Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 27, 2008

ညီငယ် မောင်မျိုးနှင့် မောင်ပိစိသို့

မောင်မျိုးလေး ရန်ကုန်ရောက်လာတယ်။ အဝေးပြေးဂိတ်မှာ သွားရောက်ကြိုတာက မောင်ပိစိတို့အဖွဲ့။ ကျနော်နှင့် ချိန်းတယ်။ ညနေ ရုံးဆင်းရင် တွေ့နိုင်မယ်လို့ အကြောင်းကြားထားပေမယ့် ........ တကယ်တမ်းကျတော့ ဧည့်ဝတ်မကျေပွန်ခဲ့တဲ့ ကိုယ့်အဖြစ်ကို မကျေနပ်နိုင်ခဲ့ဘူး။ ရောက်တဲ့နေ့က အိမ်မှာ လိုက်အိပ်ပေမယ့် .... ကျနော့ရဲ့ ကိစ္စအ၀၀ကို မညည်းငြူပဲ လိုက်ပါခဲ့တဲ့ မောင်မျိုး ..... အစ, အဆုံး ဧည့်ဝတ်ကျေပွန်ခဲ့တဲ့ မောင်ပိစိ ....။

စိတ်မကောင်းဘူးဗျာ ....... မနေ့က သူတို့နဲ့ ဘီယာသောက်ကြမယ်ဆိုပြီး ချိန်းထားပေမယ့် ... ညနေစောင်းရောက်တော့ ပြသနာကပေါ်လာပြန်ပြီ ... ဘန်ကောက်မှာ ဆူပူကြလို့ လေဆိပ်ပိတ်လိုက်တာ ရောက်မယ့်ဧည့်သည်တွေလည်းမရောက်၊ ပြန်ရမယ့် ဧည့်သည်တွေလည်း မပြန်ရ ..။ မလုပ်မနေ အလုပ်ကိစ္စဆိုတော့ သူတို့ ဖုန်းဆက်ချိန်းတော့ ဖျက်လိုက်ရတယ်။ ဘယ်လိုနည်းနဲ့ တောင်းပန်ပြီး ဖျက်ရမှန်းမသိပေမယ့် ... သူတို့ (မောင်မျိုးနှင့် မောင်ပိစိ)က အလိုက်သိစွာနဲ့ အလုပ်ကိစ္စဆိုတော့ ကျနော်တို့ နားလည်ပါတယ်တဲ့ ...။

(မောင်မျိုးဘလော့ဂ်မှာ သူတို့ ပျော်ကြတာတွေကိုတွေတော့ ၀မ်းနည်းမိတယ်။)

ရန်ကုန်ရောက်လာတဲ့အခိုက်မှာ ဧည့်ဝတ်မကျေပွန်လိုက်တဲ့ အကိုရုပ်ဆိုးကို နားလည်ပေးပါ မောင်မျိုးရေလို့ ... အကို့ရဲ့ ဘလော့ဂ်ကနေပဲ တောင်းပန်လိုက်တယ်ကွာ။ ပိစိကိုလည်း ကျေးဇူးတင်တယ်။

မင်းတို့ရဲ့အကို

ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၀း၂၀)မိနစ်

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. အကိုကြီး.. ဘာမှ စိတ်မကောင်း မဖစ်နဲ့..
    ဟီးးး အားရင် သာ လှမ်းအကြောင်းကြားလိုက်
    ၅၁ လမ်းကနေ.. ချက်ချင်း ရုံးလာကြိုမယ်..
    ပြီးရင် ၁၉လမ်း သို့... ဒန်ဒန့်ဒန်

    ဟိဟိ

    ReplyDelete
  2.း) အနော်က အားနာရမှာ ပိတ်ရက်နဲ့ သွားသင့်တာကိုနော့် ။ ရပါတယ်ဗျာ အစ်ကိုကြီးနဲ့ တွေ့ ခဲ့ရတာ စကားတွေပြောခွင့်ရခဲ့တာပဲ ၀မ်းသာလှပါပြီးးး

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။