Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 19, 2008

ဗိုလ် ... ကျား ... သေနတ်

“ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်”တဲ့
ငယ်ငယ်တုန်းက ကစားခြင်း
စိုးရိမ်ခြင်းကင်းစွာနဲ့ပေါ့ ...။

အသက်အရွယ်အရ
ဘ၀လမ်းပေါ်ကိုလျှောက်
ကလေးဘ၀က
ကစားခြင်းတွေမေ့ပျောက်လျက်ပေါ့ ...။

ဒါပေမယ့် ...
လောကလမ်းပေါ်မှာ
ဗိုလ် လုပ်ချင်တဲ့ လူတွေကော
ကျား ဖြစ်နေတဲ့ လူတွေကော
သေနတ်အားကိုးတဲ့ လူတွေကော
အမြဲတမ်းကြုံတွေ့
ဘ၀လမ်းမှာ ဆုံနေတော့လည်း

ဘ၀ဆိုတာ
ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲလား ....?

ကိုရုပ်ဆိုး
၁၈-ဒီဇင်ဘာ-၀၈ (၂၀း၃၇)မိနစ်

ပုံနှိပ်စာလုံးရယူရန်

8 comments:

  1. ခေတ်ပြောင်းသွားဘီနော်..
    ဗိုလ်နဲ့ သေနတ် ဆိုရင်
    သေနတ် နိုင်တယ်...
    ဟိဟိ.. :D

    ReplyDelete
  2. ထိတယ်ဗျာ

    ReplyDelete
  3. ကျတော်တော့ ဘာမှမဖြစ်ချင်ပါဘူး။
    အကိုရယ် စာသားလေးတွေက မိုက်တယ်။
    ဘယ်လိုများ တွေးမိတာလဲနော်

    ReplyDelete
  4. ဘ၀ဆိုတာ
    ဗိုလ် .. ကျား .. သေနတ်
    ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲလား ....?
    ဟုတ်လား ဟုတ်လား ဟုတ်လား

    ReplyDelete
  5. အစ်ကိုရုပ်ဆိုးရေ... ကဗျာကိုဖတ်ပြီး ငိုင်သွားပါတယ်...

    ReplyDelete
  6. ကိုကြီးလူချောရေ
    ညီလေးကတော့ ဗိုလ် လုပ်တဲ့လူရော ကျားဆို ပြီး ဆောင့်ကြွားဆောင့်ကြွားလုပ်တဲ့လူရော

    သေနတ် ကိုရော

    ဟင်းးးးးးးးး

    ဆက်မပြောချင်တော့ပါဘူး

    ဟီဟိ

    ReplyDelete
  7. အင်း.. ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလား..... ??
    တွေးတတ်တယ် အစ်ကိုကြီးကတော့

    ReplyDelete
  8. အဟား2
    သီချင်းလားလို့
    မှားတဲ့အခါလည်းမှားပေမပေါ့ ဆိုတဲ့ သီချင်းခွေထဲမှာလားမသိဘူး
    အဲဒီစာသားပါလာလို့ ... ။ နောက်မှသိတယ် ကဗျာကိုးး

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။