Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 12, 2008

စိတ်ညစ်တယ်ဗျာ...............

(၁)

စိတ်ညစ်တယ်ဗျာ..
မအိပ်ဖြစ်ခြင်းတွေနဲ့ နိုးထ
နိုးနိုးကြားကြားတော့
မရှိလှဘူးပေါ့ …။

စိတ်ညစ်လို့ လမ်းပေါ်ထွက်
ပရမ်းပတာမဲ့ကားတွေပေါ်က
လှောင်ရယ်သံတစ်ချို့လွင့်ပျံ
စိတ်ညစ်ပါတယ်ဆိုမှ
“သေချင်လို့လားတဲ့
ကားပွတ်တာ၊
လူပွတ်တာလောက် မကောင်းဘူးတဲ့”
အဲ့ဒါတော့ ကိုရုပ်ဆိုးမသိ
လပ္ပတ္တာမုန့်ဟင်းခါးတော့
မကြိုက်တာအမှန်ဗျ …. :)

(၂)

စိတ်ညစ်တယ်ဗျာ
လမ်းပေါ်ကဖယ်ခွာ
ခွေးခြေပု ခုံလေးကို ပလ္လင်လုပ်
ဇရက်မင်းစည်းစိမ် ခံမလို့လုပ်
ကျစိမ့်လေးတစ်ခွက်ရယ်
စီးကလက်တစ်လိပ်ရယ်နဲ့ပေါ့


လက်ခုပ်ကလေးအသာတီး
အညာသား ငတိကိုလှမ်းခေါ်
သောက်ချင်တာ ပြောမယ်ပေါ့
ကိုရွှေစားပွဲထိုးရဲ့ စကား
ဒေါသများ အချောင်းလိုက်ထွက်တယ်
“ငါ့ဆရာက ပုံမှန်လားတဲ့”
မဟုတ်ဘူးဟေ့ … မဟုတ်ဘူး
ငါ ရှုးနေတယ်ကွလို့ ….။

(၃)

ရောက်လာတဲ့ လဘ္ကက်ရည်ခွက်
မျိုမချခင် အရှင်ကြီးတွေကို ပ,သ
ခေါင်းပေါ်ကို မလိုက်တဲ့အချိန်
ဗြုံး …….. ဆို
အလိုက်ကန်းဆိုးမသိတဲ့
ကိုရွှေကျီးငှက်
မစင်ခွက်အမှတ်နဲ့ သွန်ချ
“တောက်………”
ရှုံ့မဲ့မဲ့မျက်နှာနဲ့ ကိုရုပ်ဆိုး
ဘီလူး သံပရာသီးကိုက်ထားသလိုပေါ့
သကောင့်သား ကျီးကန်း
ထမပျံခင် လေကန်လိုက်သေးတယ်
“လွတ်လပ်စွာ ပါချခွင့်ရှိတယ်”တဲ့
“@#!^%$” ကျီးကန်း
သူနားမလည်တဲ့ စကားနဲ့ ပြန်နှက်
ကိုရုပ်ဆိုးရဲ့ အဖြစ်အပျက်ပေါ့ ….။

(၄)

စိတ်ညစ်တယ်ဗျာ
ကဖေးဆိုင်လေးကအထ
ကိုယ့်ရှေ့ရောက်လာတဲ့
လိုင်းကားပေါ်ပြေးတက်
တိုးဝှေ့လို့ အထဲရောက်ခိုက်
“လသာ ၂-ယောက်တဲ့”
လှတပတ လက်ကလေးက
ခပ်နွမ်းနွမ်း ၂၀၀-တန်ကလေးနဲ့
“ဒီမှာ… အမိ
ကျုပ်ဘာကောင်လဲသိလား”လို့
မှုန်ကုပ်ကုပ်မျက်နှာနဲ့
ခပ်ဆပ်ဆပ်မေးခွန်းကထွက်
“သြော် ….. ကျမက စပယ်ယာ မှတ်လို့”တဲ့
တောင်းပန်သလိုလေသံနဲ့
ဘေးကအဖော်ကို လက်တို့
ခပ်အုပ်အုပ်ရယ်သံအဆုံးမှာ
“စပယ်ယာထက် ပုံ ပိုတုံးတယ်နော်တဲ့”
စိတ်ညစ်တယ်ဗျာ…………..။

(၅)

စိတ်ညစ်တယ်ဗျာ
ကားပေါ်ကအသာဆင်း
ရီဝေေ၀ ညနေခင်းအချိန်လေ
ပါးစပ်က မိုးချုပ်သာအရင်သိတဲ့အချိန်ပေါ့
ခပ်သွက်သွက်ခြေလှမ်းနဲ့
၁၉-လမ်းဖက်ကို အသာထွက်
အရက်ခပ်ပြင်းပြင်းနဲ့
စိတ်ညစ်မှုတွေကို ဖြေလျှော့
လေပြေအနှော့မှာပေါ့
“အကို ဘီယာသောက်ဦးမလားတဲ့”
အရောင်းသမလေးရဲ့
ခပ်ပျော့ပျော့လေသံနဲ့
နွမ်းလျလျ အပြုံးတုလေးနဲ့ပေါ့
တော်ပြီကွာ …
အကိုက အပြင်းသမား
“အပျော့ကြိုက်ရင် ရေသောက်ပါ”ဆိုတဲ့
ဟို … ကော်ဖီကြော်ငြာလိုပေါ့
သူမက မခို့တရို့အပြုံးနဲ့
ခပ်ကွန့်ကွန့်ပြောလိုက်တာက
“အရက်ပြင်းက အသည်းခြောက်တယ်တဲ့”
စိတ်ညစ်တယ်ဗျာ……….။

(၆)

စိတ်ညစ်တယ်ဗျာ
ဒယီးဒယိုင် ခန္ဓာကိုယ်ကို အသာမ
ကွေ့ကောက်နေတဲ့ လမ်းပေါ်မှာ
ဖက်ရှင်မယ်လို့ ပွတ်ကာလှမ်းလို့
အိပ်ဆောင်ကိုပြန်ကြွ
အဆင်မပြေခဲ့သမျှ ရင်ဖွင့်ဖို့
ဘလော့ဂ်ဂင်းအရပ်ဆီသို့ပေါ့
လက်နှိပ်စက်နဲ့ တီဗီလေးကိုအသာဖွင့်
ဘာညာဘာညာ ဂင်းမယ်လုပ်တုန်း
……………………………….
………………………………
တောက် …………………..
……………………………….
…… မီးပျက်သွားပြီ ………
စိတ်ညစ်တယ်ဗျာ………….။

ကိုရုပ်ဆိုး
၁၂-ဒီဇင်ဘာ-၀၈ (၁၃း၄၄)မိနစ်

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. စိတ်ညစ်တယ်ဗျာ ကိုဖတ်ရင်း တစ်ချိန်လုံးပြုံးလာတာ.....
    နံပါတ် ၆ အပိုဒ်ကိုတော့ ကိုယ်ချင်းစာပါတယ်.....

    ReplyDelete
  2. အစ်ကို စိတ်ညစ်တာကို ဖတ်နေရင်းက ကျနော်ကတော့ ပြုံးစိစိဖြစ်လာတယ်။ တကယ် ရေးလည်းရေးတတ်လိုက်တာဗျာ။ ဘီလူး သံပရာသီးကိုက်ထားသလိုပေါ့တဲ့။ ဟီးဟီး။ ကိုထူးအိမ်သင်ရဲ့ တစ်နေ့ တာ အလွဲများထက်တော့ သာသွားပြီ အစ်ကိုရေ။

    ReplyDelete
  3. ဟဟား အစ်ကိုကြီးက စိတ်ညစ်ပေမယ့် ဖတ်ရတဲ့သူတွေက ရယ်ကုန်ကြပြီးဗျး)

    ဗြုံး …….. ဆို
    အလိုက်ကန်းဆိုးမသိတဲ့
    ကိုရွှေကျီးငှက်
    မစင်ခွက်အမှတ်နဲ့ သွန်ချ

    လေးခွနဲ့ ပစ်ချပေးလိုက်။ ကျနော့်အစ်ကိုရုပ်ကိုများဗျာ စပယ်ရာနဲ့ မှားစရာလားး ဟွန်း ဒီကောင်မလေးတွေ ကျနော်ရှိလို့ ကတော့ ပါးဖက်နမ်းပေးလိုက်ပြီး (လေနဲ့အသားယူတာ )

    နောက်လည်း များများစိတ်ညစ်နော့် ;P

    ReplyDelete
  4. ဒါဆိုလည်းမီးစက်နှိုးဗျာ။

    ReplyDelete
  5. ကဗျာလေး လန်းသဗျို့..
    အစ်ကို ပုံမှန်ပဲလား..း)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။