Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, January 3, 2009

ဒီဇင်ဘာ ၃၁ ည ၂၀၀၈ သို့ တမ်းချင်း

2008 ……. အင်း ဘာလိုလိုနဲ့ နှစ်တနှစ်က ရုံးဆင်းလို့ ဖြတ်ကနဲ့ ဘေးကနေဖြတ်လျှောက်သွားတဲ့ Sales Girls မလေးတွေအုပ်စုလိုပဲ … ဆူညံ ဆူညံတွေကော … ရယ်သံတွေကော ….. မကျေနပ်သံတွေကော … ပျော်ရွှင်သံတွေကော …. မွှေးရနံ့တွေကော … ချွေးနံ့တွေကော … ရသပေါင်းစုံ၊ ရနံ့ပေါင်းစုံ တပြိုက်နက်တည်းရလိုက်သလိုပေါ့ ………… :)

နှစ်သစ်ကူးညက ဘာလုပ်သလဲ ?

အရက်သောက်တယ်။ ရုံးမှာ New Year Party လုပ်တယ်။ အရမ်းမူးတယ်။ ဒီရုံးမှာ ငါလုပ်တဲ့ New Year Party ဟာ ဒီတစ်နှစ်နောက်ဆုံးပါလားဆိုတာ စဉ်းစားမိတော့ ပိုသောက်ဖြစ်တယ်။ အားလုံးကို ပြုံးပြတယ်။ ရီပြတယ်။ ဟာသပြောတယ်။ အားလုံးကို ပျော်စေချင်ခဲ့တယ်။

နေ့လည် ၂း၀၀ နာရီထိုးတဲ့အချိန်မှာ ခေါင်းစိုက်နေပြီ ……….။ အားလုံး ကို ကျောခိုင်းပြီး ကျောပိုးအိတ်လွယ်ပြီး အိမ်ပြန်ခဲ့တယ်။ မူးပေမယ့် လမ်းထိပ်မှာ Wine ၂ လုံး ထပ်ဝယ်လိုက်တယ်။ ကျနော့အမျိုးသမီးရဲ့ အမတွေ အိမ်မှာ မောင်နှမတွေစုပြီး တကယ့် Passing New Year Night လုပ်မှာကို သတိရလိုက်လို့ ….. :)

ကားပေါ်က ဆင်းဆင်းချင်း ပုလင်းဝင်ပေးပြီး … အိမ်ပေါ်ကို ကြိုးစားတက်လိုက်တယ်။ အိမ်ရောက်တော့ ကလေးတွေနဲ့ မိန်းမကိုတောင် မနှုတ်ဆက်အားတော့ဘူး။ တမ်းပြီးတော့ အိပ်ဖို့ ကြိုးစားလိုက်တယ်။ အရာအားလုံးကို မေ့ချင်တယ်။

ည ၈း၀၀ နာရီထိုးတော့ အမျိုးသမီးက ကျနော့ကို လာပြန်နှိုးတယ်။ နောက်ပွဲဆက်ဖို့ပေါ့ ……… ဒါပေမယ့် ကျနော့ကို ကတိတစ်ခုတောင်းလို့ ပေးလိုက်ရတယ်။ ထပ်မသောက်နဲ့တော့တဲ့ ………… ဟဲ ဟဲ။ စကားနားထောင်လိုက်တယ်။ အစားပဲ စားလိုက်တယ်။

အစားအသောက်တွေက - ၀က်နံရိုးကြော်၊ ငါးကင်၊ ကြက်ကင်၊ ငါးခေါင်းဟင်းချို၊ ရုံးပတေသီးကင် နဲ့ တခြားအကင် နည်းနည်း။

၁၂း၀၀ နာရီထိုးတော့ မီးပန်းဖောက်ပြီး နှစ်သစ်ကို ကြိုဆိုလိုက်တယ်။ စိတ်ထဲက လှိုက်လှိုက်လှဲလှဲပေါ့ ……..။

New Year မှာ Happy ကြပါစေလို့……………..။

ကိုရုပ်ဆိုး
၀၃-ဇန္န၀ါရီ-၀၉ (၁၀း၄၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, January 2, 2009

Top Tips Bring You A Beautiful Life

ဆက်ဖတ်မယ်ဆိုရင်...