Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, October 14, 2008

ပေး မုန့်ပုံး ... ရော့ မုန့်ဖိုး

ကဲ ... ကဲ ... သီတင်းကျွတ်မှာ လာရောက်ကန်တော့ကြတဲ့ ကျနော့ ညီငယ်, ညီမငယ်များကို သီတင်းကျွတ်မှာ သုံးဖို့ မုန့်ဖိုးပေးရမှာပေါ့ ....။ အကုန်လုံးကလည်း USD မှဆိုတော့ အောက်မှာ စိတ်ကြိုက်သာ ယူသုံးကြဗျာ ..။

 အိမ်မှာက USD ဆိုတာ ဒီလို သုံးနေကြဗျ :) :P အဲဒီတော့ ငါ့ညီ, ငါ့ညီမတွေ အားမနာတမ်းယူသုံးကြ။


ကဲ .. ဆုလည်းပေးလိုက်မယ်။ အပျိုမ ညီမလေးများ ကိုအောင်မင်းအောင်နဲ့ ပေါင်းရပါစေ ...။
ငါ့ညီ လူပျိုများ ကိုအောင်မင်းအောင် ညီမနဲ့ ညားကြစေဗျား ...။း)

ပုံတွေကို Google ကနေ ရှာပြီးတင်ထားတာ။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 30, 2008

“G-talk ဦးတည်ချက် (၄)ရပ်”

ဒီနေ့ သူငယ်ချင်းတစ်ယောက် အီးမေးလ်ကနေပို့လိုက်တာ “G-talk ဦးတည်ချက် (၄)ရပ်” တဲ့။ ဖတ်ကြည့်တာ ရယ်ရလို့ တင်ပေးလိုက်တယ်။

ဆက်ဖတ်မယ်ဆိုရင်...

Monday, September 1, 2008

မောင်မျိုးကောင်းမှု အကြောင်းပြုလို့ ...

အင်း မောင်မျိုးလေးကောင်းမှု အကြောင်းပြုပြီးတော့ အသက်ကြီးကာမှ ကိုယ့်အထုတ် ကိုယ်ဖြည်ပြရတာ ရှက်စရာတော့အကောင်းသား၊ အို ... ဘာပဲဖြစ်ဖြစ်လေ ... ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ကိုရုပ်ဆိုးရဲ့ အထ္ထုပတ္တိအား သူငယ်ချင်းများ ဖတ်ရှုကြပါကုန်လော့ ...

ကိုယ့်နာမည်------------- ရုပ်ဆိုး

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် -------------- လာအုံး ... အရိုးဆုပ် … အရုပ်ဆိုး

ဒီမှာနေတယ်------------- ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ

အလုပ်အကိုင် ------- ကွန်ပျူတာတစ်စုံနှင့် ဘလော့ဂ်ဂင်းသောအလုပ်

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- မဖုန်းပဲ ဆက်ရင် ပိုမြင်ရတာပေါ့ဟ

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ---------- အပြာ၊ အနက်

အ၀တ်အစားဆိုရင် ---------- အရှက်လုံစေတဲ့ ဟာ မှန်သမျှ

အစားအစာဆိုရင် ---------- ဗိုက်ဝတာမှန်သမျှ

ပစ္စည်းဆိုရင် ---------- ဟိုပစ္စည်းကို ကြိုက်တယ် :D

သီချင်းဆိုရင် ---------- မာမာအေးနှင့် Van Helen (သို့) တွံတေးသိန်းတန်နှင့် Jenifer Lopez စုံတွဲသီချင်းများ

စာရေးဆရာ ---------- အင်း … ဘလော့ဂ်ဂါတွေ အားလုံးရဲ့ စာပေများ

စာအုပ် ----------- အင်း .. ခေါင်းအုံးပြီး အိပ်လို့ရတဲ့ စာအုပ်ဆိုဒ်ဆို ပိုသဘောကျတယ်။

Life style ---------- ဖြစ်ကတတ်ဆန်းနေတတ်တဲ့စတိုင်၊ ဗြဲလရမ်းစတိုင်

ကိုယ့်ရဲ့ဝါသနာ ---------- အင်း … မေ့တောင်နေပြီ၊ အိမ်ပြန်ပြီး မိန်းမကို ပြန်မေးကြည့်ဦးမယ်။

အလိုချင်ဆုံးလက်ဆောင် ---------- လက်ထိပ်နှင့် ကားပြာကြီးမဟုတ်တာတော့ သေချာတယ်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- မင်းပေါ့ကွယ် …

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဟ … အလေးတော့ မစားပါရစေနဲ့၊ သွားမကောင်းလို့ပါ …။

ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ---------- သူငယ်ချင်းမှန်သမျှ ကိုယ့်ရဲ့ အချစ်ဆုံးပဲ။ မခွဲခြားပါဘူးကွယ်။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကျနော့ မိန်းမ ပေါ့ဗျ၊ မေးစရာလိုသေးလို့လား။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- အမုန်းကို ပေါင်ထားတာ ပြန်မရွေးနိုင်လို့ ဆုံးသွားပြီ …. :)

ရင်အခုန်ဆုံးအချိန် ---------- ခုန်ဆွ၊ ခုန်ဆွ လုပ်နေတဲ့အချိန်ပေါ့ဗျာ …။

အကြောက်ဆုံးအချိန် ---------- အရက်မူးပြီး အိမ်ပြန်လို့၊ တံခါးဝမှာ မိန်းမကို တွေ့တဲ့အချိန် (ဂယ်ပြောတာ)

အပျော်ဆုံးအချိန် ---------- လခ ထုတ်လို့ ကြိုတင်ထုတ်ထားတာတွေကို မဖြတ်တဲ့အချိန်

အမှတ်တရနေ့ ---------- ၁၄ ဖေဖော်ဝါရီ ၁၉၉၉ (ကျနော် မင်္ဂလာဆောင်တဲ့နေ့ပေါ့…) အဲဒီလိုမျိုး ထပ်ဆောင်ချင်လိုက်တာ….း-)

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ဟိုမှာ ပုထိုး ပြည့်လိမ့်နိုးနဲ့၊ ဆုမျိုးတစ်ရာ တောင်းခဲ့ပါသည်။ ဒီမှာ ပုထိုး ပြည့်လိမ့်နိုးနဲ့ ဆုမျိုးတစ်ရာ တောင်းခဲ့ပါသည်။ ဆုတောင်းတိုင်းတာ ပြည့်မယ်ဆိုရင် ဘယ်မှာ မျက်ရည် ရှိအံ့နည်း … တဲ့။ ကဲ တောင်းတော့ဝူး။

အချစ်ဆိုတာ ---------- ဘုရားကပေးတဲ့ ဆုလဒ်လား၊ ငါ့ရဲ့ ဘ၀နဲ့ မထိုက်တန် (အငဲ သီချင်းလေ…)

အမုန်းဆိုတာ ---------- မမုန်းဘူးတော့၊ မသိဘူးဗျ…။

အလွမ်းဆိုတာ ---------- အားတာနဲ့ ခေါင်းထဲကို ရောက်လာတဲ့ ဟာတစ်ခု

သံယောဇဉ်ဆိုတာ---------- ဟ … ဘာလက်နက်နဲ့ ဖြတ်ရမှန်းမသိတဲ့ ဟာ တစ်ခုဗျ။

ဘ၀ဆိုတာ ---------- တိုက်ပွဲ ….၊ ခယ်မ ဆိုတာ လိုက်ပွဲတဲ့ (ဘယ်က စာဆို စပ်သွားမှန်းမသိပါဘူးဗျာ…တကယ်)

သူငယ်ချင်းဆိုတာ ---------- မကောင်းဘူး၊ အသံသေး အသံကြောင်နဲ့။ အဲဒါကြောင့် သူနဲ့ သီချင်း လိုက်မဆိုတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

ချစ်သူဆိုတာ ---------- ဟာဗျာ … ကိုယ့်ရဲ့ အချိန်တွေကို ဖြုန်းတီးပစ်တဲ့ လူပေါ့။

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ---------- ဟိုလို ထင်ရင် ပိုကောင်းမယ်ဗျ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- ၀ ၀ စား၊ ဝေး ဝေး နေ

အပြောချင်ဆုံးစကားတစ်ခွန်း ---------- တော်ပြီကွာ၊ ရိုက်ရတာ လက်ညောင်းတယ်။


အောက်ဖော်ပြပါ သူငယ်ချင်းများ ဆက်ပြီး ဒုက္ခခံလိုက်ကြပါဦးကွယ် …

၁။ ရွှေပြည်သူ
၂။ ရွာသားလေး ၀ိုင်တီယူ
၃။ မောင်ဆိုးသွမ်း
၎။ မေမိုး
၅။ မျှော်လင့်ခြင်း


ရေးကြပေအုံးတော့ဗျာ ….။ အလှည့်ကျ မနွဲ့စတမ်းပေါ့…။

ဆက်ဖတ်မယ်ဆိုရင်...

Friday, August 22, 2008

မောင်ရုပ်ဆိုး နှင့် အင်တာဗျူး (သို့) ဘလော့ဂ်များ၌ စွဲလမ်းခြင်း

မနေ့ညက ကျနော် အရှင်လတ်လတ် နတ်ပြည်ရောက်သွားတယ်ဗျ။ ကျနော့ဘေးနားမှာလည်း ကောင်မလေး ချောချောလေးတွေ အို…. များတာမှ ဘယ်လိုများသလဲဆိုတော့ အထည်ချုပ်စက်ရုံထဲ ရောက်သွားသလို၊ ဆေးလိပ်ခုံထဲ ရောက်သွားသလို၊ မိန်းကလေးကျောင်းထဲ ရောက်သွားသလို …. အဲဒီလိုကို …. မချောအများ ကိုယ်အခန့်သား ဆိုသလိုပေါ့ဗျာ ။

သူတို့ဆီက ရနံ့လေးတွေကလည်း မေမြို့ ရုက္ခဗေဒဥယျာဉ် (ယ္ခု ကန်တော်ကြီး အမျိုးသားဥယျာဉ်) ထဲရောက်သွားသလို၊ ပြင်သစ်ပြည်ကရေမွှေးနန်းတော်ထဲပဲ ရောက်သွားသလို၊ ညဈေးတန်းက ပန်းသေးခေါက်ဆွဲဆိုင်ပဲ ရောက်သွားသလို … မွှေးချက်ဗျာ … လွန်ရော….။

မီးရောင်တွေ တထိန်ထိန်၊ ဓါတ်ပုံတွေ တဖျပ်ဖျပ်နဲ့၊ ၀ိုင်းလာလိုက်တဲ့ သတင်းထောက်တွေကိုလည်း ကာရံပေးနေတဲ့ ကိုယ်ရံတော်တွေကအပြည့်၊ ဒီလိုအဖြစ်အပျက်ဆိုရင် မဟုတ်သေးပါဘူးဟ ဆိုပြီး ကိုယ့်ပေါင် ကိုယ်ပြန်ဆိတ်ကြည့်တော့မှ အားလားလားးးးးးးးးး အိပ်မက်ကိုးဗျ။ ဘယ်ရမလဲ ဒီလို အိပ်မက်မျိုးတော့ ဘယ်အလွတ်ခံနိုင်မလဲ။ ဇွတ်ကြိတ်မှိတ်ပြီးတော့ကို ဆက်မက်တာ။

လာပြီ … လာပြီ …။

မရွှေချောတစ်ယောက် …. မတ်ခွက်ကြီးကိုင်လို့ (အဲလေ) မိုက်ခွက်ကြီးကိုင်လို့။ “ကိုရုပ်ဆိုး” ကို ဗျူးချင်လို့ပါ ရှင်တဲ့….

ကျနော်ကလည်း ဘာရမလဲ …. ဗျူးပါဗျာ … ဗျူးပါ … အဗျူးခံချင်နေတာကြာလှပြီပေါ့ ….။

ဒါပေမယ့် စပြောကတည်းကိုက တလွဲ … ကိုရုပ်ဆိုးက ရုပ်အရမ်းဆိုးတယ်နော်တဲ့။ သွား, နင် ငါ့အနားမလာနဲ့ သွား … အော်ငေါက်ပစ်လိုက်တယ်။ ဘယ်ရမလဲ။ ဒီလို ဒဲ့ဒိုးကြီးပြောတာတော့ ဘယ်ခံလိမ့်မတုန်း။

ဟော … လာပြန်ပြီ နောက် မချော တစ်ယောက်။ မမြင်ချင်ယောင်ဆောင်ပြီး ဘေးနားက အချစ်ကလေးတွေနဲ့ ရီဖြဲဖြဲ လုပ်နေလိုက်တာပေါ့။

သူလေးက စကားစလာတယ် …. ကိုရုပ်ဆိုး ဆိုလို့၊ ရုပ်ဆိုးလိမ့်မယ်ထင်နေတာ။ ဒို့ အကိုက ခန့်ချောကြီးနော်တဲ့။ အင်း … ဒီကောင်မလေး လူမှုရေးမဆိုးဘူးဟ။ အလိုက်သိတယ်။ အဗျူးခံလိုက်မှ ….

အကို တဲ့

အကို … ဘယ်သူ့ ၀တ္ထုတွေ အဖတ်များလည်းတဲ့ …။ နိုကိုဥဇူးဇင်လား …၊ စောပြည့်အာပလာ လားတဲ့။

အို မဟုတ်တာ …. အကိုက ရွှေပြည်သူရဲ့ ၀တ္ထုတွေပဲဖတ်တာလို့။

ထပ်မေးသေးတယ် ….။ အကို … ဘယ်အကောင်လေးတွေကို အချစ်ဆုံးလည်းတဲ့ …။ ယုံလေးတွေလား၊ ပူးလေးတွေလား၊ ဟံဆာလေးတွေလားတဲ့။

အို မဟုတ်တာ … အကိုက “ဇင်ယော်”လေးပဲ ချစ်တာလို့။

ဒါဆို … အကို အခုလို အောင်မြင်နေတာကော ဘယ်သု့ ဒဿနတွေကို မှီငြမ်းလို့လည်းတဲ့ …။ ဒေးကာနက်ဂျီလား …၊ ဖေမြင့်လား တဲ့…

အို မဟုတ်တာ … အကိုက ရီပါတ်ဗလစ် ရဲ့ ဒဿနတွေကို မှီငြမ်းတာလို့။

သူလေးက စကားကြော ဒီလိုရှည်သေးတယ် …. အကို ရုပ်ရှင်ကြည့်တဲ့အခါ ဘယ်ဒါရိုက်တာ ကားတွေကို အကြည့်အများဆုံးလည်းတဲ့ … မီးပွားရဲ့ ရိုက်ချက်လား … ၊ စတီဗင် ဆာလာဖတ်လား တဲ့။

အို မဟုတ်တာ … မောင်မျိုး ရဲ့ ရင်တွင်းဖြစ်လေးတွေကိုပဲ ကြည့်တာလို့ …

အထွန့်တက်သေးတယ် ဒီလိုလေ … ဘယ် ရာသီဥတုကို အကြိုက်ဆုံးလည်းတဲ့ … နွေဦးလား၊ လေရူးလား၊ ဆောင်းဦးရွက်ကြွေ ချစ်သက်သေလားတဲ့ ….

အို မဟုတ်တာ … မေ လ မှာ ရွာတဲ့ မိုး လို့ ဒါမှမဟုတ်ရင် နှင်းစက်မိုး လို့…. ရဲရဲကြီးပေါ့ ဖြေလိုက်တယ်။

ကမ္ဘာလောကကြီးမှာ အကိုအကြိုက်ဆုံးကတဲ့ …. ပီဇာလား၊ နီနာလား၊ ပလီပလာ လားတဲ့ ….

အို မဟုတ်တာ … စိတ်ကူးကမ္ဘာလေး ပါ …

နောက်ပြီးတော့လေ … သူမက လေရှည်သေးတယ် … ရသ တွေထဲမှာ ဘယ်ရသကို အကြိုက်ဆုံးလည်းတဲ့ … ၀ီရ လား …၊ ဟာသ လား၊ ဘယ လား .... တဲ့

အို မဟုတ်တာ … ဓမ္မရသ ကို အနှစ်သက်ဆုံးပါကွယ် လို့ …

နောက်ဆုံးတစ်ခွန်းမေးမယ်နော်တဲ့ … ဟတ်ကဲ့လို့ ဖြေသံမဆုံးသေးဘူး ….

အကိုက ဘယ်လို လူနေမှုပုံစံကို အကြိုက်ဆုံးလည်းတဲ့ … မြို့သားစတိုင်လား၊ ဂြိုလ်သားစတိုင်လား …

အို မဟုတ်တာ … အကိုက ရွာသားလေး စတိုင်ကို အခိုက်ဆုံးပဲလို့၊ ကျွဲကျောင်း၊ နွားကျောင်း၊ မိန်းကလေးကျောင်းရင်း … ရင်း လေရှုရတာလို့၊
အကိုက ဗီလစ်ဂျား စတိုင်လို့ ...



တလက်စတည်းပါတဲ့ YTU ဆိုတဲ့ အဓိပ္ပါယ်ကို သိသလားတဲ့ .. You are Truly Understandable လားတဲ့


အို မဟုတ်တာ … သိတာပေါ့ You are Truly Ugly လို့ အဓိပ္ပါယ် ဖွင့်နေတုန်း …

“မောင်”ရေတဲ့ ထတော့တဲ့၊ ထမင်းအိုးလေး ထ တည်လိုက်ပါအုံး၊ သမီးအကြီးအတွက် ထမင်းချိုင့်၊ သားငယ်နိုးလာရင် စားဖို့အတွက်၊ ကျနော် မသွားခင် စားသွားဖို့အတွက်ဆိုပြီး ရှုမငြီးတဲ့ ချစ်ဇနီးလေး နှိုးလိုက်တာနဲ့ပဲ …. နေ့တနေ့ကို ရုန်းကန်ဖို့ အမှန်အကန် မောင်ရုပ်ဆိုး အိပ်ယာထက်မှ ကုန်းရုန်းနိုးထလိုက်လေတော့သတည်း ….. အဟီး ဟီး


*** ဘာရေးရမှန်းမသိလို့ စိတ်ကူးပေါက်ပေါက်နဲ့ ရေးထည့်လိုက်တဲ့ ဟာလေးပါ။ ဘလော့ဂ်ဂါ ညီအကို၊ မောင်နှမ များ ပြုံးပျော် ကြည်နှုးနိုင်ကြပါစေ .... လွန်တာရှိ ၀န္တာမိ၊ မပါသေးသူများ စိတ်မဆိုးကြေး ...


ကိုရုပ်ဆိုး
၂၂ ရက်၊ သြဂုတ်လ၊ ၀၈ (၁၇း၄၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, August 12, 2008

လူပျိုကြီး အတွေး (သို့) လောဘ

သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့ ဟာသလေးပါ။ အားလုံးကို ဝေမျှချင်တာနဲ့ တင်လိုက်တာ။ စိတ်နှလုံး ရွှင်ပြုံး နိုင်ကြပါစေ။
အင်း လူပျိုကြီးများခမျာ ... ရင်လောက်တင်မှ ဒူးလောက်ကျမှာဆိုတော့လည်း ....

လူပျိုကြီးအတွေး

အမြင်လေး ဗိုလ်ဆန်ပေမယ့်
လင်ဆေးလိုဟန် က ကျုပ်အသည်း ။

အမြင်တယ်မငြီးတဲ့
ကင်ထယ်ဟီး က ကျုပ်အသက် ။

စိန်လာမခေါ်ရင် တော့ ၊
အိမ်မှာခေါ်တင်ချင်တာက
အိန္ဒြာကျော်ဇင်

ပလီပလာ ဂိုက်တွေနဲ့
ကီရာနိုက်တလေ ကိုချစ်တယ် ။

တည်သယောင်လေးနဲ့
လီယောင်အေး လည်း ချစ်တာပဲ ။

ရင်မှာဆင့်ခေါ်ထားတာက
သဉ္ဖာဝင့်ကျော် လေး ။

အတိတ်စာရင်း တစ်ချက်က
ကိတ်ဝင်းစလက် ကိုလည်း မမေ့ဘူး ။

ရင်ဆီတွန်းဖွင့်တာက
ဂျင်ဂျီဟွန်း အချစ်ပါ ။

အသက်သွန်ပစ်ရပစေ
သက်မွန်မြင့် လည်း ရရင်ယူမှာ ။

သူ့အသံလေးနဲ့ ကျုပ်ကို
အမျိုးမျိုး ပလေးတဲ့
ဂျိုးဂျိုး လေးကိုလည်း ချစ်တယ်ဗျာ ။

အမှန်ယူမည် ဆိုတဲ့စာရင်းမှာ
ဂျပန် ယူရီ ကိုလည်းသွင်းထားတယ် ။

တကယ်မဆိုင်း အတည်
L ဆိုင်းဇီ လည်းယူမှာပဲ ။

တစ်ဒါဇင်ကျော်ရင် ၊ လာဝင်ဆော်မယ့်
ညီတော်နောင်ဘွား ၊ ကာလသားများကို
အရမ်းအားနာ ၊ သနားတာကြောင့်
ဒီဟာလေးပဲ ၊ တော်သေးပြီ…… အဟေးဟေး ။ ။

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, July 30, 2008

အင်တာနက်သုံးစွဲသူ ဆုတောင်း

အင်တာနက်ဂျာနယ် Vol (9) No (28) စာမျက်နှာ-၁၄ မှ ဟာသလေးတပုဒ်ပါလာတယ်။ ကျနော်တို့လို့ user တွေနဲ့ ကိုက်ညီနေလို့ ဖော်ပြပေးလိုက်တယ်ဗျာ။ 
@ @ @ @ @ @ @ @ @ @ @ @ @ @ @


အို ဘုရားသခင် - ကျွန်တော်မျိုး log on ၀င်တဲ့အခါမှာ စိတ်ပူပန်ခြင်းကင်းအောင် လမ်းပြတော်မူပါ။ ကျွန်တော်မျိုးရဲ့ browser ကနေ download နဲ့ upload လုပ်စဉ်မှာ ကောင်းမွန်ချောမွေ့အောင် စောင်မတော်မူပါ။ ၀က်ဘ်ဆိုက်က ကျွန်တော်မျိုးရဲ့ password ကို မငြင်းဆန်ဘဲ ဆက်သွယ်မှုအမြဲကောင်းနေပါစေ။ နည်းပညာထောက်ပံ့ကူညီမှုဟာ ကျွန်တော်မျိုးရဲ့ အနီးအနားမှာ အမြဲရှိနေပါစေ။ ကျွန်တော်ရဲ့ ပရိုဂရမ်တွေဟာ ပြဿနာမဖြစ်ဘဲ အမြဲ အဆင်ပြေ ချောမွေ့ပါစေ။ Hard drive ဟာလည်း အမြဲ backup လုပ်ထားပြီးသားဖြစ်ပါစေ။ ကျွန်တော်မျိုးရဲ့ကွန်ပျူတာဟာ virus, worm, spyware နဲ့ Malware တွေ အမြဲကင်းဝေးပါစေ အရှင်ဘုရား။ ......... MZ

ဆက်ဖတ်မယ်ဆိုရင်...

Friday, June 20, 2008

အနာဂါတ် မြန်မာပြည်

သယ်ရင်းတို့ရေ ...။ အင်တာနက်ပေါ်က ရထားတဲ့ "Wonderful Myanmar" ဆိုတာလေးပါ။ အားလုံးကို မျှဝေခံစားစေချင်တဲ့အတွက် တင်ပြလိုက်တယ်။

"Wonderful Myanmar"

ဘာပြောတယ် လော်ရာ!

စိတ်မ၀င်စားဖူးလို့ ပြောတာပါ ဒယ်ဒီ။

မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်း ဗမာစာ၊ ဗမာစကား မတတ်လို့မရဘူး။

ဒါဆိုလည်း နောင်မှသင်မယ်ဒယ်ဒီ။ အခု သမီး အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်။

အဲဒါခက်တာပဲ။ ဘာကအရေးကြီးလည်းဆိုတာ မင်းတို့ကလေးတွေ မဝေခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီ သွားလို့ရပြီ။ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ။

အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ။

အသုံးဝင်ပြီလား သမီးရယ်။ ကဲ ... မင်း ဗမာစာ၊ ဗမာစကားတတ်ပြီးဆိုပါစို့ ... ပထမဆုံး မင်း ဗမာပြည်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ မင်းဖတ်လို့ရမယ်။ ပြီးတော့ ...

ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလားဒယ်ဒီရာ ...။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလို ပြောတာကို အံ့သြမိပါရဲ့။

ဘာကွ။ အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါ ပြောတာ မှားချင်မှားလိမ့်မယ်။ အခုလိုအချိန်မှာတော့ မင်း ဗမာစကားမတတ်ရင် ဘာဖြစ်မယ်ထင်လဲ။

သိပ်တော့မထူးပါဘူး။

ဟာ ... သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ ... ဒယ်ဒီပြောမယ် နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (၀င်းဒိုး ပုပ္ပါး)ကို မင်းဘယ်လို သုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ဟင်္သာရောင် အပိုင်း (၆)” Hintha Shine Code 6 ကိုရော ဘယ်လို ကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကိုတော့ မလာလေနဲ့။ နောက်ပြီး Cellphone နဲ့ မြေပုံစနစ်တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့သုံးရခက်ပြီ။

ဘာဆိုင်လဲဒယ်ဒီရာ...။

ဆိုင်တာပေါ့ ... On Touch Screen နဲ့ Voice Command တွေ သုံးထားတဲ့ (ဆသရ)အမျိုးအစားဖုံးတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ...။

Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ်။

ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြည်ပြတ်နေတာကိုး ...။ မင်းပြောတဲ့ တံဆပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကို မမီတော့ဘူးကွ။ စစ်ကိုင်းမှာလုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV-23 က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ ... ဒီတော့ သမီး ဗမာစာသင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ... ?

ဗမာပြည်ဝင်ခွင့်ဗီဇာက ထင်သလောက်မလွယ်ဘူးလို့ ကြားတယ်နော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ။

ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် ”မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိက ကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ အတောင်ပံတွေကို ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလားလို့လေ....။

စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့ အစားအသောက်က အဆင်ပြေပါ့မလားဒယ်ဒီ။

ဟားဟားဟား .... ငါ့သမီးလည်း သမီး အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ င့ါသမီး ... ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကိုချေပြီး တကောင်လုံးဝါးလို့ ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင် ပုန်းရည်ကြီးလား။ ဒါမှမဟုတ် ...

တော်ပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ...

သမီး...။ သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကို ထည့်စဉ်းစားဖို့ မလိုဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှုဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကိုလာကပ်မည့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျှောက်ရွေ့လျားပြီး၊ သမီးကို reception counter ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့ ... ဆက်သွယ်ရေးဟုတ်လား ...၊ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက် ကွန်နက်ရှင် ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ ... ကိုယ်ဖုံးကို ယူလာဖို့မေ့ခဲ့ရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂-ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ”ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပေါ့လေ။

အော် ... ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကကော......

အစိုးရ ... အစိုးရ .... ဒီအစိုးရကတော့ကွာ ... ဖေဖေပြောမယ် ဒီလိုရှိတယ်...

“ဆိုက်ကားအားလား“ ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း ....။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 27, 2008

IT Husband

E-mail ပေါ်မှာ ပျံ့နေတဲ့ ဟာသလေးတစ်ပုဒ်ပါ။ ကွန်ပျူတာ ဘာသာစကားတွေကို မြန်မာလိုဘာသာပြန်ဖို့ အခက်အခဲရှိတာရယ်၊ အနီးစပ်ဆုံးပြန်ရင်တောင် ရယ်စရာမကောင်းတော့မှာကို တွေးပူပြီး မူရင်းအတိုင်းဖော်ပြပေးလိုက်တယ်။
Starting the day with a conversation between a wife and a husband whohappens to be a software engineer.
Husband :(Returning late from work) "Good Evening Dear, I'm now logged in."
Wife :Have you brought the grocery?
Husband :Bad command or filename.


Wife :But I told you in the morning
Husband :Erroneous syntax. Abort?
Wife :What about my new TV?
Husband :Variable not found ...
Wife :At least, give me your Credit Card, I want to do some shopping.
Husband :Sharing Violation. Access denied...
Wife :Do you love me or do you only love computers or are you just being funny?Husband :Too many parameters ...
Wife :It was a great mistake that I married an idiot like you.
Husband :Data type mismatch.
Wife :You are useless.
Husband :It's by Default.
Wife :What about your Salary?
Husband :File in use ... Try after some time.
Wife :What is my value in the family.
Husband :Unknown Virus.

ဆက်ဖတ်မယ်ဆိုရင်...