Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, February 23, 2009

၁၀ နှစ်ပြည့်မှသည် ....



ဆယ်စုနှစ်တစ်ခု
အမှတ်တရ မဟုတ်တောင်
အမှတ်တမဲ့တော့ မဟုတ်ခဲ့ပါဘူး ...
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အလိုမကျမှုတွေ
စိတ်ညစ်မှုတွေ
အရာရာကို ကျော်ဖြတ်
တွဲလက်တွေ ခိုင်မြဲလျက်ပေါ့ ...

ကျေးဇူးပါမလေးရေ
မေသူရယ် ... အထွဋ်ရယ် ...
ပျော်ရွှင်မှုတွေရယ် ...
နှစ်သိမ့်မှုတွေရယ်ကိုပေါ့ ...

ပျော်ရွှင်မှုအတွက်
ကမ်းလင့်ခဲ့တဲ့ လက်အစုံရယ် ...

စိတ်ညစ်မှုအတွက်
ပန်ဆင်ခဲ့တဲ့ နားတစ်စုံရယ် ...

တွေဝေမှုအတွက်
လမ်းပြခဲ့တဲ့ စကားတစ်စုံရယ် ...

ကြမ်းတမ်းတဲ့လမ်းအတွက်
လိုက်လျောခဲ့တဲ့ ခြေထောက်တစ်စုံရယ် ...

တွယ်ရာမဲ့နေတဲ့ နေ့တွေအတွက်
နွေးထွေးလှတဲ့ ရင်ခွင်အတွက်ရယ်ပေါ့ ....။

မျှော်ကြည့်လိုက်ပါမလေးရေ ...
တောက်ပတဲ့အနာဂတ်တွေဆီကိုလေ

ကိုယ်လေ ...
ကမ်းလင့်ခဲ့ လက်အစုံ
ယုံကြည်ချက်မြဲစွာနဲ့
ရဲရဲသာ ဆုပ်ကိုင်
ကိုယ့်ရဲ့ အနာဂါတ်အားလုံးဟာ
မင်းတို့ အတွက်ပေါ့ ....။
ကိုရုပ်ဆိုး
၁၄ ဖေဖော်ဝါရီ ၀၉ (၀၁း၀၂)မိနစ်

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. Congratulations ပါအစ်ကို
    ချစ်လှစွာသော မဟေသီ နဲ့
    သက်ဆုံးတိုင် ပျော်ရွှင်မှုတွေ
    အေးငြိမ်းမှုတွေနဲ့
    ထုံလွှမ်းနိုင်ပါစေ .. ..

    ReplyDelete
  2. Congratulations ပါအစ်ကို
    သာယာ ချမ်းမြေ့တဲ့ မိသားစု ဘ၀လေးး)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။