Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, July 22, 2008

လေးဖြူရဲ့ တစွန်းတစ

စာရေးဆရာ “ပေါ်ဦးသစ်”ရဲ့ “ကျွန်တော် ဖြတ်သန်းခဲ့ရသော လေးဖြူ”ဆိုတဲ့ စာအုပ်လေးထဲက (စာမျက်နှာ ၈၅-၈၆)မှာ လေးဖြူရဲ့ ပေးစာလေးကို ဖော်ပြထားတယ်။ သူ့ရဲ့ ငယ်ရွယ်စဉ်က ခံစားမှု တစွန်းတစ လှစ်ပြထားတာကို ဖတ်မိတဲ့အခါ ကျနော့ ဘလော့ခ် ပေါ်မှာ တင်ချင်တဲ့စိတ်ကလေး ဖြစ်ပေါ်လာလို့ ဒီ ပို့စ် လေးကို တင်လိုက်တာပါ။ အဆိုတော် အနုပညာရှင်တယောက်ရဲ့ စကားလေးပေါ့ဗျာ ...

ကျေကျေနပ်နပ် ပေးဆပ်ရတာများလွန်းရင် မကောင်းဘူး။
ဒါကိုတော့ ခါးသီးတဲ့ အတွေ့ ရှိသူတိုင်းတော့
နားလည်တတ်လိမ့်မယ်လို့ ထင်တယ်။

တစ်ခါတစ်ခါ သူကရော (ကိုယ့်လိုမျိုး)
ကျေကျေနပ်နပ် ပေးဆပ်ချင်ပေမပေါ့။
အဲဒါကို ငါတို့ မေ့မေ့နေတာ များတယ်လေ။
ဟုတ်လား ...၊ မဟုတ်ဘူးလား ...။
ကိုယ်ပေးတဲ့အခါ သူက မယူချင်သလို ဖြစ်နေရင်
ငေါင်ငေါင်သွားရတဲ့အခါမျိုးမှာ သူ့ကို အားမရဘူးဖြစ်တယ်။
အဲတာ မှားတယ်။ (လုံးဝဘဲ)
သူကလည်း ကိုယ့်လိုဘဲ တစ်ချိန်ထဲမှာ ပေးဆပ်ချင်နေရှာတယ်လေ။
အဲဒါကို မယူတတ်ခဲ့ကြလို့ ... အရှင်းပြောရရင် (မချစ်တတ်ခဲ့လို့)
အခါးတွေ တွေ့ရတယ်။
အမူးတွေ ရတယ်။
အရူး ဖြစ်ရတယ်။
သူ့အပြစ် မဟုတ်ဘူး သူငယ်ချင်း ...။
ကိုယ့်အပြစ်တွေ အများ ... အများကြီး ပါတယ်။
ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ်။
အဲတော့ ...
မင်း ချစ်တတ်သလားလို့ မေးချင်တယ်။

ဒါပါဘဲ
လက်တလုံးခြားမှာ ဗျာသွားဖူးတဲ့
လေးဖြူ (၉၁)

... ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ် ... တဲ့။ ဟုတ်တယ်ဗျာ။ ဒီစာသားလေးရဲ့ စွဲဆောင်မှုကြောင့် ဘလော့ဂ်မှာ တင်ဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ကိုရုပ်ဆိုး

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ်။
    အစ်ကိုရေ.......ဒီစကားလေးတော့ဝေလေးလဲကြိုက်သွားပြီ
    မျှဝေပေးတဲ့အစ်ကို့ကိုကျေးဇူးပါနော်..

    ReplyDelete
  2. Thank you.
    coz,You alert me.I alredy this novel about last 6 months.This novel is very nice.Behind successful persons, have established bad conditions.

    ReplyDelete
  3. လေးဖြူရဲ့ အတွေးတွေက ဆန်းတယ် ဒါကြောင့် သူရဲ့ သီချင်းတွေနဲ့  သီဆိုဟန်က တော်တော်ပေါက်တာ ထင်တယ် မျှဝေပေးတာ ကျေးဇူး အစ်ကို ။

    ReplyDelete
  4. အစ်ကိုရေ..
    လေးဖြူစကားလေးကူးချင်လို့
    ရမလား..
    ဖိုရမ်တစ်ခုမှတင်ချင်လို့ပါ..ခွင့်ပြုပါနော်.

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။