Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, November 8, 2008

ဒဿမှာလည်း ....

“ဒဿ”
ဖျက်မရတဲ့ အမည်းစက်တွေနဲ့
ရာဇ၀င်ထဲက လူတစ်ယောက်

ကြောက်စရာအသွင်အပြင်နဲ့
ကြမ်းကြုတ်ရက်စက်ခဲ့ပင်မယ့်
ရာမ လက်တော်က “လေး”လောက်
ငါ့နှလုံးသားက “သွေး”မသောက်ခဲ့ပါကွယ်။

ဒီလိုပဲ ….

မယ်သီတာကို ဆောင်ကြဉ်း
နှောင်ကြိုးနှင်းခဲ့ပေမယ့်
မမှားယွင်းခဲ့တာ မယ်သီတာအသိ

ဒါနဲ့များကွယ်
ငါ့ .. အချစ်ကို ပယ်ချ
ဗီလိန်က, ကပြခဲ့ရတာက
ငါ့ရဲ့ ၀ဋ်ကြွေးလားကွယ် …။

ကိုရုပ်ဆိုး
၀၈-နိုဝင်ဘာလ-၀၈ (၁၂း၃၀ မိနစ်)

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. ကဗျာလေးကောင်းပါတယ်။ “ဒဿ” ဖက်က ခံစားရေးလို့
    ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူကိုသတိရသွားတယ်..

    ReplyDelete
  2. ကိုရုပ်ဆိုးက ကျတော့ကိုပါ ကဗျာဖွဲ့ပေးတာကိုး ဗျ။ :)
    ကျေးဇူးပါဗျာ။ ဗီလိန်တို့ရဲ့နှလုံးသားကို ပေါ်လွင်အောင်ရေးပေးတာကို။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။