Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 27, 2008

မူးမူးနဲ့ရေးတဲ့ ”မ” ကဗျာ

မူးမူးမိုက်မိုက်
မောင်ရုပ်ဆိုးတစ်ယောက်
”မ”ကဗျာကို ... ပိစိရဲ့ “လ”ကဗျာကို အားကျလို့ ရေးလိုက်တာပါ။

မောင် …. ရေ
မေ့ကိုချစ်တယ်လို့
မေမြို့မှာ …
မိုးသည်းတုန်းက …။

မောင် … ရေ
မေ့ကိုလေ …
မုန်းမေ့ဖို့မကြိုးစားဖူးလို့
မိုးပေါ်က လကို တိုင်တည်လို့ …။

မောင် … ရေ
မှားမှားမှန်မှန်
မာန်တင်းလို့
မေ့ကိုသာ လက်ထပ်မယ်လို့
မူးမူးမိုက်မိုက်
မောင် … ကတိပေးခဲ့တာကော …။

မောင် … ရေ
မုန်းမေ့ပြီလားကွယ်
မေ့ … ကို လက်ထပ်ဖို့
မလေးရှားမှာ
မောင် .. ကြိုးစားမယ်ဆိုပြီး
မေလက
မောင်ထွက်သွားခဲ့တာလေ …

မောင် … ရေ
မန္တလာက
မန်းပျိုဖြူနဲ့
မောင်လေ ….
မိုးမမြင် လေမမြင်တဲ့
မောင့်သူငယ်ချင်းတွေရဲ့စကား
မေ …..
မယုံရဲဘူးကွယ်…

မေ..လေ
မောင့်မျက်နှာ
မောင့်အသံ
မောင့်အချစ်တွေကို
မေ့နိုင်ဖို့ ကြိုးစားရင်း …

မေ လေ …. အခုတော့ …
မောင်ကို မေ့နိုင်ဖို့ကြိုးစားရင်း
မှောင်မှောင် မိုက်မိုက်ထဲမှာ
မေ့မျက်ရည်တွေကို ကွယ်ဝှက်လို့
မေ … နေတတ်အောင်
မေ … အသားကျအောင်
မေ … မုန်းမေ့နိုင်အောင်
မေ လေ ….. မာန်တင်းလို့
မဟာစည်မှာ … သီလရှင် ၀တ်ခဲ့ပြီကွယ် …….. :)

ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၈း၃၅)မိနစ်

ပုံနှိပ်စာလုံးရယူရန်

3 comments:

  1. မ ကဗျာလေးက တစ်မျိုးပါလားဗျ..

    ဟိုးအရင်က သေသောသူသည်သုဿနသို့သွားသည်..တို့
    မောင်မေးမယ်မေ..တို့
    စိုးစံစားစေ..တို့ ပြန်သတိရတယ်..

    ကောင်းတယ်ဗျ...

    ReplyDelete
  2. တိန်!

    မ က သီလရှင် ၀တ်တော့
    မူးမူးနဲ့ ရေးပြီး
    မျှော်နေတာလား

    တိုင်ပြောလိုက်မယ်... :D

    ReplyDelete
  3. မ ကံကောင်းတာပေါ့ သီလရှင်ဝတ်လိုက်လို့ မတွေးရဲစရား)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။