Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 10, 2008

သွေးပျက်ခြင်း

လေးဖြူရဲ့ B.O.B အခွေလေးနားဆင်ရင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်များပါ ....... ကိုရုပ်ဆိုး

စကားလေးတစ်ခွန်း
အမှားအယွင်းမရှိဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….

အဖြစ်အပျက်လေးတစ်ခု
မထူးဆန်းဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….

ပေါ့ပျက်ပျက်
တည်ဆောက်ခဲ့တာမဟုတ်တဲ့
ငါ့ရဲ့ ဧဒင်ဥယျာဉ်
မင်းရဲ့ တောင်ပံ တစ်ခတ်မှာ
တစစီ ပြိုပျက်
လေအစုန်မှာပြိုလွင့်ခဲ့တာကကော ………..

မလုပ်ပါနဲ့ကွယ်
မလုံတော့တဲ့ ငါ့ရဲ့နောက်ကျောက
ငါ့ကို ကျီစယ်တုန်း
အိပ်လို့ကောင်းနေတုန်း
အတင်းလှုပ်နှိုးသလို
ဇတ်ကနဲ … ပျက်ပြယ်သွားတဲ့
အိပ်မက်တွေ
ဘယ်လို အခန်းဆက်ရမှာလဲ ………

မလုပ်နဲ့ကွယ်
ဒီဥယျာဉ်အတွက်
ငါ့ရဲ့သွေးတွေ
ငါ့ရဲ့နှလုံးသွေးတွေ
တစက်ချင်း ပေးဆပ်ခဲ့တာ ………

မပြောနဲ့တော့ကွယ်
မင်းပြောရဲပေမယ့်
နားမဆင်ရဲတာက .. ငါ့အမှားလို့
ထင်လိုက်တော့ကွယ်
တစ္စေသရဲများတွေ့သလို
ဖြူဖပ်ဖြူရော်ဖြစ်သွားတဲ့ … ငါ့မျက်နှာ
မင်းကို မပြရဲလို့ပါကွယ်……………။

ကိုရုပ်ဆိုး
၁၀-ဒီဇင်ဘာ-၀၈ (၁၈း၄၆)မိနစ်

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. ကဗျာအသစ်ဖတ်သွားသည်။ လေးဖြူတော့ နားမထောင်ရသေးးး

    ReplyDelete
  2. ဥယျာဉ်အတွက် သွေးတစက်စက်ဆိုတော့။ သနားပါတယ်နော်။ ကိုရုပ်ဆိုးကြီး။ :)

    ReplyDelete
  3. ယုံဘူးး အစ်ကိုကြီးး ချွဲနေတာလို့  အစ်မကို သွားပြောမယ်း)

    ReplyDelete
  4. Oh,have been expected for too long.

    ReplyDelete
  5. မှားယွင်းနေမှုတစ်ခုကို အန်ထုတ်ထားသလို ၊၊ ကျနော် သီချင်းတော့ နားမထောင်ရ သေဘူး အစ်ကိုရုပ်ဆိုး

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။