Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, July 7, 2008

ချစ်သူသိစေဖို့ (၃)

ချစ်သူ …
ရင်ခုန်နိုင်စွမ်းရှိတဲ့ နှလုံးသားတစုံ
မင်းဆီ ပို့ခဲ့တာတောင်မှ
တနေ့မှ မေ့မရ
သတိရစိတ်ကစိုးမိုး
ငါ့ကိုယ်ငါတောင်
ကြောက်လာပြီကွယ် …။

အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့
ငါ့အတွက်တော့ အလကားပါ
တမ်းတစိတ်ကလွှမ်းမိုး
လွမ်းဖို့သက်သက် လူဖြစ်လာသလို
ဆုံဖူးခဲ့တဲ့နေရာတွေမှာ
ငါရဲ့ခြေရာတွေထပ်
မင်းရဲ့ အရိပ်စစ်တွေဖို့အတွက်
သူရူးတစ်ယောက်လိုကွယ် …။

ချစ်သူရေ …
မုန်းရနံ့သင်းတဲ့
အဆိပ်ရည်လေးတစ်ခွက်
မင်းရဲ့ စိမ်းကားမှုတွေထည့်ပြီး
ငါ့ထံပို့ပေးပါလား
တချက်မှနောက်မတွန့်
မကြောက်မရွံ့ ငါမော့သောက်ပါရစေ…။

မမြင်မတွေ့ လွမ်းနေရမှာထက်စာရင်
မင်းလေးရဲ့အနောက်
တစ္ဆေတစ်ကောင်အဖြစ်
ငါ … လိုက်ပါ စောင့်ရှောက်ပါရစေ …။

ကိုရုပ်ဆိုး
(၀၅-ဇူလိုင်-၀၈) ၁၈း၂၈မိနစ်

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. သမီးက တစေကြောက်တယ်တဲ့ ကိုရုပ်ဆိုးရေ...
    ရေးလှချီလား ကဗျာတွေ တယ်လည်းဟုတ်
    ချစ်သူကမသိသေးဘူးလား အေးလေဘယ်သိမလဲ ကိုရုပ်ဆိုးက အိမ်ရောက်တာနဲ့ အိပ်တော့တာကိုး သေသေချာချာပြောပြပေါ့....:)

    ReplyDelete
  2. “ငါ့ကိုယ်ငါတောင်
    ကြောက်လာပြီကွယ်...” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ ငါတို့ အစ်ကိုရုပ်ဆိုးက ဒါမျိုးတွေလည်း ရတာပဲး) အဆိပ်ရည်တွေတော့ မော့မသောက်လိုက်ပါနဲ့ အစ်ကိုရာ။ ကဗျာကောင်းလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ် အစ်ကိုး)

    ReplyDelete
  3. အဆိပ်ရည်လေးတစ်ခွက်
    မင်းရဲ့ စိမ်းကားမှုတွေထည့်ပြီး
    ငါ့ထံပို့ပေးပါလား
    တချက်မှနောက်မတွန့်
    မကြောက်မရွံ့ ငါမော့သောက်ပါရစေ…။

    တကယ်လား အစ်ကို မကြောက်ဘူးလား ညီတော့ ကြောက်တယ်ဗျ အဲ့လောက် မစွန့် စားရဲဘူး ဟားဟား အစ်ကိုက ဒီလိုအချစ်ကဗျာနုနုလေးတွေလည်း ဖြစ်တယ်လားး ဂွဒ်ထ :)

    ReplyDelete
  4. ငါ့ကိုငါတောင်ကြောက်လာပြီတဲ့လား.....
    ကိုရုပ်ဆိုးရေ..ကောင်းလိုက်တဲ့ကဗျာလေး
    မိတယ်...
    ဒါနဲ့အဆိပ်ကိုတစ်ကယ်သောက်မှာလားဟင်.......
    မေးကြည့်တာပါလေ....:D

    ReplyDelete
  5. ချစ်သူကမသိသေးဘူးလား?

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။