Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ဝေမျှခြင်း. Show all posts
Showing posts with label ဝေမျှခြင်း. Show all posts

Tuesday, May 12, 2009

ဗုဒ္ဓဘာသာ သိမှတ်ဖွယ်

အသက်ကလေးလည်း ရလာ၊ ဘုရားမကြိုက်, မိဘမကြိုက်, အုပ်ထိန်းသူမကြိုက် စသာတွေချည်းပဲ လုပ်ခဲ့တဲ့ နှစ်အရေအတွက် မနည်းရှိလာတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်မိတယ်။

အဲဒါနဲ့ပဲ ဒီ ဘလော့ဂ်လေးကို ဖွင့်ဖြစ်တာပါ။ အနည်းဆုံး ဘုရား၊ တရား၊ သံဃာ အကြောင်းအရာတွေ ရေးနေ၊ ရှာဇွေနေ၊ ဘလော့ဂ်ပေါ်တင်ဖို့အတွက် ပြင်ဆင်နေရတော့ .... မကောင်းတဲ့အလုပ်ကိစ္စတွေ မလုပ်ဖြစ်တော့ အကုသိုလ်နည်းတာပေါ့။

သိမိသမျှ လက်လှမ်းမီသမျှလေးတွေကိုသာ တင်နေတဲ့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်ဆိုတာကို ဖွင့်ဟရင်း ... ဘလော့ဂ်ဂါ သူငယ်ချင်းများ တခြားသိချင်သူများရှိရင် လက်တို့ဖို့အတွက် ....


ဗုဒ္ဓဘာသာ သိမှတ်ဖွယ် (http://buddhist-knowledge.blogspot.com)

တင်ပြသူ

ကိုရုပ်ဆိုး
၁၂ မေလ၊ ၂၀၀၉ (၁၈း၁၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 5, 2009

မြန်မာစကားပုံ - www.myanmar-proverbs.co.cc

အခုတလော ... ကို ကိုယ်တိုင် creation မလုပ်နိုင်။ ခေါင်းထဲကလည်း ဘာမှ မထွက်တာနဲ့ ... စိတ်ကူးနေတာ ကြာပြီဖြစ်တဲ့ "မြန်မာစကားပုံ"ကို ဘလော့ဂ်တစ်ခု ဖန်တီးပြီး တင်နေတယ်။ ထုံးစံအတိုင်း တစ်နေ့နည်းနည်းနဲ့ (Buddhist Terms Dictionary) တင်သလိုပေါ့။ သိပ်တော့မများပါဘူး စာမျက်နှာက ၃၀၀ကျော်နဲ့ စကားပုံပေါင်းက ၈၂၃ ခု ... :)

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ပေါ့နော် ... :)

Link က http://www.myanmar-proverbs.co.cc

ကျေးဇူးတင်စွာဖြင့်,

ကိုရုပ်ဆိုး
၀၅-မေလ-၂၀၀၉ (၁၄း၁၁ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

Saturday, May 2, 2009

Free Online Blog Backup တဲ့

Free Online Blog Backup တဲ့ ။ သူငယ်ချင်း ဘလော့ဂ်ဂါတွေအတွက် ဝေမျှပေးလိုက်တယ်။

မူရင်းတင်ပြချက်က ဒီနေရာမှာ ဗျို့ .........

ကျနော့ ၀င် စမ်းကြည့်တာ၊ အဆင်ပြေပါတယ်။ ထွေထွေ ထူးထူးမရှိဘူး။

ကျနော့ ဘလော့ဂ်ကိုလည်း backup လုပ်ထားတယ်။

စမ်းကြည့်ပေါ့ဗျာ......။

ကိုရုပ်ဆိုး
၀၂-မေလ-၂၀၀၉ (၁၁း၄၂ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, April 28, 2009

ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား?

မေးမြန်းသူ - ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။ တပည့်တော်သည် ရွှေတိဂုံဘုရား အထက်ပစ္စယံကိုတက်ပြီး ပုတီးစိပ်လိုစိတ် အလွန်ပြင်းပြစွာ ဖြစ်ခဲ့ဖူးပါသည်။ သမီး ၆-တန်းနှစ်က မိမိသားစုတွေနှင့် ရွှေတိဂုံဘုရားကိုသွားတော့ ဖေဖေနှင့် ကိုကိုက အထက်ပစ္စယံကို တက်သွားကြပါသည်။ မေမေနှင့် သမီးက အောက်မှာ ကျန်ခဲ့ရပါသည်။ အပေါ်ကိုလိုက်သွားမယ် ပူဆာတော့ မေမေက သမီးက မိန်းကလေးဖြစ်နေလို့ အပေါ်ကိုတက်လို့မရဘူး။ ငရဲကြီးလိမ့်မယ်လို့ဆိုပါသည်။ ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းတဲ့ကျောက်တုံးကြီးကို ကိုင်ပြီးအဓိဋ္ဌာန်ချင်တာ မိန်းကလေးဖြစ်နေလို့ မ၀င်ခဲ့ရပါ။ စိတ်ထဲက အားမလို၊ အားမရ ဖြစ်မိပါသည်။ ဗုဒ္ဓဘာသာမှာ အဘယ်ကြောင့် အမျိုးသမီးတွေကို အဲဒီလို ခွဲခြားဆက်ဆံရပါသနည်း။ မြင့်မြတ်တဲ့နေရာတွေကို အမျိုးသမီးတွေတက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရား ဟောတော်မူတာ ရှိပါသလား။ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

လေးစားလျှက်
နန္ဒာဖူးပွင့်လှိုင်
http://www.burmeseclassic.com/dammaQA.php?status=go&pno=3


ဖြေကြားသူ - (ဆရာတော်ဦးကေလာသ - အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)

ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း

ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာအဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့
ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေတက်လည်း ငရဲကြီးရမှာပေါ့။ အထက်ပစ္စယံပေါ်မှာ
ရည်းစားနဲ့ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင်လုပ်ရင်တော့ ဘယ်သူမဆို
ငရဲကြီးမှာပေါ့။ အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း
အဂ္ဂသာဝိကာ အမြတ်ဆုံးဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင်
အမျိုးသားရဟန္တာနဲ့တန်းတူ လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေး မှာ
မိန်းမယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ်အမြတ်ဆိုတာ ခန္ဓာကိုယ်
ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ်ဆိုတာတွေနဲ့မပတ်သက်ဘူး။ မြတ်စွာဘုရားဟာ သေပြီး
ပုပ်ဆွေးနေပြီဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ကျွန်မရဲ့ အလောင်းကိုပတ်ထားတဲ့ပိတ်စကို
ကိုယ်တိုင်ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင်လျှော်ဖွပ်ပြီး ကိုယ်တိုင်
သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော်မူပါတယ်။ ပိတ်စကိုအလောင်း ကောင်ကခွာစဉ်မှာ မြေကြီးက
အံ့ချီးပြုတဲ့အနေနဲ့ ငလျင်တောင်လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း
ဖြစ်ပါသတဲ့။

ပုဏ္ဏာဟာ ကျွန်လည်းဖြစ်တယ်။ မိန်းမလည်းဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊
တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ၀ါဒီ
(အရှိကိုအရှိအတိုင်းမြင်တဲ့ပုဂ္ဂိုလ်) စစ်စစ်ပါ။ ဒါကိုသတိပြုမိရင် အမျိုးသမီးတွေ
ဘုရားငြမ်းပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့ အကြောင်းပြချက်ရှိနိုင်ပေမယ့်
“အမျိုးသမီးရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်ကို မတက်ရ” ဆိုတာမျိုး အတွက်တော့
ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ပါဘူး။

ခြားနားချက်တော့ရှိမယ်

ယောက်ျားမိန်းမလို့ ကွဲပြားနေရတာကိုက ခြားနားတဲ့သဘာဝကြောင့်မဟုတ်လား။
ကမ္ဘာအေးမှာနေ တုန်းက ညနေလမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ်အရွယ်
ကောင်လေးနဲ့ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်းဖက်က
ဘဲဥကန်ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့သံဆန်ကာခြံစည်းရိုးကို
ခုန်တက်ပြီး ဒီဘက်ကို လွယ်လွယ်လေးခုန်ချနိုင်တယ်။ ကောင်မလေးကလည်း
ကောင်လေးကိုတုပြီး အားကျမခံခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း
ချိတ်မိပြီး မှောက်လျက်လဲကျတယ်။ ဂါဝန်လည်းပြဲတယ်။ ပင်လယ်ကွေ့စစ်ပွဲတုန်းက
အမေရိကန် လေတပ်ကဗုံးကြဲလေထီးမယ်တွေ ရန်သူ့လက်ထဲရောက်သွားတော့ မိန်းမဟာမိန်းမပဲ။
ကြောင်ထီးဟာ ပြိုင်ဖက်အခြားကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ သူသေကိုယ်သေပဲ။
ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့ ဘာမှမတုံ့ပြန်ဘူး။
ဒီသဘာဝကိုမြင်နိုင်ရင် ပရမတ္ထတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့အမ
နက်နဲတဲ့ခြားနားချက်တွေရှိနေတာ သေချာတယ်။ အမျိုးသားတွေနဲ့ရင်ဘောင်တန်းဖြစ်ဖို့
ဘယ်လောက်ပဲအရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး
အမျိုးသားတွေရဲ့ အကျင့်စရိုက်လိုဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ
ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ
ဝတ်လစ္စလစ်အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားကတစ်ပြိုင်နက်
မိန်းမနှစ်ယောက်ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျားနှစ်ယောက်ယူတာ ဘယ်ဟာက
အခြေအနေပိုဆိုးမလဲ။

ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီ
လောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ)တွေအတွက် သီးခြားစည်းကမ်းလေးတွေ
ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ
ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှဝါရရ (၀ါဘယ်လောက်ကြီးကြီး) ယနေ့ပြုတဲ့
ရဟန်းပေါက်စကို ရှိခိုးရမယ်ဆိုတာပါတယ်။ ဒါလည်း အမျိုးသမီးတွေကို
နှိပ်တဲ့သဘောမျိုးမဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင် ယောက်ျားတွေထက် ဘ၀င်မြင့်တက်တဲ့
အမျိုးသမီးသဘာဝ (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး
မိန်းမတွေ) ကြောင့် မဂ်ဖိုလ်ကိုတကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာမာန်မာန
ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။
(သကျမင်းသားခြောက်ယောက်ရဟန်းပြုစဉ်က) ဆံသလုလင် ဥပါလိကို အရင်ရဟန်းပြုခိုင်းတာ
ကလည်း ကိုယ့်ရဲ့အမျိုးမာန် ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ရည်ရွယ်ခဲ့
တာပဲ။

ခြားနားတဲ့ယဉ်ကျေးမှုတွေ

သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစားလိုက်သွားဖူးတယ်။
ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင်မိန်းကလေးက ဇတ်ကနဲဆို
ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ဂါဝန်က
ဒူးခေါင်းဖုံးရုံလေး။ လက်အုပ်တော့ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။
မြန်မာမိန်းကလေးဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ်ဆိုမှာပေါ့။ လူနာရှင်ဟာ
ဆေးကို လက်ခလယ်နဲ့ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ်ဆိုတဲ့ သဘောလို့
မြန်မာဗိန္ဓောဆရာတွေက ယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကို
ကျန်လက်ချောင်းတွေကိုစုကွေးပြီး လက်ခလယ်တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့လူ
သေနတ်နဲ့ တောင်ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျားအင်္ဂါပုံကို
လုပ်ပြသလိုမျိုးတဲ့။ စကားမစပ် မြန်မာရုပ်ရှင် နှစ်ခု သုံးခုမှာ မင်းသားက
မင်းသမီးကို အဲဒါမျိုးလုပ်ပြတာ တွေ့ဖူးတယ်။ (မြန်မာ့ရုပ်ရှင်
အဆင့်မြင့်ရေးအတွက် ဒါရိုက်တာတွေ သတိထားဖို့ပါပဲ။) ဖိနစ်စ်မြို့
ရုက္ခဗေဒဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာကိုရီးယားအဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။
ဘာသာရေးတော်တော်ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို
ခြေထောက်နဲ့ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာရှုထောင့်နဲို့ရင်
အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲ ဘုန်းကြီးညွှန်းတာပေါ့။ အဲဒီလို
ခြားနားတဲ့ရှေးရိုးယုံကြည်စွဲလမ်းမှုတွေကို အခြေပြုတဲ့ကျားမ ခွဲခြားမှုတွေ
ရှိရာကနေ ဘာသာတရားနဲ့ရောထွေးသွားပြီး ဘုရားပေါ်မိန်းမမတက်ရ ဆိုတာမျိုးတွေ
ဖြစ်လာပုံရတယ်။

အယူအဆပြောင်းလဲခြင်း

ဝိနည်းမသင်ဖူးတဲ့ တောထွက်ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း
အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့ ဘုန်းကြီးနားကိုတိုးပေးရင်
ငယ်ပါကို သံစူး သလောက်စိတ်ဆိုးတာပဲ။ သူက ဆရာကြီးဆိုတော့လည်း ကြည့်နေရတာပေါ့။
ပတ်သက်သူ ဒကာ ဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးလို့ပဲ နားလည်နေကြပြီ။
ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လိုဖြစ်သွားနိုင်တယ်။
“စွန့်ချပေးလု ပစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ
လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလုခံရရင်၊
ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီပြောင်းသွားရင် ဒီ ၆ မျိုးကြောင့်ပဲ
အကပ်ပျက်တာပါ။) ယိုးဒယားမှာ အမျိုးသမီးလက်ထဲက အလှူပစ္စည်းကို ဘုန်းကြီးက
လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ထိပြီး ခံယူရတယ်။ ဒါပေမဲ့
ဝိနည်းအမှန်မှာ အဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး
ဝိနည်းကိုလေးစားပြရာကနေ ပြောင်းလဲ သွားတဲ့အယူအဆဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ
မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ်ကိုယ်နဲ့
ထိစပ်နေတဲ့ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)

တစ်ခုတော့ရှိတယ်။ လေးစားလွန်းလို့ ဆရာတော်ကြိးတွေ ဘုဉ်းပေးနေတုန်း ဆွမ်းခွက်ကို
ဟိုကိုင် ဒီရွှေ့မလုပ်ဘူး၊ ဘုန်းကြီးကိုကြည်ညိုလွန်းလို့ ဒကာမတွေက
ဘုန်းကြီးလက်ထဲကို အလှူပစ္စည်းကို မထည့်ဘူးဆိုရင်တော့ ကိုယ့်သဘောပဲ။
ဝိနည်းနဲ့တော့မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ် ထားလွန်းရာကနေ တည်ရှိပြီး
ရိုးရာယုံကြည်မှုတွေနဲ့ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ
မ၀င်ရဆိုတဲ့အထိ ယုံကြည်မှုပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်။

အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်

ဗုဒ္ဓ၀ါဒရှုထောင့်အရ ယောက်ျားတက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့
ငရဲမကြီးဘူးလို့မှတ်ဖို့ပါ။ မိန်းမ မတက်ရကန့်သတ်ချက်ဟာ
ရိုးရာစွဲကိုအခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့
အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊
မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီး
ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။ မိန်းမတွေတက်လို့ ၀င်လို့
မရှေးမနှောင်းမှာ တိုက်ဆိုင်မှုဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့
ယိုးမယ်စွဲကြမှာပဲ။ ဒါကြောင့် မိန်းမတွေတက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင်
လူတွေနားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ
မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီးသမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန်
ပြည်တွင်း လေယာဉ်တွေကို ဘုန်းကြီးတို့စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို
သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျားဖြစ်လျက်နဲ့
အဲဒီလို ခွဲခြားဆက်ဆံခံရသေးတာပဲ။ အချိန်ကို စောင့်ပါဦး။ လူငယ်မျိုးဆက်သစ်တွေ ဂေါပကလူကြီးဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက်ပစ္စယံမှာ အမျိုးသမီးတွေ
ပုတီးစိပ်ခွင့် ရကောင်းရပါလိမ့်မယ်။

စာရေးသူအမြင်

ဒီကိစ္စက Religious ပေါ်မှာ အခြေမခံပါဘူး။ Traditional ပေါ်မှာ အခြေခံတဲ့ကိစ္စ ဖြစ်တဲ့အတွက်၊ နှစ်ကာလကြာညောင်းတဲ့အခါ ... ဘာသာရေးအရ ခွဲခြားသလို ဖြစ်နေတာပါ။ ဗုဒ္ဓ၀ါဒမှာတော့ ဆရာတော် ပြောသလို ယောက်ျား၊ မိန်းမ ခွဲခြားတာမရှိပါဘူး။ ထူးမြတ်တဲ့အကျင့်တိုင်းကို လူတိုင်း (ကျား၊ မ မရွေး) အားထုတ်နိုင်၊ ပူဇော်နိုင်ကြပါတယ်။

တခြားအမေးအဖြေတွေကို ဖတ်ချင်ရင် http://www.burmeseclassic.com/dammaQA.php မှာ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။


ကိုရုပ်ဆိုး
၂၈-ဧပြီလ-၂၀၀၉ (၁၁း၁၉ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

Friday, January 2, 2009

Top Tips Bring You A Beautiful Life

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, December 30, 2008

ACTION Kamma - ကမ္မ

ACTION Kamma
ကမ္မ - ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စ။

ထိုကံသည်

၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံနှင့်
၂။ အကျိုးမဲ့ကို ဖြစ်စေတတ်သော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။

ထိုကုသိုလ်ကံ, အကုသိုလ်ကံသည်လည်း -

(၁) ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
(၂) နှုတ်ဖြင့် ပြောဆိုမှု ၀စီကံ၊
(၃) စိတ်ဖြင့် ကြံစည်မှု မနောကံ - ဟူ၍ သုံးမျိုးရှိသည်။

Deed, volitional action

Two types of action may be discerned:

(1) Action which destroys the unbeneficial and produces the beneficial; kusala kamma
(2) Action which destroys the beneficial and produces the unbeneficial; akusala kamma

There are three kinds of action:
(1) Physical action – k¬¬āya kamma;
(2) Verbal action – vacī kamma;
(3) Mental action – mano kamma.

မိလိန္ဒမင်း အမေးပုစ္ဆာ -

”အာယတန ငါးပါးတို့သည် ကံကြောင့် ဖြစ်ကြရသည်ဆိုသည်မှာ မှန်ပါသလား၊ မှန်လျှင် ကံတစ်ခုတည်းကြောင့်ပဲ ဖြစ်သလား၊ ကံအမျိုးမျိုးကြောင့် ဖြစ်ရသလား ဘုရား”

အရှင် နာဂသေန အဖြေ -

”မင်းကြီး၊ စက္ခုအာရုံ (စက္ခာယတန) အစရှိတဲ့ အာယတနတို့ဟာ အထူးထူးသော ကံ၊ အသီးသီးသော ကံကြောင့် ဖြစ်ကြရတာ၊ ကံ အမျိုးမျိုးကြောင့် ဖြစ်တာ၊ ကံ တစ်မျိုးတည်းကြောင့် ဖြစ်ကြတာ မဟုတ်ဘူး”

”အရှင်ဘုရား၊ နားလည်လွယ်အောင် ဥပမာနှင့် ရှင်းပြပါဦး”

”မင်းကြီး၊ ဘယ်လို ထင်ပါသလဲ၊ လယ်ကွက်တစ်ကွက်တည်းမှာ မတူတဲ့ ငါးမျိုးသော မျိုးစေ့တွေကို စိုက်ပျိုးတယ် ဆိုပါစို့၊ ဒီလို မျိုးစေ့ကွဲ အမျိုးမျိုး စိုက်လျှင် ထိုမျိုးစေ့မှ အမျိုးမျိုးသော အပင်ပေါက်ပြီး၊ အမျိုးမျိုးသော အသီး သီးကြတယ် မဟုတ်လား”

”မှန်ပါတယ် ဘုရား၊ မျိုးစေ့မတူလျှင် မတူသော သစ်ပင်များ ပေါက်ပြီး၊ မတူသော အသီး သီးကြမှာပါပဲ ဘုရား”

”ဒီအတိုင်းပါပဲ မင်းကြီး၊ ငါးပါးသော အာယတနများဖြစ်ကြတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဆိုတာတွေဟာလည်း ကံ အမျိုးမျိုးကြောင့် ဖြစ်လာကြတာပါပဲ။”

”အရှင်ဘုရား ဘာ အကြောင်းကြောင့် လူ ခပ်သိမ်းတို့ဟာ တစ်ဦးနှင့် တစ်ဦး မတူဖြစ်ကြရပါသလဲ၊ တချို့လူတွေဟာ အသက်တိုကြပါတယ်၊ အချို့ လူတို့ဟာ အသက် ရှည်ကြပါတယ်၊ အချို့လူတွေကတော့ အနာရောဂါ များကြပါတယ်၊ တချို့မှာ အနာရောဂါများ မဖြစ်ကြပါ၊ တချို့လူများမှာ လှသော အဆင်းမရှိဘဲ၊ တချို့ကျတော့ အဆင်း လှကြပါတယ်၊ တချို့မှာ တန်ခိုး သြဇာ နည်းပါးကြပါတယ်၊ တချို့မှာတော့ တန်ခိုး သြဇာ ကြီးမား ကြပါတယ်၊ တချို့မှာ ဥစ္စာနည်းတယ်၊ တချို့မှာတော့ ဥစ္စာတွေ ပေါများကြတယ်၊ တချို့က အမျိုးမြတ်ကြတယ်၊ တချို့ကတော့ အမျိုးယုတ်ညံ့ကြပါတယ်၊ တချို့မှာ ပညာနည်းကြပြီး၊ တချို့မှာ ပညာ ထက်မြက်ကြပါတယ် ဘုရား၊ ဒီလို လူမှာ မညီမမျှ ဖြစ်နေရတာဟာ ဘာကြောင့်လဲ ဘုရား”

”မင်းကြီး သစ်ပင်တွေကို ကြည့်ပါလား၊ ဘာကြောင့် သစ်ပင်တွေဟာ မတူဘဲ (မညီမညွတ်) ဖြစ်နေကြရသလဲ၊ အချို့သစ်ပင်တွေက ချဉ်ကြတယ်၊ တချို့သစ်ပင်က ငန်တယ်၊ တချို့က ခါးတယ်၊ တချို့က ချိုတယ်၊ တချို့က ဖန်တယ်၊ တချို့က စပ်တယ်၊ အဲဒါ ဘာကြောင့် မတူကြသလဲ မင်းကြီးရဲ့”

”အရှင်ဘုရား တပည့်တော် သဘောပေါက်ပါပြီ၊ မျိုးစေ့ခြင်း မတူကြလို့ပဲပေါ့ ဘုရား”

”ဟုတ်တာပ တကာတော်မင်းကြီး၊ ဒီအတိုင်းသာပ။ လူသတ္တ၀ါတွေမှာလည်း ကံတရား (ကံမျိုးစေ့)က မတူကြတဲ့ အကြောင်းကံတွေ အမျိုးမျိုး ဖြစ်နေတဲ့ အကြောင်းကြောင့် အသက်တိုသူ တို၊ အသက်ရှည်သူ ရှည်၊ အနာရောဂါ များသူများ၊ အနာရောဂါ ကင်းသူ ကင်း၊ အဆင်း မလှသူက မလှ၊ အဆင်း လှသူက လှ၊ တန်ခိုးနည်းသူ နည်း၊ တန်ခိုးကြီးသူ ကြီး၊ ဥစ္စာနည်းသူ နည်း၊ ဥစ္စာများသူ များ၊ အမျိုးယုတ်သူ ယုတ်၊ အမျိုးမြတ်သူ မြတ်၊ ပညာမဲ့သူ မဲ့၊ ပညာရှိသူ ရှိ အသီးသီး ဖြစ်နေကြရတာပဲ၊ ဒီလို အခြင်းအရာအားဖြင့် ၁၄ မျိုး ကွဲပြားနေကြတာဟာ ကံကြောင့်ပဲလို့ မှတ်ပါ မင်းကြီး”

အသက် တိုခြင်း၊ ရှည်ခြင်း

ဤလောက၌ သူတစ်ပါး အသက်ကို သတ်လေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အသက်တိုရ၏။
အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အသက်ရှည်၏။

အနာရောဂါ များခြင်း၊ နည်းခြင်း

ဤလောက၌ သတ္တ၀ါကို ညှင်းဆဲလေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အနာရောဂါများ၏။
သတ္တ၀ါကို ညှင်းဆဲလေ့မရှိဘဲ သနားကြင်နာလေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ကောင်းတတ်၏။

အဆင်း မလှခြင်း၊ အဆင်း လှခြင်း

ဤလောက၌ အမျက်ဒေါသ ကြီးသောသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အရုပ်ဆိုး အကျည်းတန် တတ်၏။
ဒေါသမကြီးသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အဆင်းလှ၏။

အခြံအရံ နည်းခြင်း၊ များခြင်း

ဤလောက၌ သူတစ်ပါး ကောင်းစားသည်ကို အနာလို ငြူစူခြင်း (ဣဿာ) တရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အခြံအရံနည်းပါးရ၏။
သူတစ်ပါး ကောင်းစားသည်ကို မနာလို ငြူစူခြင်း ကင်းသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အခြံအရံ ပေါများရ၏။

ဥစ္စာ နည်းပါးခြင်း၊ ဥစ္စာ ပေါများခြင်း

ဤလောက၌ ဒါနမပြုဘဲ မစ္ဆရိယ အားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ နည်းပါး၏။
ဒါနပြုလေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ ပေါများကြွယ်ဝ၏။

အမျိုး ယုတ်ခြင်း၊ မြတ်ခြင်း

ဤလောက၌ ခက်ထန် ထောင်လွှား မာနတရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အမျိုးယုတ်ညံ့၏။
မခက်ထန် မထောင်လွှားဘဲ နိဝါတတရား ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အမျိုးမြတ်သူ ဖြစ်ရ၏။

ပညာ မဲ့ခြင်း၊ ရှိခြင်း

ဤလောက၌ “အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အကုသိုလ် တရားပါနည်း” စသည်ဖြင့် သမဏ ဗြဟ္မဏတို့ထံ၌ မမေးမြန်းသူသည် ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုမိခြင်းကြောင့် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ပညာမဲ့သူ ဖြစ်ရ၏။


ကုသိုလ်၊ အကုသိုလ် စသည်တို့ကို မေးမြန်းလေ့ရှိသူသည် မပြုသင့်သည်ကို ရှောင်ကြဉ်၍ ပြုသင့်သည်ကို ပြုခြင်းကြောင့် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် ပညာကြီးသူ ဖြစ်ရ၏။


PDF ဖိုင်ဖြင့် ရယူလိုပါက - Download

ကျမ်းကိုး -
မဇျွိမနိကာယ်၊ ဥပရိပဏ္ဏာသ မြန်မာပြန်၊
စာ ၂၄၆-၂၅၅

ဆက်ဖတ်မယ်ဆိုရင်...

Friday, December 19, 2008

Tell my why ..........


Tell Me Why (with Lyrics)

ဆက်ဖတ်မယ်ဆိုရင်...

Nick Vujicic (သို့) ဘ၀ကို စိန်ခေါ်သူ


Nick Vujicic (သို့) ဘ၀ကို စိန်ခေါ်သူ
Think you've got it bad and need to be encouraged? Fallen down and can't get up? 
YES YOU CAN!! :-) Check this out! ...

ဆက်ဖတ်မယ်ဆိုရင်...

Thursday, December 18, 2008

သတိရတမ်းတ သံဝေဂ

အခုတလော ...... ငယ်သူငယ်ချင်းတွေဆီက မင်္ဂလာသတင်းတွေကော၊ အ,မင်္ဂလာသတင်းတွေပါ ဆက်တိုက်ကြားနေရတယ်။ ဟေ့ကောင် ... ဘယ်သူတော့ဖြင့်ဆုံးသွားပြီကွ။ ဘယ်သူ ဘယ်နေ့ကလေ ဆုံးသွားတာ မင်းမသိလိုက်ဘူးလား၊ ငါတို့ သူငယ်ချင်း ဟိုကောင်မလေးလေ ..ဆုံးသွားပြန်ပြီကွ။

အင်း ..... ဘာလိုလိုနဲ့ သေခြင်းတရားဆိုတာ ဘယ်အရွယ်မဆို တွေ့နိုင်တယ်ဆိုတာ လက်တွေ့ပြနေသလိုပဲ။ သတင်းစာထဲမှာ ငယ်ငယ်ရွယ်ရွယ်တွေ ဆုံးပါးသွားတာ မြင်နေ၊ တွေ့နေရပေမယ့် ... ကိုယ်နဲ့ မခင်၊ မချစ်ကြတော့လည်း ဒီလိုပဲ သတင်းအမှတ်နဲ့ ဖတ်လိုက်တာပဲ။

အခုလို သံယောဇဉ်ရှိတဲ့လူတွေ၊ ခင်ခင်မင်မင် ပေါင်းလာခဲ့တဲ့လူတွေ၊ တစ်ယောက်ပြီး တစ်ယောက် ခွဲခွါသွားတဲ့အခါ ... သြော် . ငါ့အလှည့်လည်း ဘယ်တော့လည်းလို့ စဉ်းစားလိုက်တော့ “မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး”ရဲ့ “သတိရတမ်းတ သံဝေဂ”လေးကို သတိရမိတယ်။

ကံစေရာနောက် ကောက်ကောက်ပါအောင်
ပုန်းရှောင်မရ ငါလိုက်ရပြီ
ငါကအမှန် မလိုက်ချင်သေးပါ ....။

ဖွေရှာသိုမှီး ပစ္စည်းရွှေငွေ အထွေထွေနှင့်
ငါ့အိမ်၊ ငါ့မြေ၊ စည်းစိမ်ဥစ္စာ ရတနာကို
ငါကခုံမင် မစွန့်ချင်လည်း
ငါပင်စွန့်ရ ပစ်ခဲ့ရပြီ
ငါကအမှန် မစွန့်ချင်သေးပါ ....။

(သြော်) မလိုက်မနေ နေချင်မရ
မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ။
ကံကစီမံ ငါ့ကံအတိုင်း အချိန်းပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း ဘ၀ကြမ်းပြင် ခရီးနှင်ပြီ
ငါသည်အရင် သွားနှင့်ပြီ ....။

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, December 17, 2008

၂၀၀၉-ခုနှစ် ပွဲတော်ရက်များနှင့် မြန်မာပြက္ခဒိန်

ကျနော့ သူငယ်ချင်းတွေအတွက် ၂၀၀၉-ခုနှစ် မြန်မာပြည်မှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်ရက်လေးများနဲ့ မြန်မာပြက္ခဒိန်လေးကို ဝေမျှပေးချင်တယ်ဗျ။

မြန်မာပြက္ခဒိန်က ကျနော် ၂၀၀၇-ခုနှစ် နှစ်ကုန်ပိုင်းလောက်က ၂၀၀၉-ခုနှစ်အတွက် ကြိုတင်ဆွဲထားတာဆိုတော့ တချို့ပွဲရက်လေးများ အတိမ်းအစောင်းရှိရင် နားလည်ပေးကြပါ။ လိုအပ်သလို သုံးလို့ရတယ်ဗျာ၊ တတ်နိုင်သရွေ့ စုံအောင်လုပ်ထားပေမယ့် ကိုယ်အရပ်နဲ့ ကိုယ့်ဇာတ်လုပ်ကြတဲ့ ပွဲတော်တွေကြတော့ ကျနော်မသိတဲ့အတွက် မပါမိခဲ့ရင်လည်း လမ်းညွှန်ပေးကြဗျာ ......။

၂၀၀၉ - ခုနှစ် နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဗျာ။

၁။ ၂၀၀၉-ခုနှစ် မြန်မာပွဲတော်ရက်များ
၂။ မြန်မာပြက္ခဒိန်

ကိုရုပ်ဆိုး
၁၇-ဒီဇင်ဘာ-၀၈ (၁၅း၁၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, October 1, 2008

Don't be angry

Forward Email လေးက ရတာပါ။ Don't be angry တဲ့။ မူရင်းအတိုင်း တင်ပေးလိုက်တယ်။

==============================
သူငယ်ချင်းတို့ရေ...
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။


ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

ကိုရုပ်ဆိုး
၀၁-အောက်တိုဘာ-၀၈ (၁၄း၁၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 30, 2008

“G-talk ဦးတည်ချက် (၄)ရပ်”

ဒီနေ့ သူငယ်ချင်းတစ်ယောက် အီးမေးလ်ကနေပို့လိုက်တာ “G-talk ဦးတည်ချက် (၄)ရပ်” တဲ့။ ဖတ်ကြည့်တာ ရယ်ရလို့ တင်ပေးလိုက်တယ်။

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 26, 2008

မြန်မာတိုင်းမ်မှ ဆောင်းပါးအား ဝေမျှခြင်း

၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် (သောကြာနေ့)ထုတ် The MYANMAR TIMES မှ ပြည်တွင်းဆောင်းပါး၊ စာမျက်နှာ (၁၁)မှ မောင်ရေစင် ရေးသားတဲ့ “အိုင်စီအက်စ်များအတွက် မြန်မာစာ”ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လောကဓာတ်ကျောင်းခေါ် အရပ်သားဆရာများပို့ချသည့် စာသင်ကျောင်းသည် ၁၈၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်သည့် အဖွဲ့အစည်းမှာ ထိုခေတ်အခါက မြန်မာပြည်အောက်ပိုင်းကို အုပ်ချုပ်နေပြီဖြစ်သော အင်္ဂလိပ်ကိုလိုနီအစိုးရဖြစ်ပေသည်။ သက်ငယ်မိုး၊ ထရံကာ၊ သစ်သား မြေစိုက်တစ်ထပ်ကျောင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး ရို့စ် (Rev Rose)က ကျောင်းအုပ်အဖြစ် ဆောင်ရွက်ပြီး၊ လက်ထောက်ဆရာနှစ်ယောက် ခန့်ထားခဲ့၏။ မြန်မာစာဖြင့်သာ ပို့ချပြီး အင်္ဂလိပ်စာသင်ယူမည့် ကျောင်းသားဦးရေကို ၃၅ ဦးထိသာ ကန့်သတ်ထားခဲ့သည်။ ထိုကျောင်းမှာ ၁၈၆၀-၆၁ စာသင်နှစ်အထိသာ ရပ်တည်ခဲ့၏။

ခရစ်ယာန်သာသနာပြုအဖွဲ့များ၏ စာသင်ကျောင်းများ

ခရစ်ယာန်ဘုန်းတော်ကြီ ဘီဂန်းဒတ် (Bishop Bigandet) နှင့် လက်ထောက်ဆရာသုံးဦးတို့ စတင်ဖွင့်လှစ်သော စိန်ပေါကျောင်း (St. Paul’s School)ကို ၁၈၅၉ ခုနှစ်တွင်လည်းကောင်း၊ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ မစ္စတာဗင်တန် (Mr Vinton)ဦးစီးသော စာသင်ကျောင်းကို ၁၈၆၁ ခုနှစ်တွင် ကြည့်မြင်တိုင်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။ အင်္ဂလီကန်ခရစ်ယာန် သာသနာပြုအဖွဲ့၏ ဒိုင်အိုဆီဇင် ကျား-မ ကျောင်းများ (Diocesan boy’s and girl’s schools)ကို ၁၈၆၂ ခုနှစ်တွင် စတင်တည်ထောင်လိုက်ပြီး၊ ခရစ်ယာန်ဘုန်းတော်ကြီး ဂျေအီမာ့ခ် (Rev. J.E.Mark)၏ စိန်ဂျွန်းကောလိပ် (St. John’s College)မှာ ၁၈၆၄ ခုနှစ်တွင် ရပ်တည်လာခဲ့သည်။ ထို့နောက်တွင် မစ္စကွတ် (Miss Cook)ဦးစီးသော စိန်မေရီ မိန်းကလေးကျောင်း (St. Mary’s girls school) ၁၈၆၆ ခုနှစ်၊ နှစ်ခြင်းခရစ်ယာန်အဖွဲ့၏ အလုံ တန်းမြင့်ကျောင်း၊ ၁၈၇၂ နှစ် စိန်ဂျွန်တိုးချဲ့ကျောင်း၊ ကြည့်မြင်တိုင် စိန်မိုက်ကယ် (St. Michael’s school)တို့သည် အသီးသီး ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုကျောင်းမှာ ၁၈၇၈ တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အစိုးရလေ့ကျင့်ရေးကျောင်း

အစိုးရကတည်ထောင်သော ၀န်ထမ်းလေ့ကျင့်ရေးကျောင်းသည် ၁၈၆၇ ခုနှစ်တွင် ပေါ်ပေါက်လာပြီး၊ ၁၈၇၄ ခုနှစ်တွင် ယောက်ျားလေးတန်းမြင့်ကျောင်းအဖြစ် ပြင်ဆင်ဖွင့်လှစ်ကာ လေ့ကျင့်ရေးကျောင်းကို ပူးတွဲထားရှိခဲ့သည်။ မိန်းကလေးတန်းမြင့်ကျောင်းမှာ ၁၈၇၃ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုခေတ်အခါတွင် ရှိနေပြီးဖြစ်သော စာသင်ကျောင်းအသီးသီးတွင် သင်ကြားရန် ယေဘုယျသတ်မှတ်ထားသော ဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ မြန်မာစာစီစာကုံး၊ ကမ္ဘာ့သမိုင်း၊ ပထ၀ီဝင်၊ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာနှင့် ဂဲအော်မစ်ထရီ ဘာသာရပ်တို့ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံပညာရေးဌာန

၁၈၆၆ ခုနှစ်တွင် ကိုလိုနီအစိုးရသည် ထိုခေတ်အခေါ် ပညာမင်းကြီး (Director of Public Instruction) တစ်ဦးကို ခန့်ထားပြီး ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဖွင့်လှစ်ပြီးသည့် စာသင်ကျောင်းအရေအတွက်မှာ လွန်စွာ နည်းနေသေးပေသည်။ သီပေါမင်း ပါတော်မူပြီးနောက် ပညာရေးဌာန တိုးချဲ့ဖွဲ့စည်းသည့်အခါ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ဒေသသုံးခု သတ်မှတ်ခဲ့သည်။ ဒေသတစ်ခုချင်းစီတွင် အထက်တန်း ပညာဝန် (Senior Inspector of Schools) တစ်ဦး၊ ပညာဝန် (Inspector of Schools) တစ်ဦးစီ ခန့်ထားကာ လက်အောက်မြို့နယ်များတွင် ပညာအုပ် (Deputy Inspector of Schools) တစ်ဦးစီတို့ကို တာဝန်ပေးခန့်အပ်ခဲ့သည်။ စာသင်ကျောင်းများ နိုင်ငံအနှံ့ တိုးချဲ့ဖွင့်လှစ်လာသည့်အခါ အိန္ဒိယကျောင်းများ၏ ပုံစံကိုအခြေခံသည့်စနစ် ကျင့်သုံးကြောင်းတွေ့ရ၏။ ထိုစနစ်မှာ ၁၈၃၃ ခုနှစ် အိန္ဒိယ ပညာရေးပုံစံ ပြင်ဆင်ရေးဆွဲစဉ်က အကြံပေးပုဂ္ဂိုလ် မက်ကောလေး (Mr. MacCauley)၏ အကြံပြုစာတမ်းနှင့် ၁၈၅၄ ခုနှစ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် ဆာချားလ်စ်ဝုဒ် (Sir Charles Wood)တင်ပြသော စာသင်ကျောင်းပုံစံများ ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထိုခေတ်အခါက စာသင်ကျောင်းသုံးမျိုးရှိခဲ့သည်။ ပထမအမျိုးအစားမှာ ဘာသာရေးမဖက် ပညာရေးသက်သက် အတွက် မြန်မာဘာသာဖြင့် သင်ကြားပို့ချသည့် ကျောင်းများ (Secular Vernacular Schools)၊ ဒုတိယ အမျိုးအစားမှာ အင်္ဂလိပ်စာရော မြန်မာဘာသာဖြင့်ပါ ရောနှော ပို့ချသည့်ကျောင်းများ (Anglo Vernacular Schools)နှင့် တတိယအမျိုးအစားမှာ ဥရောပ ပညာရေးပုံစံနှင့် စည်းမျဉ်းများအတိုင်း ပို့ချသောကျောင်းများ (European Code English Schools) ဖြစ်ကြသည်။ မြန်မာနိုင်ငံ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်ရှိ ဒိုင်အိုဆီဇင်ကျောင်း၊ ပြင်ဦးလွင်ရှိ အင်္ဂလိပ်တန်းမြင့်ကျောင်းနှင့် တောင်ကြီး ကမ္ဘောဇကောလိပ်တို့မှာ တတိယကျောင်းအမျိုးအစားနှင့် အတိအကျ ဘောင်ဝင်သည်ဟု သိရပါသည်။

အင်္ဂလိပ်များနှင့် မြန်မာစာ

ကိုလိုနီခေတ်ဦးကာလ ၁၉-ရာစု အစောပိုင်းမှစ၍ အင်္ဂလိပ်များအဖို့ မြန်မာစာ မြန်မာစကားသည် အိန္ဒိယနိုင်ငံသုံး ဟင်ဒူစတန်နီ ဘာသာစကားလောက်ပင် အရေးမပါဟု ထင်မှတ်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် အစောပိုင်းတွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင့် (Lord Dufferin)က ရုံးတွင်းညွှန်ကြားစာတစ်စောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် သွားကြမည့် အိုင်စီအက်စ် (Indian Civil Service) များ အပါအ၀င် အင်္ဂလိပ် အဆင့်မြင့်အရာရှိများသည် မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာမှုဓလေ့ထုံးစံများကို လေ့လာထားကြရန် လိုအပ်ကြောင်း၊ နောင်တွင် ကျင်းပမည့် အိုင်စီအက်စ် စာမေးပွဲများတွင်လည်း မြန်မာမှုဆိုင်ရာ ဗဟုသုတများ မေးခွန်းတွင် ထည့်သွင်းမေးမြန်းမည်ဖြစ်ကြောင်းဖြင့် ပါရှိပါသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်အရာရှိများအနေဖြင့် မြန်မာစာပေကို အနည်းအများဆိုသလို လေ့လာစပြုလာကြသည် ဆိုပါသည်။ ထို အချိန်အခါတွင် လိုအပ်ချက်အခြေအနေကိုလိုက်၍ ပညာရှင်အချို့ကလည်း မြန်မာစာ၊ မြန်မာသဒ္ဒါရေးထုံးနှင့် ပတ်သက်သော စာအုပ်စာတမ်းအချို့ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေလာခဲ့ကြသည်။

ဗျည်းအက္ခရာ၏ပုံသဏ္ဌာန် မြန်မာအမည်တို့ကို ဖော်ပြပြီး၊ ဗျည်းအက္ခရာ၏ အခြေခံအသံထွက်နှင့် အမည်၏ အဓိပ္ပါယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြသည့်ဇယားအား PDF File အနေနဲ့ ဒီမှာ ဆွဲချလို့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုရုပ်ဆိုး
၂၆-စက်တင်ဘာ-၀၈ (၁၆း၂၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 12, 2008

အတွေးအမြင် ကို ဝေမျှခြင်း

သူငယ်ချင်းတစ်ယောက် အီးမေးလ်ကတဆင့် forward လုပ်ထားတဲ့ “အတွေး အမြင်”ဆိုတာလေးပါ။ ပို့ကတည်းက ဘယ် reference မှ မပါတဲ့အတွက် ကျနော်လည်း ဒီအတိုင်းတင်လိုက်ပါတယ်။ ရေးထားတဲ့လူကို သိရင်လည်း သူငယ်ချင်းများ ... အော်ခဲ့ကြပါအုံး ... စာရေးသူ (သို့) တင်ပြသူရဲ့ နာမည်လေး ထိုးပေးချင်လို့ပါ ....။

ဝေမျှတယ် ... အားပေးပါ....။

(၁)
သားအဖနှစ်ဦး လမ်းထွက်လျောက်ကြရင်း ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင် နောက်ဆုံးပေါ် ကားတစ်စီး ရပ်ထား သည်ကို တွေ့လိုက်သည်။
သား...."ဒီလို ကားမျိုး စီးတဲ့ လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့ လူပဲဖြစ်ရမယ်"
ဖခင်...."ဒီလို စကားပြောတဲ့ လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့ လူပဲဖြစ်ရမယ်"

အရာဝတ္ထု တစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထား အမှန်ကို ဖော်ပြ နေပြီလား...

(၂)
ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။ ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"

တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့ အမြင်တွေ ကွဲပြား တတ်ကြတယ်။ တစ်ခြားလူ လုပ်ရင် အပြစ် ရှိတယ်.... ကိုယ်လုပ် ရင်တော့ အပြစ်မရှိဘူး။

(၃)
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက် လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကို လမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆို တောင်းပန်ခဲ့သည်။ အခြားလမ်းပြ တစ်ဦးကမူ "ကျွန်တော်တို့ အခုလျောက်နေတဲ့ လမ်းကတော့ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့" ဟု ကဗျာဆန်ဆန် ပြောခဲ့သည်။

တူညီတဲ့ အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလဒ်ကို ခံစားကြရတယ်။ အတွေး ဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဘယ်လို တွေးရင် ဘယ်လို ခံစားရပါတယ်။ အကောင်း တွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင် ကိုယ်ပဲ ခံစားရပါတယ်။

(၄)
အပေါ်က ပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်မှာ ၃တန်းကျောင်းသား ကလေးများကို ဆရာမက ကိုယ့်ဆန္ဒ ဟုသော စာစီစာကုံး တစ်ပုဒ်ကို ရေးခိုင်းခဲ့သည်။ ကျောင်းသား တစ်ယောက်က သူ၏ဆန္ဒမှာ မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိ ဆရာမက ဤသို့ပြောခဲ့သည်။
"ဒီကျောင်းသားဟာ ကြီးပွားမယ့်လူ မဟုတ်ဘူး"
သို့သော် အနောက်တိုင်းရှိ ဆရာမ တစ်ဦးက "ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို အပြုံးတွေ ဖြန့်မယ့် သူဖြစ်တယ်"

တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို အကျယ် မဖွင့်ဆိုချင်ကြဘူး။

(၅)
သူတောင်းစား "၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ "ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား "ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"

တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင် စိတ်ကို လွှမ်းမိုး သွားတတ်ကြတယ်။

(၆)
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက် တစ်ခုသို့ သွားရောက်လည်ပတ်ကြသည်။
မိန်းမဖြစ်သူက ယောက်ျားအား "အော်...တစ်လမ်းလုံး ငေးလာလို့ လမ်းလျောက်တာ အဲလောက်နှေးနေ တာကိုး"

တချို့လူတွေက ဘ၀လမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲ သိပြီး လမ်းဘေး ၀ဲယာက လှပတဲ့ အရာတွေကို ခဏလောက်ရပ်ပြီး ခံစားဖို့ မေ့နေတတ်ကြတယ်။

(၇)
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား "ဖြေးဖြေးလုပ်...ဆားထည့်ဦး... ဆီများသွားပြီ... မီးပြင်းပြန်ပြီ..ငါးကို လှန်လိုက်...ဟော်...တူးပြန်ပြီ....ဟာ...အိုး စောင်းသွားပြီ" စသည်ဖြင့် ဆရာလုပ်နေသည်။
"ရှင်တော်တော့...ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား"
"မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်... မောင် ကားမောင်းနေတဲ့ အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ"

သူ့နေရာမှာ ၀င်ခံစားကြည့်မယ်။ သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 4, 2008

တစ်နိုင်တစ်ပိုင် သာသနာပြုရအောင် (၀ါ) change your fortune

ဒီနေ့ အကိုတစ်ယောက်ဆီက အီးမေးလ် ပို့လိုက်တယ်။ အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းသလို ဗုဒ္ဓဘာသာဝင်တိုင်း၊ အချိန်မရဘူးလို့ ပြောတဲ့လူတိုင်း လုပ်သင့်တဲ့ ကိစ္စလေးပါ။

“တစ်နိုင်တစ်ပိုင် သာသနာပြုရအောင်”တဲ့။ ရဝေနွယ် (အင်းမ) ရေးထားတာလေးကို၊ ဒေါက်တာခိုင်မျိုး ရိုက်နှိပ် ပူဇော်ထားတာပါ။ အရမ်းကောင်းပါတယ်။ လုပ်လည်း လုပ်သင့်တဲ့ကိစ္စလေးပါ။

ကျနော့ ညီအကို၊ အမ၊ နှမ ဘလော့ဂ်ဂါအားလုံးအတွက် ဝေမျှလိုက်ပါတယ်။ PDF ဖိုင် လေးပါ။ အောက်က လင့်ခ်လေးမှာ ကူးယူ ဖတ်ကြည့်ကြပါ။ စာတွေမပေါ်ရင်လည်း ဆီပုံးမှာ လာအော်ပေးပါ။ ကျနော် ဇော်ဂျီဖွန့် နဲ့ ပြန်ရိုက်ပြီး ထပ်တင်ပေးပါ့မယ်။

ကိုရုပ်ဆိုး
၀၃၊ သြဂုတ်လ၊ ၀၈ (၁၂း၀၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 3, 2008

Coffee Dream

ဒီနေ့ သူငယ်ချင်းတစ်ယောက်ဆီက email လေးရတယ်။ အဲဒီမှာ သူအကြိုက်ဆုံး စာသားဆိုပြီး ပါလာတယ်။ ကျနော်လည်း ဖတ်ကြည့်မိပြီး သူငယ်ချင်းတွေကို ဝေမျှချင်တာနဲ့ ကျနော့ ဘလော့ဂ်လေးပေါ်တင်ပေးလိုက်တယ်။ ကျနော့်ရဲ့ အင်္ဂလိပ်စာက အကောင်းကြီး မဟုတ်တဲ့အတွက် မြန်မာလိုမပြန်တော့ပဲ မူရင်းအတိုင်း တင်ပေးလိုက်တယ်။

=================
Coffee dream : If life is coffee, then the jobs, money and position in society are the cups. They are just tools to hold and contain life, but the quality of life doesn't change.
Sometimes by concentrating only to the cup, we fail to enjoy the coffee in it.
=================
ဝါသနာက တားမရတဲ့အတွက် ကဗျာလေးတပုဒ်ကိုတော့ ဖျစ်ညှစ်ပြီး ရေးသားတင်ဆက်လိုက်တယ်။ တခြားစီဖြစ်နေရင်လည်း ခွင့်လွှတ်ဗျာ ....

ကော်ဖီအိပ်မက် ..

ဘ၀ဟာ ကော်ဖီ ဆိုပါစို့...။

အလုပ်တွေ၊ ငွေတွေ၊ ရာထူးတွေ
ဂုဏ်ပကာသနတွေဟာ
ခွက်တွေ ဆိုပါစို့ ...။

သူတို့ဟာ ...
ဘ၀ အတွက်

တကယ်ဆို ..
ဘ၀ရဲ့ အရည်အသွေး
တည်တံ့စေဖို့အတွက်တော့
အထောက်အပံ့ (ပစ္စည်း)တစ်ခုသာ ..။

ဒါပေမယ့် ...
ခွက်ကိုသာ အာရုံနှစ်ခဲ့ရင်တော့
ခွက်ထဲက ချိုမြိန်တဲ့ ဘဝ
မင်းဘယ်လို ... သောက်သုံးနိုင်မလဲ...။

စဉ်းစားပေါ့ကွာ
အတုအယောင်ပေါ်မှာ အာရုံထား
မင်း လမ်းသလားခဲ့ရင်တော့
ချိုမြိန်တဲ့ ဘ၀ ဆိုတာ
လက်ရဲ ဇက်ရဲ
ဇတ်ကနဲ ယူသောက်တဲ့
လူတစ်ယောက်အတွက် ဖြစ်သွားမယ် ....။

ကိုရုပ်ဆိုး
၀၃၊ သြဂုတ်လ၊ ၀၈ (၁၃း၂၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, August 12, 2008

ပုခက်လွှဲသောလက်သို့ ပေးစာ

မင်္ဂလာရှိသော နေ့လည်ခင်းပါ သူငယ်ချင်းများ ....

ဒီနေ့မနက် ကျန်ရှိနေတဲ့ email အကြွေးတွေဖတ်ရင်း forward လုပ်ထားတဲ့ email ကနေ ဖတ်မိတဲ့ပို့စ်လေးတစ်ခုကို သူငယ်ချင်းများအားလုံးအတွက် ဝေမျှလိုက်ပါတယ်။ ကိုယ်ကိုတိုင်ကတော့ ဒီအချိန်မှာ ဘလော့ဂ်တွေလည်လိုက် ဖတ်ကောင်းရင် ဝေမျှလိုက်ဆိုတဲ့ ကိစ္စလေးတစ်ခုပဲ လုပ်နိုင်လို့ပါ :)

မင်းသစ္စာရဲ့ မင်းသစ္စာ ဆိုတဲ့ blog က ပို့စ်လေးတစ်ခုပါ။ “ပုခက်လွှဲသောလက်သို့ပေးစာ” တဲ့။ မူရင်း ဘလော့ဂ်သို့ အလည်သွားရင်းဖတ်ကြည့်မယ်ဆိုရင် ပိုကောင်းမယ်။ သူ့ရဲ့ တခြားလက်ရာလေးတွေကိုလည်း ခံစားလို့ရတာပေါ့။

အကြောင်းအရာကဏ္ဍပေါင်းစုံကို ဖတ်ရမယ့်အပြင် အခြားဗဟုသုတရစရာ၊ သိသင့်စရာလေးတွေကိုလည်း ဖတ်ရမှာပါ။ အမှတ်မထင်ဖြစ်ခဲ့တဲ့ ကာတွန်းကားနောက်ခံသီချင်းကို အဓိပ္ပါယ် ဖွင့်ဆိုပုံလေးတွေက တက်ကြွစရာပါ။

ဆက်ဖတ်မယ်ဆိုရင်...