Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, December 11, 2008

ရလဒ်

ရွာသားလေးရဲ့ “ဖျားနာခြင်း ချစ်ရည်ရှည်”ဆိုတဲ့ ပို့စ်လေးဖတ်ပြီး ခံစားမိတာလေးပါ။

သတ္တိနည်းခဲ့တယ်လို့
မထင်လိုက်စေချင်ဘူးကွယ် ….

အချစ်ကြီးခဲ့လို့
နှလုံးသားကိုကွယ်ဝှက်
မျက်ရည်စက်လက်နဲ့
လမ်းခွဲ နှုတ်ဆက်ခဲ့တာ
မင်းသိအောင်
ထုတ်မပြချင်ခဲ့ဘူးကွယ် ….

မတူညီတဲ့ဘ၀တွေ
ပုံစံကွဲ ယဉ်ကျေးမှုတွေ
အနားမညီတဲ့ အသိုင်းအ၀ိုင်းတွေ
ဇွတ်အတင်း တိုးဝင်
မင်းဘ၀ကို မနစ်စေချင်ခဲ့တာ
ငါ, အသိဆုံးပါကွယ် ….

ငါ့ရဲ့ မပြတ်သားမှုတွေအတွက်
အထီးကျန် အလွမ်းညတွေ
တရွေ့ရွေ့ကျော်ဖြတ်
ဟော့ဒီ အခန်းငယ်လေးထဲ
ငါတစ်ယောက်တည်း
နင်မသိအောင် ကျော်ဖြတ်ခဲ့ရတာကိုက
ငါ့ဘ၀ရဲ့ မျှော်လင့်ခြင်းမဲ့တဲ့
စက်ရုပ်နှလုံးသားတစ်ခုနဲ့
လူသားတစ်ဦးလိုပေါ့ ……….။


ကိုရုပ်ဆိုး
၁၁-ဒီဇင်ဘာ-၀၈ (၁၀း၁၅)မိနစ်

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. Bro! Thanks for your feeling. I will send one email to you.

    ReplyDelete
  2. ကိုရွာသားဆီက ဇာတ်လမ်းလေး ပြေးဖတ်လိုက်၊ ဒီကဗျာလေး ပြန်ဖတ်လိုက်နဲ့  ရင်ထဲကို ဒုန်းကနဲ ၀င်ဆောင့်တယ်ဗျို.။ ရင်ဘတ်ကြီးထဲ အတိတ်ရထားကြီး ဖြတ်မောင်းသွားတယ်ဗျ။ စက်ရုပ်နှလုံးသားတစ်ခုနဲ့
    လူသားတစ်ဦးတဲ့။ ဒီကဗျာလေးတော့ ကူးယူပါရစေ အစ်ကိုရေ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။