Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 28, 2008

နာဂစ်ရှေ့မှာ ဦးမော့ခြင်း

မေလ (၂၃)ရက်နေ့မှာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ အထိသွားရောက် လှူဒါန်းပြီးပြန်လာတော့ အားလုံးရဲ့ရင်ထဲမှာ အလိုမကျမှုတွေ ကိန်းအောင်းပြီးပြန်လာခဲ့ရတယ်။ အလိုမကျမှုဆိုတာ ”ဒီလူတွေလောက်ပဲ လှူဒါန်းပြီး တာဝန်ကျေပြီလားဆိုတာပါ”။ မကျေနပ်ဘူး။ နောက်တကြိမ် .. နောက်တစ်နေရာကိုသွားကို သွားဦးမယ်။
ဒီလိုပဲ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ပြန်ရောက်ပြီး နောက်တနေ့ မုန်းတိုင်းခံ ဒေသက လူတစ်ယောက်ရယ်၊ ရုံးကလူတစ်ယောက်ရယ် လေ့လာရေးခရီးအရင်သွားတယ်။ သူတို့ပြန်လာတာနဲ့ ဘယ်ရွာသွားမယ် ...၊ ဘာတွေလှူမယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားလိုက်တယ်။ ပြီးတော့ ၀ယ်တယ်၊ ထုပ်ပိုးတယ်၊ ကားငှားတယ်၊ .......၊ ......၊ .....၊ ..... တယ်။ ကဲ တော်တော်များများစုံပြီ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ဆေး၊ ဖိနပ်၊ အမိုးအကာ၊ စားစရာ၊ သဘက်၊ ... စတာတွေဝယ်ပြီးပြီ။ မနက်ဖြန်မနက် ၆း၀၀နာရီ စထွက်မယ်။ ကားနဲ့ ကွမ်းခြံကုန်းအထိသွားပြီး၊ အဲဒီကနေတဆင့် မော်တော်နဲ့ ၁း၃၀ လောက်ဆက်သွားရင် ရောက်ပြီ။ ပြန်လာမှ ပုံတွေ တင်မယ်ဗျာ။ မိုးထဲရေထဲ သွားရမှာဆိုတော့ ရန်ကုန်သားတွေ နည်းနည်းတော့ကြောက်တယ်။ ဒါပေမယ့် နာဂစ်ရှေ့မှာ ဦးမော့လို့ ရောက်အောင်ကိုသွားမယ်။

ဆက်ဖတ်မယ်ဆိုရင်...

ဘေးဒုက္ခကြောင့်စိတ်ဓါတ်ကျမှုကို ဘယ်လိုဖြေရှင်းမလဲ?

အောက်ပါ link များကို နှိပ်၍ ဖတ်ကြည့်ပါ။

1) Psych 1st Aid-Supporting Well-Being
2) Resilience For Kids and Teens - Guide For Parents and Teachers
3) Tips for Helping after Disasters - Adolescent
4) Tips for Helping after Disasters - Preschool
5) Tips for Helping after Disasters - School Age Children

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 27, 2008

IT Husband

E-mail ပေါ်မှာ ပျံ့နေတဲ့ ဟာသလေးတစ်ပုဒ်ပါ။ ကွန်ပျူတာ ဘာသာစကားတွေကို မြန်မာလိုဘာသာပြန်ဖို့ အခက်အခဲရှိတာရယ်၊ အနီးစပ်ဆုံးပြန်ရင်တောင် ရယ်စရာမကောင်းတော့မှာကို တွေးပူပြီး မူရင်းအတိုင်းဖော်ပြပေးလိုက်တယ်။
Starting the day with a conversation between a wife and a husband whohappens to be a software engineer.
Husband :(Returning late from work) "Good Evening Dear, I'm now logged in."
Wife :Have you brought the grocery?
Husband :Bad command or filename.


Wife :But I told you in the morning
Husband :Erroneous syntax. Abort?
Wife :What about my new TV?
Husband :Variable not found ...
Wife :At least, give me your Credit Card, I want to do some shopping.
Husband :Sharing Violation. Access denied...
Wife :Do you love me or do you only love computers or are you just being funny?Husband :Too many parameters ...
Wife :It was a great mistake that I married an idiot like you.
Husband :Data type mismatch.
Wife :You are useless.
Husband :It's by Default.
Wife :What about your Salary?
Husband :File in use ... Try after some time.
Wife :What is my value in the family.
Husband :Unknown Virus.

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, May 21, 2008

အော်ပီကျယ်၏ လက်ရာများ (၁)

လူတော်တော်များများ တကွက်ဟာသ၊ သရော် ကာတွန်းတွေကိုကြိုက်နှစ်သက်ကြတယ်။ ကျနော်လည်းအပါအ၀င်ပေါ့။ ကျနော့ဆီမှာ ရှိတဲ့ ”အော်ပီကျယ်ကာတွန်းများ-တတိယအစု”ထဲက ကောင်းနိုးရာရာလေးတွေကို ရွေးပြီးတင်ပေးလိုက်တယ်။ နောက်ထပ် ကျနော့အနေနဲ့ email ကနေတဆင့် ရောက်ရောက်လာတဲ့ Internet Funny Jokes (Cartoon or Text) တွေကို blog မှာ တင်ချင်တယ်ဗျာ။ လူတိုင်း ဖတ်ဖူးကြပေမယ့် တစုတစည်းထဲ Blog တခုထဲမှာ ဖြစ်စေချင်လို့ပါ။ ထင်မြင်ချက်လေးတွေလည်း ပေးခဲ့ကြပါဦး။


အိမ်



မဟုတ်မခံ





မီးလာမှာ တကယ်လား?




ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 20, 2008

Scroll Box ပြုလုပ်ခြင်း

Myanmar Blogger Helpdesk က ကိုရန်အောင် က ဒီလို ညွှန်းထားပါတယ်။

ခင်ဗျားက စာပိုဒ်အရှည်ကြီးတစ်ခုကို အကိုးအကားအနေနဲ့ ပြချင်တယ်. အကုန်လုံးကို ရိုက်ပြလိုက်ရင်လည်း ခင်ဗျားရဲ့ ပို့စ်က အရှည်ကြီး ဖြစ်သွားမယ်. အဲလိုမျိုးဆိုရင် ခင်ဗျားပေးချင်တဲ့ မက်ဆေ့ခ်ျကေ၀၀ါးသွားမယ်. ခင်ဗျားလုပ်ချင်တာက အဲဒီ့ အကိုးအကား စာပိုဒ်လေးကို ထည့်ပေးထားပြီး စာဖတ်သူက ဖတ်ချင်ရင် Scroll Down/Up လုပ်ပြီး ဖတ်၊ တကယ်လို့ ဓာတ်ပုံတွေ အများကြီး တင်ချင်တယ်ဆိုရင်လည်း ဒီလို Scroll box လေးထဲ ထည့်ပြီး ပြထားလိုက်ရင် ဓာတ်ပုံ အယ်လ်ဘမ် တစ်ခု ပုံစံမျိုးလေး ဖန်တီးလို့ရမယ်၊ စာဖတ်သူက ပုံတွေကို သူလိုသလို၊ ကြိုက်သလို Scroll Down/Up လုပ်ပြီး ကြည့်. ဒါမျိုးပေါ့ဗျာ.

နမူနာလေး ကျနော်လုပ်ကြည့်ထားတာပါ။
Original Post က ဒီနေရာ လေးမှာပါ။




ချစ်လှစွာသော သမီးနှင့် သား



ဆက်ဖတ်မယ်ဆိုရင်...

Monday, May 19, 2008

နာဂစ် အလှူဒါန

ပြီးခဲ့တဲ့ စနေနေ့ (၁၇ မေ၊ ၂၀၀၈)မှာ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဖက်ကို ကျနော့်ရုံးကအဖွဲ့နဲ့ သွားခဲ့တယ်။ ဒုက္ခရောက်နေတုန်း လူတွေအများကြီးပဲ။ အဲဒီနေ့က နည်းနည်းပဲ လှူဒါန်းနိုင်တဲ့အတွက် စိတ်မကောင်းဘူး။
အဲဒီတော့ ကျနော်တို့ ဆုံးဖြတ်ချက်ထပ်ချလိုက်တယ်။ နောက်တကြိမ် ပစ္စည်းများများနဲ့ ထပ်သွားကြမယ်လို့။ တနင်္ဂနွေနေ့ မနက်ကတည်းက ဖုံးတွေဆက်၊ လူကိုယ်တိုင်သွားပြီး နိုးဆော်လိုက်တဲ့အခါ
(၁) ဆန်အိတ်များ၊
(၂) ဆေးဝါးများ၊
(၃) အ၀တ်အထည်များ၊
(၄) မိုးကာဖျင်စများ၊
(၅) စားစရာများ၊
(၆) ပန်းကန်ခွက်ယောက်များ (လတ်တလော မ၀ယ်ရသေး)
စသည့် စသည့်ဟာများကို ကောက်ခံရရှိပြီး၊ သောကြာနေ့ (၂၃ မေ၊ ၂၀၀၈) နံနက် ၆း၀၀နာရီကစပြီး သွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခရီးစဉ် အသေးစိတ်နဲ့ လှူဒါန်းသမျှကောင်းမှုအစုစုကို သွားလှူပြီးမှ ထပ်တင်ဦးမယ်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 13, 2008

PeekABoo အားကျော်ဖြတ်ခြင်း

ဒုတိယ စမ်းသပ်ခြင်းပါ။

ဟား ဟား ဟား ရလည်း မရဘူးလို့ မထင်လိုက်ပါနဲ့။ဝမ်းဗိုက်ရဲ့ နေ့လည်စာတောင်းဆိုချိန်ကိုတောင် ကျော်လွန်ပြီး Blog အမျိုးမျိုးကိုဖတ်၊ Google မှာမွှေနဲ့ နောက်ဆုံးအောင်မြင်သွားတဲ့အခါ ၀မ်းလည်းသာသလို၊ လမ်းစဖော်ပေးတဲ့ ရွှေပြည်သူရော၊ တခြား ညီအကို blogger များကိုကော ကျေးဇူးတင်ပါတယ်ဗျာ။စမ်းသပ်ချင်တယ်ဆိုရင်တော့ အောက်က blog တွေမှာ ဖတ်ပြီးလေ့လာလို့ရပါတယ် ခင်ဗျာ။
၁) beautifulbeta.blogspot.com
၂) mmbloggershelpdesk.blogspot.com
၃) the-blogger-templates.blogspot.com

ဆက်ဖတ်မယ်ဆိုရင်...

အလှဆုံး အ၀တ်အထည်များ

သူမက ပြောတယ် အလှဆုံး အ၀တ်အထည်များ တဲ့။ နောက်ပြီး ကိုယ့်အတွက်တော့ ဘီဒိုရဲ့ဟိုးထောင့်ဆုံးမှာ ထည့်ထားတဲ့ သာမာန်အင်္ကျီလေး တစ်ထည် ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အဲဒါလေးက သူတို့အတွက်တော့ အခုချိန်မှာ အအေးဒဏ်နဲ့ကိုယ်ခန္ဓာကို ကာကွယ်ပေးမယ့် တန်ဖိုးကြီးပစ္စည်းတစ်ခုဖြစ်တယ် ဆိုတာကို အမြဲသတိရပေးပါနော်...”ဒီ post လေးကို ရေးသားထားတဲ့ ညီမငယ် ရွှေပြည်သူ အတွက် ဂုဏ်ယူမိပါတယ်။ မူရင်းရေးသားသူရဲ့ blog ထဲကို ၀င်ရောက်လေ့လာ ဖတ်သားဖို့အတွက် link လေး ထည့်ပေးလိုက်တယ်။သွားရောက်လည်ပတ်ကြည့်ပါ။ကျေးဇူးပဲ ရွှေပြည်သူ။

ဆက်ဖတ်မယ်ဆိုရင်...

မုန်တိုင်းခံ ဒေသများသို့

တဆင့်တဆင့် ကူးယူဖော်ပြပေးပါ။ စာအုပ်ငယ်များပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ဖြန့်ချိပေးနိုင်သည်အထိ ကူညီပေးပါ။ (“ရွှေပြည်သူ”ရဲ့Blog က ကူးယူဖော်ပြတာပါ။ မူရင်းရေးသားသူကိုရော ညီမငယ် ရွှေပြည်သူ ကိုပါ အထူးကျေးဇူးတင်ပါတယ်။)

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ

  • အမှန်တကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိဘဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်။
  • အမြဲတမ်း သတိရှိပါ။ (လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။)
  • ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟု ထင်လျင် လုံးဝမ၀င်ပါနှင့်။
  • ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ဘဲနှင့် လုံးဝ မသွားပါနှင့်။ ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ များအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
  • ရေစီးကြောင်းများ၏ အနက်နှင့် ရေစီးအရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
  • တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။
  • ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။

အစားအသောက် ပေးလှူလိုသည်ဆိုလျင် အောက်ပါအချက်များအား စဉ်းစားပါ။

  • ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
  • လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
  • ကယ်လိုရီနှင့် ပရိုတိန်း များများပါသော အစားအစာများ
  • ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများဥပမာပေးထားသည့် အစားအစာများမှာ - စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင်များစွာပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုး ဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။

ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

  • စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာ လိုအပ်ပါသည်။
  • ပုလင်းသွတ်ထားသည့် အစားအစာများ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်။)
  • အစေ့မှရသည့် အစားအစာများ (ဆန်နှင့်ပဲအစရှိသည်)သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများအနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

  • နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
  • အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
  • ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
  • ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
  • လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံး ရေ (၁) ဂါလန် လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံး အောက်ပါပစ္စည်းများ လိုအပ်ပါသည်။

  • အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
  • ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
  • ကလိုရင်း ဆေးရည်
  • ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
  • အိမ်သာသုံးစက္ကူ
  • အိမ်သာဘယ်လိုဆောက်မလဲ - ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ်အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံး အပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်ပါသည်။

ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ -

  • အရက်ပျံနှင့် ပွတ်သပ်သန့်စင်ခြင်း
  • အရက်ပျံပါသည့်လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
  • ရေပတ်တိုက်ခြင်း
  • Towelette များ အသုံးပြုသန့်စင်ခြင်း
  • မျက်နှာလိမ်းသည့်ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
  • စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်းရေချိုးခြင်း တို့ဖြစ်သည်။

ဆက်ဖတ်မယ်ဆိုရင်...

If someone feels that ...

If someone feels that they had never made a mistake in their life,
then it means they had never tried a new thing in their life ...
Einstein

လူတယောက်ဟာ သူ့ဘ၀မှာ အမှားတခါမှ မလုပ်ခဲ့ဖူးဘူးလို့ ခံစားမိခဲ့ရင်,
အဲဒါက သူဟာ တခါမှ လမ်းသစ်ထွင်ဖို့ မကြိုးစားခဲ့ဖူးဘူးလို့ ဆိုလိုတာပဲဖြစ်တယ်။
အိုင်းစတိုင်း

ဆက်ဖတ်မယ်ဆိုရင်...

Three sentences for getting success

Three sentences for getting success;
a) Know more than others ...
b) Work more than others ...
c) Expect less than others ...
William Shakesphere

အောင်မြင်မှုအတွက် သော့ချက် (၃)ခု
က) သူများထက် ပိုသိအောင်လုပ်ပါ
ခ) သူများထက် ပို အလုပ် လုပ်ပါ
ဂ) သူများထက် မျှော်လင့်ခြင်း (ပြန်ရလိုမှု) နည်းအောင် နေပါ။
ဝီလီယမ် ရှိတ်စပီယား

ဆက်ဖတ်မယ်ဆိုရင်...

If we cannot love ....

If we cannot love the person whom we see,
how can we love God whom we cannot see ...
Mother Teresa

မြင်နေရတဲ့ လူတွေကိုသာ သင် မေတ္တာစိတ်မရှိခဲ့ရင်,
မမြင်နိုင်တဲ့ ဘုရားသခင်ကို ဘယ်လို မေတ္တာထားမှာလဲ ...
မာသာထရီဆာ

ဆက်ဖတ်မယ်ဆိုရင်...

Saturday, May 10, 2008

သေအတူ ရှင်မကွာ ...

သူငယ်ချင်းတယောက်ရဲ့ အညွှန်းအရ နိုင်းနိုင်းစနေ ရဲ့ blog ကို ၀င်ကြည့်တဲ့အခါ အရမ်းကြေကွဲစရာကောင်းတဲ့ ပုံလေးတပုံကိုတွေ့ခဲ့တယ်။ နိုင်းနိုင်းစနေ ပြောသလိုပါပဲ ”ကရုဏာမျက်လုံးနဲ့ကြည့်ပါ ... ကြောက်စရာမကောင်းပါဘူး ...”အမေတယောက်က သူ့ကလေးတွေ လေနှင့်အတူ လွင့်ပါမသွားအောင် လက်တွေကို ကြိုးနဲ့ခိုင်အောင်ချည်နှောင်ပေးထားခဲ့ပေမယ့် ...အားလုံးအတွက် ဓါတ်ပုံလေးကို ပြန်တင်ပေးလိုက်ပါတယ်။



ဒီနေရာမှာ ”ကိုယ့်ကလေးတွေသာဆိုရင်” ဆိုတဲ့ အတွေးမျိုး ကျနော် တွေးကြည့်မိတဲ့အခါ ... ... ;::(

ဆက်ဖတ်မယ်ဆိုရင်...

Friday, May 9, 2008

ကျေးဇူးရှင်များသို့ ဦးညွတ်လျှက်

ကျေးဇူးရှင်များသို့ … …

ဘ၀မှာ မိစ္စာစိတ် မများ
မုဒိတာစိတ် အမြဲပွားတဲ့
ကျေးဇူးရှင် လယ်သမားများကိုမှ
နာဂစ်မုန်တိုင်းက ၀င်မွှေ
အိုးအိမ်တွေမဲ့၊ အသက်တွေပျက်လို့
ခိုကိုးရာက မဲ့၊ စားစရာက ချို့တဲ့
မိသားစုတွေ တ၀က်တပျက်
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

မှောင်မှောင်မဲမဲ ညနက်ကြီးထဲ
ပြေးစရာမြေမရှိ
ရေအတိပြီးနေတဲ့ ကုန်းမြေမှာ
မုန်တိုင်းက အော်
လူတွေက တကြော်ကြော်နဲ့
ညမြင် မနက်ပျောက်
လောကဓံရဲ့ လှိုင်းတံပိုးအောက်မှာ
အသက်ပျောက်ခဲ့ရတာ
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

လူသားတွေရဲ့အဟာရ
ဆန်စပါး စိုက်ပျိုးမယ်ဟလို့
ထွန်ရေးပြခဲ့တဲ့ လယ်တစ်ကွက်
မနက် နေထွက်တော့ ဘယ်မလဲ ...
ထွေးညိုရေ …၊ အရီးတုတ်ရေ …၊ ဘကြီးမြရေလို့
တကြော်ကြော် အော်ဟစ်
အသံတွေ ကုန်ရစ်လည်း
ပြန်ထူးသံမကြား
သုသာန်တစပြင် အလားပဲလေ ...။

နီနာပဲဖြစ်ဖြစ်၊ မာလာပဲဖြစ်ဖြစ်၊ နာဂစ်ပဲဖြစ်ဖြစ်
နောက်တကြိမ် လာခဲ့မယ် ဆိုရင်တော့ဖြင့်
မြို့ပြရဲ့ အလှ ပျက်သုန်းပါစေ …
ဇိမ်ခံပစ္စည်းတွေ ပျက်စီးပါစေ …
ဦးကြီးတို့ရဲ့ အသက်
ဦးကြီးတို့ရဲ့လယ်တကွက်နဲ့
ပြုံးပြုံးကြီး ဖလှယ်ရက်ပါတယ် …။

ရောက်လေရာဘုံဘ၀မှာ
ဆိုးကြိုးတွေဘေးရှောင်
ကောင်းမှုတွေ တပွေ့တလှောင်နဲ့
သုခကိုခံစား ဘုံအမြင့်မှာ စံစားပါစေလို့
မြတ်ဘုရားရှေ့မှာဦးခိုက်
ဆုတောင်းလိုက်ပါတယ်ဗျာ …။
ရုပ်ဆိုး (၉-၅-၀၈)
အထက်ပါ ဓါတ်ပုံအား
media.theaustralian မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 6, 2008

ဒုက္ခိတ ပျားတုတ်တဲ့နေ့ (မေလ ၂-၃၊ ၂၀၀၈ ခုနှစ်)

“ဒုက္ခိတ ပျားတုတ်တယ်“ဆိုတဲ့ စကားပုံလေးကို အမှတ်မထင်ရှိခဲ့တာ အမှန်ပါ။ ဒါပေမယ့် လက်တွေ့ခံစားလိုက်ရတဲ့အချိန်မှာ ဘယ်လိုပြန်ပြောရမလဲဆိုတာ မသိခဲ့ရိုးအမှန်ပါ။ မုန်တိုင်းသတင်းကို ကြိုတင်သိပေမယ့် တခါမှမကြုံဖူးတော့ ည ၈း၃၀ လောက်မှ အိမ်ကိုပြန်ဖြစ်တာပါ။ နာဂစ် တော့ မလာဖြစ်တော့ပါဘူးလို့ ထင်ပြီး၊ စောစောအိပ်ယာဝင်ခဲ့တာပါ။ ဒါပေမယ့် လာမယ့် လာတော့လည်း မတိမ်းမစောင်း ဗိန်းမောင်းနဲ့ပါ။ တစ်ညလုံး ငုတ်တုတ်ထိုင်နေရပြီး၊ မျက်စိနှစ်လုံးမပိတ်ရဲလောက်အောင်ပဲ။ တချက် တချက် သွက်သွက်ခါသွားတဲ့ ၆-ထပ်တိုက် အပေါ်ဆုံးမှာ ဘယ်မှမသွားရဲ၊ မလာရဲနဲ့ပါ။ ကိုယ် ကိုယ်တိုင်ကြောက်လန့်ခဲ့ပေမယ့် ကိုယ်ကို အားကောင်းမောင်းသန်ကြီးဆိုပြီး အထင်ကြီးပြီး မှီတွယ်နေတဲ့ ဇနီးမယားနဲ့ သမီးသားတို့ရှေ့မှာ ဟန်လုပ်ကာနေ နေခဲ့ရပြီး။ ထ တောင် မထရဲခဲ့ဘူး။ (ထလိုက်ရင် ဒူးတုန်နေတာ လူမိသွားမှာစိုးလို့ :) ) အခုမှ ရယ်နိုင်တာပါ။ နောက်မှ ဆက်ပြီး ပုံနဲ့တကွ တင်အုံးမယ်။ အခုတော့ Myanmar Teleport ကိုယ်တိုင် နာဂစ် စာ မိထားတာဆိုတော့ ဖွတ်ချက်၊ ဖွတ်ချက် connection လေးနဲ့မို့ ...............

ဆက်ဖတ်မယ်ဆိုရင်...