Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 13, 2008

အလွမ်းဆုံးကတော့ ....

ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ကဗျာမဟုတ်ပါ ...။ ကြိုက်လွန်းလို့ ကူးယူသိမ်းထားပြီး ... ကိုယ်ကိုတိုင်ရေးသလိုနဲ့ ပေးခဲ့တာ ... :)

တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
လွမ်းကြရအောင် မလေးရေ။
မင်းရဲ့အတိတ်၊ အဆိပ်သင့် ...ည
ထိုကာလကို
အိပ်ခွင့်ထာဝရ ပေးလိုက်ပါ။
ဒီညတော့
မင်းရဲ့အိပ်မက်၊ မင်းရဲ့ ...အတွေး
မင်းရဲ့ ...ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို
ခိုနားခွင့်ပြုပါ။
ကိုယ့်ရဲ့ ရင်ခွင်ကတော့
မင်းပြုသမျှ နားလည်ပြဖို့အတွက်
လှပစွာ ရဲဝံ့နေလိမ့်မည်(မယ်)
မင်းမှာ ...
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
မင်းဟာ ...
ကိုယ့်ရဲ့ လရောင်နွေး။
မင်းဟာ ...
ကိုယ့်ရဲ့ နေရောင်ခြည်။
မင်းဟာ ...
ကိုယ့်ရဲ့ နွေးထွေးဖော်။
မင်းဟာ ...
ကိုယ့်အတွက် ....
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်။

မင်း ...
အိပ်မက်တွေ မက်နေသလား။
ဒါ ...
အာရုံများကို လှည့်စားခြင်းဖြစ်တယ်။
မင်းရဲ့ အိပ်မက်တွေ
လှပစေဖို့
ကိုယ့်ရဲ့ အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
မင်းရဲ့ ... စကားသံချိုချိုလေးတွေကို
ကိုယ် ... နားထောင်ချင်ပါတယ်။
ကိုယ့်ရဲ့ စကားသံတွေကိုလည်း
မင်း ... ကြားယောင်နေစမ်းပါ။

ဒါဟာ ....
(ကိုယ့်ရဲ့မျှော်လင့်ခြင်း မဟုတ်ခဲ့ရင်တောင်)
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင်ဖြစ်လိမ့်မယ်။
ပျော်ပါရဲ့လား ... မလေး
တွေးကြည့်စမ်းပါကွယ်။
ဝေးလွင့်ခြင်းနဲ့ မကြုံရဖို့
မင်း....
ဘာဆုတွေ တောင်းသလဲ။
မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်။
မင်းနဲ့ ပတ်သက်မှ
ကိုယ် ...
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ ချစ်ခြင်းတွေ လိုအပ်တယ်။

မောင် ... အလွမ်းဆုံးကတော့
မလေးရဲ့
မနက်ဖြန်တွေကိုပါပဲ ....။

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. အစ်ကိုရေ့ ဒီကဗျာလေးကို ဖတ်ပြီး ကြိုက်လွန်းလို့  သူငယ်ချင်းတစ်ယောက်ကို အွန်လိုင်းမှာတွေ့ တော့ ပေးဖတ်လိုက်တာ ကြိုက်လို့ ဆိုပြီး မေးလ်ပါ ပို့ ပေးလိုက်ရတယ် ဘယ်သူရေးတာလဲဗျ ပြောမပြထားဘူးနော် ။

    ReplyDelete
  2. ကိုရုပ်ဆိုး အကွက်လေးတွေကမိုက်တယ်။ သင်ပေးဦး။ အဲလိုကဗျာတွေဘယ်လိုရှာလဲလို့။
    ဒါမှမဟုတ်လဲ။ ကျနော့ ကောင်မလေးက ဒီကဗျာ ပဲ ပေးလိုက်တော့မယ်။ ကျနော်ရေးသလိုလိုပေါ့။ :) ဖြစ်တယ်မလားကိုကြီး။ :D

    ReplyDelete
  3. အစ်ကိုရေ ကဗျာလေးကို အရမ်းကြိုက်သွားပြီဗျာ ဘယ်သူရေးထားတာလည်းမပြောထားဘူးနော်အစ်ကို။

    ReplyDelete
  4. အစ်ကိုရေ...ဒီကဗျာလေးကိုတော့ ကြိုက်လွန်းလို့  ကူးသွားပြီဗျ။ ဖြစ်တယ်ဟုတ်။

    ReplyDelete
  5. မောင်အလွမ်းဆုံးကတော့
    မလေးရဲ့
    မနက်ဖြန်တွေကိုပါပဲ --။

    ကဗျာဆရာညွှန်းတဲ့ သူ တော့ ဘယ်လိုနေမယ်မသိပါ။
    မသက်ဇင် ကတော့ မနက်ဖန်အတွက် ကြိုပြီး လွမ်းတတ်တဲ့
    ကဗျာရေးသူ ရဲ့ အလွမ်းကို နှစ်သက်တယ်။

    ReplyDelete
  6. အားးးး မိုက်တယ်.. ကဗျာလေးက.... တယ်ဂွတ်ပါလား :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။