ ပြီးတာနဲ့ ကျွေးဖို့ ဟန်တပြင်ပြင် …။



ကဲ …. စပါပြီဗျာ နိဗ္ဗာန်ဈေး …။ ဟေ့ … ဒီမှာ အာဟာရအပြည့် ဘဲသားဆန်ပြုတ်၊ နောက်ကျလို့ကတော့ ဘဲတွေထပျံလို့၊ ဆန်ပြုတ်သီးသန့်ပဲရမယ်လို့ အော်တဲ့လူစုကအော် ….။ ဟော့ဒီမှာ ရယ်ဒီမိတ် ကြာဇံကြော်ဆိုပြီး ဖော့ဘူးနဲ့ တခါတည်းထည့်ပေးတဲ့ အဖွဲ့ကလည်း အော်ဟစ်အလုပ်ရှုပ်၊ ထမင်းနဲ့ သီးစုံပဲဟင်းရယ်၊ ငါးခြောက်ကြော်ရယ် နှစ်စဉ်ကျွေးနေကျအိမ်က လမ်းပေါ်မှာ စားပွဲခင်းပြီး တစ်ခါတည်းကျွေး။ မစွံသေးတဲ့ အပျိုလေးတွေကလည်း ထမင်းနဲ့ တခါတည်း တွဲထုတ်တော့မယ့်ဟန်နဲ့၊ ထမင်းလိုက်သလို၊ ဟင်းလိုက်သလိုနဲ့ လူလုံးပြ။ ကိုယ်လှူတဲ့ပစ္စည်းနဲ့ သူလှူတဲ့ပစ္စည်းကိုလဲလှယ်ကြနဲ့ … ကျောက်ခေတ်က ပစ္စည်းချင်းလဲကြသလိုပါပဲ။ လူအုပ်ကြီးကလည်း ဒီအိမ်ကနေ ဟိုအိမ်ပြေးလိုက်၊ ဟိုအိမ်ကနေ ဒီအိမ်ပြန်ပြေးလာလိုက်နဲ့ အို … လမ်းတစ်ခုလုံး လူရောင်စုံ ဖုံးလွှမ်းနေတာပဲ။

လူတစ်ရာကျော် အသာလေးကျွေးလို့ရတဲ့ အစားအသောက်တွေက (၂)နာရီသာသာနဲ့ အကုန် ကုန်တော့တာပဲ။ ဟေး …… ဟိုအိမ်မှာ ကျန်သေးတယ်ဟေ့ဆိုပြီး ဘာမှမကျွေးပဲ ထွက်ကြည့်နေတဲ့ အိမ်ကို လက်ညိုးထိုးလို့ တမိသားစုလုံး အိမ်ထဲကို ၀ုန်းဒိုင်းကြဲပြီး ၀င်သွားလိုက်တာများ၊ လိပ်ရဲ့ခေါင်းက အခွံ့ထဲပြန်ဝင်သလိုမြန်ပ။ ဟိုးအရင် ………. သစ်သားလုံးချင်းအိမ်ဘ၀ထဲကနေ၊ ၇-လွှာတိုက် (၇-လွှာပေါက်စီမဟုတ်ပါ) ဖြစ်တဲ့အထိ နေလာကြတဲ့လူတွေဆိုတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ဒီလိုနေ့မျိုးမှာ စိတ်ဆိုးရမှန်းမသိ။ အို .. ဒီလို လမ်းဘေးမှာ ကျွေးတဲ့ထမင်းမျိုးဘယ်တော့မှ မစားဖူးဆိုပြီး ကြွေးကျော်တဲ့လူရှိလား … လွှတ်လိုက်ပါဗျာ … ကောင်းကောင်းပြုစုပြီး ကျွေးလွှတ်လိုက်လို့ နေ့တိုင်း နိဗ္ဗာန်ဈေးတောင် လုပ်ခိုင်းနေဦးမယ်။ ၀တ္တာရားအရ ချက်တာ၊ စီးပွားရေးအရ ချက်တာမဟုတ်တဲ့အပြင် … စေတနာတွေ အပြည့်အ၀ ထည့်ပေးထားတဲ့အတွက်၊ အိုဗျာ … ဒီအချိန်မှာ ဟိုဟာကို ဟိုဟာလုပ်ကြွေးမယ်ဆိုရင်တောင် ကောင်းသဗျား …။

ကျနော်လား … ကိုရုပ်ဆိုးတို့အဖွဲ့ကတော့ ဘဲသားဆန်ပြုတ် အ၀ကျွေးတယ် … ပေးတယ် … ကမ်းတယ် …။ ရောင်းရင်းကော စားချင်သလား … မပူပါနဲ့ဗျာ … အဲဒါကို ကြိုသိလို့ အောက်မှာ တစ်ခါတည်းကျွေးလိုက်တယ်။



သြော် … ဒါနဲ့ ကျနော်တို့ရဲ့ နိဗ္ဗာန်ဈေးက လက်မှတ်ရောင်းပြီးကျွေးတဲ့ နိဗ္ဗာန်ဈေးမဟုတ်ဘူးဗျ။ ကိုယ့်အိမ်၊ သူ့အိမ် သိမှကျွေးမယ်ဆိုတဲ့ နိဗ္ဗာန်ဈေးလည်းမဟုတ်ဘူးဗျ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ နိဗ္ဗာန်ဈေးလည်း မဟုတ်ဘူးဗျ။ အယုတ်, အလတ်, အမြတ်မရွေး … ဒီပန်းကန်၊ ဒီထိုင်ခုံ၊ ဒီဟင်း၊ ဒီထမင်းကို စေတနာဘုံးပေါလအောနဲ့ ကျွေးတဲ့ ဖရီး နိဗ္ဗာန်ဈေး။ မန်းနီးလပ်စ် နိဗ္ဗာန်ဈေး။ အလကားကျွေးတဲ့ နိဗ္ဗာန်ဈေး။ ဒီအချိန် လူကြီးဆိုတဲ့လူ လာစားရင်တောင် အကုန်လုံးနဲ့ တန်းတူညီမျှ အကျွေးခံရမယ့် နိဗ္ဗာန်ဈေး … အိုဘယ့် နိဗ္ဗာန်ဈေးဗျ။

စာကြွင်း …. အဲဒီညမှာ လမ်းထဲမှာ လူငယ်ပွဲရှိတယ်ဗျ။ အကင်ရယ်၊ ဂစ်တာရယ်၊ ပုလင်းရယ် (အချိုရည်ကိုပြောတာပါ၊ ဘာနဲ့ရောထားလည်းတော့ စဉ်းစားဗျာ)။ သူခိုးကြီးလုပ်တမ်းကစားကြတယ်။ နိုင်ငံတော်က ရယ်ရွှင်ဖွယ်ရာကိစ္စများကို အခွင့်ကောင်းယူ၍ ဒုစရိုက်မှုများ ကျူးလွန်တတ်သည်။ ထို့ကြောင့် ဤကစားနည်းအား ပိတ်ပင်လိုက်ပါသည်လို့တော့ နှစ်စဉ်ကြေငြာနေကြဗျ ဒီနှစ်လည်း ကြေငြာအုံးမှာပါ။ ကျနော်တို့က ပစ္စည်းတွေကို မဖွက်ပါဘူး။ စာတန်းလိုက်ချိတ်ယုံပါ။

ဥပမာ …
သမီးရှင်အိမ်ရှေ့မှာ ……. “သားမက်အလိုရှိတယ်”ဆိုတာမျိုးတို့၊
အပျိုကြီး၊ လူပျိုကြီးတွေ အိမ်ရှေ့မှာ “ငှက်ပျောတုံး ၀ယ်ရန်ရှိသည်”ဆိုတာမျိုး၊
နတ်ကတော်အိမ်က ဆိုင်းဘုတ်ကို၊ အရက်ရောင်းတဲ့အိမ်ရှေ့မှာ ပြောင်းချိတ်တာမျိုး၊
အဆဲသန်တဲ့ မိန်းမတွေအိမ်ရှေ့မှာ “ယဉ်ကျေးမှု သင်တန်းပေးသည်”ဆိုတာမျိုး၊
ဘုရားလူကြီးလိုလိုလူအိမ်ရှေ့မှာ “ဒီအိမ်တွင် ရှေးဟောင်းပစ္စည်းများ ရောင်းရန်ရှိသည်”ဆိုတာမျိုး၊
အခြောက်ရှိတဲ့ အိမ်ရှေ့မှာဆိုရင် “ကာယဗလသင်တန်း”ဆိုတာမျိုးတွေ ………. စတာတွေပေါ့ဗျာ။ သိထားတာလေးတွေရှိသေးရင်လည်း ဝေမျှဦးဗျာ …………..။


ကိုရုပ်ဆိုး
၁၀-နိုဝင်ဘာလ-၀၈ (၂၁း၄၃)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Monday, September 29, 2008

ကျေးဇူးတင်လွှာ ...

ကျနော် စာမေးပွဲဖြေတဲ့ရက်များအတွင်း လာလည်ကြတဲ့ ဘလော့ဂ်ဂါသူငယ်ချင်းများ၊ စာမေးပွဲဖြေနိုင်စေရန်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံးအား ကျေးဇူးအထူးတင်ပါကြောင်း
ကဲ ... ကဲ ... ကျေးဇူးတင်လွှာက အစားအသောက်မပါရင် မပြည့်စုံဘူးထင်လို့ 
(အမှန်က တောင်းဆိုသူတွေများလို့ :)) 
တည်ခင်းဧည့်ခံလိုက်ပါတယ်ခင်ဗျာ။ 
မြန်မာစာကို မစားရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ အတွက်ပါ ...

ကိုရုပ်ဆိုး
http://koyokesoe.blogspot.com

ဆက်ဖတ်မယ်ဆိုရင်...

Friday, August 22, 2008

ကိုရုပ်ဆိုး ဘလော့ဂ် ပရိုမိုးရှင်း

အင်း ... အခုတလော ကိုယ်ကလည်း ပို့စ်အသစ်မတင်နိုင်တော့။ လာဖတ်သူတွေ အလာကျဲသွားတာကို သတိထားမိတယ် :(
ဒီလိုတော့ ဘယ်ရမလဲ ...။ ပရိုမိုးရှင်းဆိုတာကြီး ရှိသေးတာပဲ ....။ 
အဲဒီတော့ ကိုရုပ်ဆိုးရဲ့ ဒိုင်ယာရီကို လာလှန်တဲ့ (ဒိုင်ယာရီပဲနော်...:) လူတိုင်းအတွက် လက်ဆောင်ပေးမယ်။
အောက်က လင့်ခ် ကလေးကိုသာ နှိပ်ပြီး သွားရောက်ယူလိုက်ကြပါဗျာ ....။



ဟော့ဒီမှာ ၂၄ ရက်၊ သြဂုတ်လ၊ ၂၀၀၈။ ညနေ (၅)နာရီ သုဝဏ္ဏကွင်း မိုးလုံလေလုံမှာ ကျင်းပမည့် IC ရဲ့ လေးဖြူပါဝင်လာတဲ့ နာဂါစ်ဒုက္ခသည်များအတွက် ရံပုံငွေ Stage Show လက်မှတ် ...။ လိုသလောက် ယူ။ ကြိုက်သလို သွားတာကဲ။ ကိုရုပ်ဆိုးကို အဲဒီမှာ တွေ့ရင် .... လက်မပြကြေး၊ မပြုံးပြရကြေး၊ ဘလော့ဂ်မှာ ပြန်မတင်ကြေး............။



ဆက်ဖတ်မယ်ဆိုရင်...

Tuesday, July 29, 2008

ဝေမျှချင်လို့ပါ ...

ဘလော့ဂ်ဂါသူငယ်ချင်းများသို့ ...

သင် သိပ်ကြိုက်ပေမယ့် အဝေးတနေရာမှာ ၀ယ်မရတဲ့ မြန်မာဝတ္ထုစာအုပ်များ ရှိပါသလား ? (အိမ်သာတက်ရင်း ဖတ်ချင်တဲ့လူနှင့် အဆင်မပြေပါ၊ လက်တော့ (Laptop)ပါ သယ်နိုင်ရင်တော့ မဆိုလိုပါ :))
သင် သိပ်နားထောင်ချင်ပေမယ့် ပါမသွားတဲ့ မြန်မာသီချင်းလေးများ ရှိပါသလား ?
သီချင်းစာသားတွေကိုကော အလိုရှိပါသလား ?
လွယ်ပါတယ်။ မစုံပေမယ့် .... စုံသလိုလိုပါ ...။
အောက်ပါ လိပ်စာအတိုင်း သင်, သွားရောက် လည်ပတ်ကြည့်လိုက်ပေါ့ ...
သင်, သိနေတဲ့ အင်တာနက်စာမျက်နာလည်း ဖြစ်ချင် ဖြစ်မယ် ... ဘာပဲဖြစ်ဖြစ် သင်, လိုလားနေတဲ့ စာအုပ် (၀ါ) သီချင်တစ်ပုဒ်ကို ဖတ်ရှုနားဆင်ခွင့် ရနိုင်မယ်ဆိုရင် ကျနော် ကိုရုပ်ဆိုး လမ်းညွန်ရကျိုးနပ်မှာပါ ....။

၁) MMA - Myanmar MP3 Albums
၂) Myanmar E-Books
၃) မြန်မာသံစဉ်စာသား
၎) မြန်မာတေးကဗျာဥယျာဉ်
၅) Lyrics Myanmar
၆) MMLyrics

စာကြွင်း။  ကြော်ငြာလမ်းညွန်များ၊ တီဗီကြော်ငြားများကြည့်ရင်းမှ ဒီစကားလုံးများ ရရှိလာခြင်းဖြစ်သည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, July 22, 2008

လေးဖြူရဲ့ တစွန်းတစ

စာရေးဆရာ “ပေါ်ဦးသစ်”ရဲ့ “ကျွန်တော် ဖြတ်သန်းခဲ့ရသော လေးဖြူ”ဆိုတဲ့ စာအုပ်လေးထဲက (စာမျက်နှာ ၈၅-၈၆)မှာ လေးဖြူရဲ့ ပေးစာလေးကို ဖော်ပြထားတယ်။ သူ့ရဲ့ ငယ်ရွယ်စဉ်က ခံစားမှု တစွန်းတစ လှစ်ပြထားတာကို ဖတ်မိတဲ့အခါ ကျနော့ ဘလော့ခ် ပေါ်မှာ တင်ချင်တဲ့စိတ်ကလေး ဖြစ်ပေါ်လာလို့ ဒီ ပို့စ် လေးကို တင်လိုက်တာပါ။ အဆိုတော် အနုပညာရှင်တယောက်ရဲ့ စကားလေးပေါ့ဗျာ ...

ကျေကျေနပ်နပ် ပေးဆပ်ရတာများလွန်းရင် မကောင်းဘူး။
ဒါကိုတော့ ခါးသီးတဲ့ အတွေ့ ရှိသူတိုင်းတော့
နားလည်တတ်လိမ့်မယ်လို့ ထင်တယ်။

တစ်ခါတစ်ခါ သူကရော (ကိုယ့်လိုမျိုး)
ကျေကျေနပ်နပ် ပေးဆပ်ချင်ပေမပေါ့။
အဲဒါကို ငါတို့ မေ့မေ့နေတာ များတယ်လေ။
ဟုတ်လား ...၊ မဟုတ်ဘူးလား ...။
ကိုယ်ပေးတဲ့အခါ သူက မယူချင်သလို ဖြစ်နေရင်
ငေါင်ငေါင်သွားရတဲ့အခါမျိုးမှာ သူ့ကို အားမရဘူးဖြစ်တယ်။
အဲတာ မှားတယ်။ (လုံးဝဘဲ)
သူကလည်း ကိုယ့်လိုဘဲ တစ်ချိန်ထဲမှာ ပေးဆပ်ချင်နေရှာတယ်လေ။
အဲဒါကို မယူတတ်ခဲ့ကြလို့ ... အရှင်းပြောရရင် (မချစ်တတ်ခဲ့လို့)
အခါးတွေ တွေ့ရတယ်။
အမူးတွေ ရတယ်။
အရူး ဖြစ်ရတယ်။
သူ့အပြစ် မဟုတ်ဘူး သူငယ်ချင်း ...။
ကိုယ့်အပြစ်တွေ အများ ... အများကြီး ပါတယ်။
ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ်။
အဲတော့ ...
မင်း ချစ်တတ်သလားလို့ မေးချင်တယ်။

ဒါပါဘဲ
လက်တလုံးခြားမှာ ဗျာသွားဖူးတဲ့
လေးဖြူ (၉၁)

... ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ် ... တဲ့။ ဟုတ်တယ်ဗျာ။ ဒီစာသားလေးရဲ့ စွဲဆောင်မှုကြောင့် ဘလော့ဂ်မှာ တင်ဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Monday, July 14, 2008

G-talk စကားလုံးများ

G-talk ပေါ်မှာ တင်ထားတဲ့ စာလေးပါ။ ဝေမျှချင်တာနဲ့ တင်လိုက်တာ။

၁) ယောက်ထဲပါ။
၂) ယောက်မရှိဘူး။
၃) နေကျစကားမဟုတ်လို့ပါ။
၎) စားပေးပါ။
၅) ရင်ထဲကို ၀င်ကြည့်ပါလား။
၆) ကပ်နေတယ်။
၇) ရက်ပါတ်လုံး မင်းကိုလွမ်းလို့
ယုံပါကွာ …

ကျနော် ထပ်တိုးထားတာက -

၈) လို့တော့ မ--ဲ နဲ့ကွာ။
၉) အကြောင်းသိတယ်မလား ... :)


ဒီနေ့မနက်ပဲ သူငယ်ချင်းတွေ ထပ်ဖြည့်ပေးသေးတယ် ...

၈) လို့တော့ မ--ဲ နဲ့ကွာ။
၉) အကြောင်းသိတယ်မလား
၁၀) ခါ နမ်းပစ်လိုက်မယ် ... :)


ကျန်တာတွေတော့ Access has been denied

ဆက်ဖတ်မယ်ဆိုရင်...