Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 10, 2008

ချစ်ဇနီးမွေးနေ့သို့ သ၀ဏ်လွှာ

ဒီနေ့ ကျနော့ဇနီးရဲ့ မွေးနေ့မှာ မနက်စောစော မိသားစုလိုက် ရွှေတိဂုံဘုရားသွားပြီးအပြန် ဒီကဗျာလေးအား မှတ်မှတ်ရရ ရေးဖွဲ့လိုက်ပါတယ်။ ယနေ့မှစ၍ နောင် နှစ်ပေါင်းများစွာ သားနှင့် သမီး၊ လူမိုက်ကြီး ခင်ပွန်းရဲ့နံဘေးမှာ အသက်ထက်ဆုံး နားလည်မှုပေါင်းများစွာနဲ့ နေသွားနိုင်ပါစေလို့ ဆုတောင်းရင်း …..

ကမ်းလင့်ခဲ့တဲ့ လက်တစ်စုံကို
ယုံကြည်စွာ တွဲယှက်
နွဲဆက်ခဲ့တဲ့ … မလေးရေ ..။

ယုံကြည်မှုအပေါင်းနဲ့
(ယိုင်နဲ့နဲ့) တံတားအိုပေါ်ကဖြတ်လျှောက်
တစ်ချက်မှ နောက်မတွန့်ခဲ့တဲ့ … မလေးရေ …။

ငါ, ယုံကြည်မှုတွေပျောက်
လမ်းမှန်ကို မလျှောက်နိုင်စဉ်မှာ
ကြင်နာမှုတွေနဲ့ ချွေးသိပ်ခဲ့တဲ့ … မလေးရေ …။

ဘ၀ရဲ့အမောတွေနဲ့
သောကတွေ ပေါလောဖြစ်နေချိန်မှာ
အပြုံးမပျက် ဖေးကူတဲ့လက်နဲ့ လှမ်းခဲ့တဲ့ … မလေးရေ …။

သမီးရယ်၊ သားရယ်
တို့မိသားစု ကမ္ဘာလေးဝယ်
အေးအတူ၊ ပူအမျှ အတူတကွ
ရွှေလက်တွဲခိုင် သက်ဆုံးထိတိုင်
ကြင်နာဖေးမ တေးသွားအလှတွေနဲ့
လမ်းတိုင်းကို ပန်းခင်းလို့
လှမ်းနင်းကြဖို့အတွက်
ကတိစကား အခါမထပ်ပေမယ့်
ဘ၀တစ်ခုလုံး ပုံကာအပ်စေလို့
မင်းတို့အတွက်သာ ငါ, ဖြစ်စေရမယ် …။

ကိုရုပ်ဆိုး
၁၀-နိုဝင်ဘာလ-၀၈ (၁၁း၃၄)မိနစ်

ပုံနှိပ်စာလုံးရယူရန်

7 comments:

  1. ကောင်းတဲ့ကဗျာလေးပါ။ :) comment မရဘူးဆိုလို့ စမ်းကြည့်တာပါ။

    ReplyDelete
  2. Yes Ko Yokesoe, I'm agree with you,it's really good poem.It's make me miss my family too much.
    I do pray for your family and myself my brother.
    your's
    Phyutoke

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. တကယ်ကြီးလား လူမိုက်ကြီးရေ

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေးဖြစ်ပါစေ အစ်မရေ။ အစ်ကို လူမိုက်ကြီးလည်း ချစ်တဲ့မိသားစုလေးနဲ့ အတူ သာယာချမ်းမြေ့တဲ့ နေ့ ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေဗျာ။ ဟီး ညီ လူမိုက်လေးတွေကိုလည်း ရှေ.ဆောင်လမ်းပြ ဆုံးမနိုင်ပါစေလို့ ။
    ခင်မင်လေးစားလျှက်
    ဇင်ယော်

    ReplyDelete
  6.ံHappy Birthday ကိုရုပ်ဆိုးရဲ့မဒမ်...
    မွေးနေ့လက်ဆောင်ကဗျာလေးရတာ ပျော်စရာကြီးးးးးး

    ReplyDelete
  7. ဒီကဗျာလေးရယ်.. လေးပက်ပြား ရေသူမ ကဗျာရယ်.. ၂ခုပဲ ဖတ်ဖူးတာ.. ၂ခုနဲ့တင် တော်တော် သဘောကျနေတာ.. လူလဲတွေ့ပီးရော.. ပို သဘောကျသွားတယ်... ဟာဟ..
    မန့်မလို့ ဟာ.. ခုမှပဲ မန့်ဖစ်တယ်.. ဒီကဗျာကို.. :D
    ဆောကရီးးး

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။