Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, July 10, 2008

ချစ်သူသိစေဖို့ အမုန်းလက်ဆောင် (၄ သို့ ဇာတ်သိမ်း)

ကျနော့ရဲ့ “ချစ်သူသိစေဖို့” ကဗျာဆက်ကို နားလည်မှုမျက်လုံး၊ သိတတ်တဲ့ဦးဏှောက်နဲ့ ဖတ်ရှုခံစားပေးခဲ့ကြတဲ့ သူငယ်ချင်းများ၊ ကော်မန့် ပေးခဲ့သူများအားလုံး ဆက်လက်၍ ဒုက္ခတကြီး ဖတ်ရှုစရာ မလိုတော့အောင် ယနေ့ ကျနော် အပြီးသတ် “ချစ်သူသိစေဖို့ အမုန်းလက်ဆောင် (၄ သို့ ဇာတ်သိမ်း)” ကဗျာတပုဒ်အား ဖျစ်ညှစ်ရေးခဲ့ပြီးသကာလ၊ ကျနော်၏ ဘလော့ဂ်ပေါ်သို့ တင်ဆက်လိုက်ပါတယ်ဗျာ။ :)
မှတ်ချက်။ ။ နာမည်ကျော်ကဗျာဆရာတယောက်ဟန်နဲ့ နိဒါန်းပျိုးလိုက်ခြင်းဖြစ်သည်။ တကယ်က ကဗျာမှာ ကိုယ်ကိုတိုင် ဖတ်လို့မကောင်းပါ :P

ဘာ …
နင် …… နင်, နင် ဘာပြောလိုက်တယ်။
မေ့ပစ်လိုက်ရမယ် ….။ ဟုတ်လား …။
ငါ နင့်ကိုချစ်ခဲ့တာလေ မေ့ပစ်ဖို့မှ မဟုတ်တာ။
ကာရံမညီတဲ့ စကားလုံးတွေထွက်ကျ
ငါ့ရဲ့ နှလုံးသွေးတွေ ပေကျံလျှက်ပေါ့…။

နင့်ရဲ့စကားတွေက ပေါ့ပျက်လိုက်တာကွယ်။
နင့်ကို ချစ်တယ် ပြောဖို့
သက်ပြင်းတွေအခါခါချ
သတ္တိတွေ မွေးခဲ့ရတာ ခဏခဏ
ဒါတွေကို သိလျက်နဲ့
ဥပေက္ခာစကားဆိုတာက နင်

ငါ့ကို ပြန်ချစ်တာ
နင့်ကို အရမ်းချစ်လို့ …
နင့်အပေါ် အရမ်းသိတတ်လို့ …
ငါ့ရဲ့ ခုန်နေတဲ့နှလုံးသားဟာ
နင့်တစ်ယောက်အတွက်ကြောင့်လို့ …
ဘယ်နှုတ်ဖျားက ပြောခဲ့တာလဲကွယ် …။

ချစ်ဟန်ဆောင်ခဲ့ရင်တောင်မှ
အကြင်နာစကားတွေနဲ့
ချွေးမသိပ်သင့်ဘူးလေ
နဂိုကမှ ယိုင်နဲ့နဲ့ငါနှလုံးသား
အခုတော့ …

ချစ်သူ …. လို့
ကင်ပွန်းမတပ်သင့်တော့တဲ့
ငါ … သိပ်ချစ်ခဲ့ရတဲ့ လူတယောက်
ငါ့ဘ၀ကနေ အပြီးအပိုင်ထုတ်ဖို့
ကြိုးစားခဲ့အခါခါ
အခုတော့ … ရတန်ကောင်းပါပြီကွယ်။

နင် … ငါ မုန်းတဲ့ နင်
ငါ့ရဲ့ နှလုံးသားပေါ်က နင့်နာမည်ကို
ငါ့ရဲ့ ဒိုင်ယာရီထဲမှာ
ငါ ည, က ရေးပစ်လိုက်တယ်
နာမ အဖြစ်နဲ့သာ တည်ရှိတော့ကွယ် …။

ကိုရုပ်ဆိုး
(၁၀ ဇူလိုင်လ၊ ၀၈) ၁၅း၀၀ နာရီတွင် အပြီးသတ်သည်။

ပုံနှိပ်စာလုံးရယူရန်

3 comments:

  1. wow........nice

    So we cannot read some more or to be continue on another feeling???????

    ReplyDelete
  2. ဝိုး......ဇာတ်သိမ်းကဒီလိုဖြစ်သွားလား.......

    ReplyDelete
  3. “နာမ အဖြစ်နဲ့သာ တည်ရှိတော့ကွယ် …” ဆိုတာလေး သိပ်လှတာပဲ အစ်ကိုရေ။ ဒီတစ်ခု ဇာတ်သိမ်းသွားပေမယ့် အသစ်တွေကို ထပ်မျှော်နေပါမယ် အစ်ကိုရုပ်ဆိုးရေ...

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။