Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, July 17, 2008

နေခြည်မှာ အကုန်ဟောင်းလောင်း၊ ငါတို့ စာသင်ကျောင်း

ကျနော် မနေ့က “ကွန်ဒိုင်း”ဆိုတဲ့ ရွာကလေးကို ကြိုတင်လေ့လာရေးခရီးအဖြစ်နဲ့ သွားခဲ့တယ်။ ပထမ တခေါက် လှူ ဖူးတယ် ၂၉ မေလ၊ ၂၀၀၈ တုန်းက (ပုံလေးတွေ ဒီမှာ)။ ကျနော် မနေ့က တခေါက်ရောက်တော့ ပြောင်းလဲနေလိမ့်မယ်လို့ ထင်ထားခဲ့တာ ပထမ သွားတုန်းက အိမ်လေးတွေအတိုင်းပဲ။ အသစ် ပြန်မဆောက်နိုင်လို့ စုပေါင်း နေ,နေရတုန်းပဲ။ ကျနော်တို့အဖွဲ့ကလည်း အိမ်ပြန်ဆောက်ပေးမလို့ဆိုတော့ ၀မ်းနည်းပေမယ့် အတော်ဖြစ်သွားတယ်။ လှူချင်တဲ့ အရေအတွက်နဲ့ လိုနေတဲ့ အရေအတွက် က အတူတူပဲဆိုတော့ ... ၀မ်းသာသွားမိတယ်။
အဲဒီမှာ ...

စာသင်တဲလေးသွားတွေ့မိတယ် (စာသင်ကျောင်းမဟုတ်ပါ။)။ သူငယ်တန်းကနေ သုံးတန်းအထိ ကျောင်းသား/သူ (၁၅)ယောက်ရှိတယ်။ ၈ ပေ ပါတ်လည် တဲကလေးမှာ တကုန်းကုန်းနဲ့ စာသင်နေကြတာ။ ဆရာမကလည်း အစိုးရ၀န်ထမ်းမဟုတ်ဘဲ၊ အဲဒီ ရွာက စာတတ်ပေတတ် အမကြီး။ blackboard မရှိ၊ စာအုပ်မစုံ၊ ကြုံသလို သင်နေရတာ။ ကျနော် စုံစမ်းကြည့်တော့ သူ စာသင်နေတာ ၁၃ နှစ်ရှိပြီတဲ့။ ဒီရွာနဲ့ ကျောင်းရှိတဲ့ ရွာက အလှမ်းဝေးတော့ မိဘတွေကလည်း လှေနဲ့ လိုက်မပို့နိုင်၊ သူငယ်တန်းကနေ လေးတန်းအထိသာ ရှိတဲ့ ကျောင်းဆိုတော့ ကလေးတွေကလည်း အရွယ်ငယ်၊ ကိုယ့်ဘာသာကို ကျောင်းမသွားနိုင်တဲ့အရွယ်။ အဲဒီတော့ ရွာမှာပဲ သူက စာသင်၊ တစ်လ တစ်ခေါက် ကျောင်းရှိတဲ့ ရွာကို သွားဖြေ၊ အဲဒီလို လုပ်နေရတာတဲ့။ ၃-တန်းအောင်၊ ၄-တန်းကျောင်းသား တစ်ယောက်ရှိတာ နာဂစ်မှာ ဆုံးသွားတယ်တဲ့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။ သူ့ရဲ့ ကျောင်းသားကိုး။ နောက်ထပ် ပြောသေးတယ် အခု စာသင်တဲမှာ ကာထားတာတွေက အရင် ကျနော်တို့ လှူသွားလို့သာတဲ့၊ နိုမို့ဆို ဘယ်လိုလုပ်ရမယ်မှန်း မသိဘူးတဲ့။
ကျနော်လည်း ဘာ ဆက်ပြောရမှန်းမသိ ကြက်သေ, သေသွားခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ စာသင်ကျောင်းအတွက်ပါ အဓိကထားဆွေးနွေးပြီး၊ စာသင်ကျောင်းကို ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင် လုပ်ပေးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
နေထိုင်ဖို့ တဲလေးတွေအပြင်၊ စာသင်တဲမှသည် စာသင်ကျောင်းလေးပုံစံ ဖြစ်သွားအောင် လုပ်ပေးရမယ်။
နေပူကြီးထဲ လှေငယ်လေးနဲ့ မြစ်ပြင်ဖြတ်၊ ထမင်းတနပ်လွတ်၊ ကြောက်ရွံ့စွာသွားခဲ့ရပေမယ့် ဒီလိုမျိုး ဖြစ်မြောက်ဖို့အတွက်ဆိုရင် ပင်လယ်ကြီးလည်း ဖြတ်ပြီး နောက်ထပ် သွားဦးမယ်ဗျာ .... အခုလို နေရာမျိုးလေးတွေ ကိုယ့်နိုင်ငံမှာ ရှိသေးတယ်ဆိုတာ သိလိုက်ရတော့ အိမ်အပြန် ထမင်းတောင် စားဖို့ အနိုင်နိုင်ရယ် ... ငါ့မှာတော့ blog မလား ? chat မလား ? သူတို့မှာတော့
“ပန်းကလေးများ မပွင့်နိုင်ပြီ၊
ဖူးတံ တုံးတော့မည်၊
နေခြည်မှာ အကုန်ဟောင်းလောင်း၊
ငါတို့ စာသင်ကျောင်း” လို့များ ရွတ်နေပြီလား မသိ .....

ကိုရုပ်ဆိုး
၁၆ ဇူလိုင်၊ ၀၈ ခရီးသွားမှတ်တမ်း မှ ထုတ်နုပ်ရေးသားသည်။
(၁၇ ဇူလိုင်၊ ၀၈) ၁၈း၃၂ မိနစ်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. အကြံတူနေတယ်ဗျာ မရွယ်ဘဲ Topic ခြင်းတူသွားတယ် ညနေက စကားပြောနေကြပေမယ့် အဲဒီအကြောင်းမပါဘူးဗျ ကျနော်ကလည်း ကျနော့ ခံစားချက်နဲ့ ဓာတ်ပုံလေးတွေကြည့်လာပြီး ကျနော်လည်းရေးချင်လာလို့ ခုတော့တူနေပြီ ဒါပေမယ့် တောင်နဲ့မြောက်ပါလေ...

    ReplyDelete
  2. အကြိုက်ဆုံးစာပိုဒ်
    နေခြည်မှာ ဟောင်းလောင်းငါတို့စာသင်ကျောင်းကို
    အကြိုက်ဆုံးပဲ

    ReplyDelete
  3. “ငါ့မှာတော့ blog မလား ? chat မလား ? သူတို့မှာတော့...”

    အစ်ကိုရေ လက်တွေ့ကူညီကယ်တင် ပေးနေတဲ့ အစ်ကိုနဲ့ အဖွဲ့ကို လေးစားမိသလို ကလေးတွေရဲ့ ပညာရေးအတွက် စာသင်ပေးနေတဲ့ ရွာက စာတတ်ပေတတ် အစ်မကြီးကိုလည်း လေးစားမိပါတယ်။ မွန်မြတ်တဲ့အလုပ် လုပ်နေနိုင်သူ အားလုံးကို အားကျမိပါတယ် အစ်ကို...

    ReplyDelete
  4. I admire you.I also respect sister(from condai).Try the best

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။