Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 5, 2008

ဝီရအပြုံး (သို့) ခွန်အား

အင်း ... ဒီ ကဗျာလေးတွေကို တင်မယ်, တင်မယ်နဲ့ တော်တော်အချိန်ယူ စဉ်းစားခဲ့ရတယ်။ ခွင့်တောင်းနေတာလည်း ပါတာပေါ့။ လွန်ခဲ့တဲ့ (၁၃)နှစ် ... ဟုတ်တယ် ... အဲဒီလောက်တောင် ကြာခဲ့ပြီ။ ကျနော့ အမျိုးသမီးနဲ့ ရည်းစားဖြစ်နေတုန်း ကာလကလေးကပေါ့ ဒီကဗျာလေးကို ရေးပေးခဲ့တာ (ကျန်သေးတယ်ဗျး) အသက်ကြီးမှ ငယ်မှုပြန်တယ် အပြောခံရမှာလည်း စိုးသေး (ရွာသားလေး ... ကျနော် အသက် အရမ်းကြီးနေပြီလား .. ဗျာ .. ငယ်သေးတယ် ... ဟုတ်လား ... ကျေးဇူးဗျာ၊ အခုလို မြန်မြန်ဆန်ဆန်ပြန်ဖြေပေးတဲ့အတွက်း) OK ဗျာ ဖတ်ကြည့်ပြီး အော်ခဲ့ကြဗျာ ... အခြေအနေကြည့်ပြီးမှ နောက် ကဗျာတွေ ထပ်တင်မယ်။


ဝီရအပြုံး (သို့) ခွန်အား

ချစ်သူ …
မငိုနဲ့တော့ကွာ
မင်းရဲ့ မျက်ရည်တစ်စက်ဟာ
ငါ့ရဲ့ဘ၀တစ်သက်လိုပါပဲ
မင်းရဲ့ ရှိုက်သံတစ်ချက်ဟာ
ငါ့ရဲ့ ကမ္ဘာပျက်သံလို့ ထင်မိတယ် …။

ချစ်သူရေ …
အားတင်းပြီး ပြုံးစမ်းကွာ
မင်းရဲ့ အပြုံးတိုင်းဟာ
ငါ့ရဲ့ ခွန်အားလှိုင်းတွေပါပဲ
မင်းရဲ့ ရွှန်းလဲ့မျက်လုံးထဲမှာ
ငါ့ရဲ့ ပန်းတိုင်အဆုံးကို တွေ့နေပြီ …။

ချစ်သူရေ … ပြုံးထားစမ်းကွာ
ခရောင်းလမ်းတွေ ပျောက်တော့မှာပါ
ပန်းတိုင်အဆုံးကို ရောက်တော့မှာပါ

ကဲ … ချစ်သူ
မျက်ရည်သုတ်လိုက်
ပြုံးမှ ဖြစ်မယ် …။


ကိုရုပ်ဆိုး
၃၀၊ ဇူလိုင်လ၊ ၉၅ (၂၀း၄၅)မိနစ်

ပုံနှိပ်စာလုံးရယူရန်

8 comments:

  1. လွန်ခဲ့တဲ့ ၁၃ နှစ်ဆိုတော့ လူပျိုပေါက်စနလေးပေါ့း) ကဗျာလေး အရမ်းကောင်းတယ် အစ်ကို နုနုရွရွလေး အချစ်မှာ အိုမင်းခြင်းမရှိတဲ့ အချစ်ရှိနေသ၍ အမြဲ ငယ်ရွယ်နေမှာပဲ ဆူဇီရဲ့ ရတု အဆက်ဆက်ထဲမှာဆို အဖွားကြီးနဲ့ အဖိုးကြီး ချစ်နေလိုက်ကြတာ အားကျစရာမတွေ့ ဘူးလား အစ်ကိုရ ရေးသာရေး :)

    ReplyDelete
  2. ငါ့အစ်ကိုကတော့  ကဗျာအရေး တယ်ကောင်း။ လွန်ခဲ့ တဲ့  ၁၃နှစ်ကရေးခဲ့ တဲ့ ကဗျာက ဘယ်အချိန်ကြည့်ကြည့် နုပျိုနေတုန်း။ အဲလိုရေးတတ်အောင်သင်ပေးပါလားဗျာ။ ကျနော်လည်း အစ်ကို့ လို စွံချင်လို့ ။

    ReplyDelete
  3. ကဗျာလေးကတော်တော်မိုက်တယ်ကွာ။လူအတိုင်းပဲ.... :P
    ဦးဦးယုတ်စိုး... ဟီးဟီး...

    ReplyDelete
  4. အာ.. တို့အစ်ကိုကြီး ကဗျာရေးလွှတ်ကောင်းကိုးး :P
    နောက်ထပ်လုပ်ပါအုံး...
    အစ်ကိုတော်မောင်မျိုးပြောသလိုပဲ.. ထပ်ပြောတော့ဘူးနော် ..

    ReplyDelete
  5. အမရေ ချစ်သူရေဆိုပြီး
    အပြစ်မယူအောင်ရေးထားခဲ့လေတော့
    အမယ်မင်းကလေး ၂ယောက်ကယ်နဲ့
    ခုနှစ်ထပ်မှာ
    တံတိုင်းနဲ့ထားရက်ကာ
    ညဘက်ပါတခါတခါ
    ပြန်မအိပ်ပင်မယ့်
    တယ်မငြင်းဆန်နိုင်
    ဒင်းပြန်မှ
    ကိုင်လိုက်မယ်
    လာလေရော
    .
    .
    .
    .

    အိမ်သော့(ဖွင့်ပေးမလို့ပါနော်)
    စိတ်ဆိုးနဲ့

    ReplyDelete
  6. သြော်.... ဒီလို တော်ကီကြောင့်လည်း ကိုရုပ်ဆိုး၊ ကိုရုပ်ဆိုးနဲ့ နာမည်ကြီးနေတာကိုး။ :)

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. အစ်ကိုရုပ်ဆိုးရေ ချစ်ဇနီးကို ရည်ရွယ်ပြီးရေးထားမှန်းသိတော့ ကဗျာလေးက ဖတ်ရတာ ပိုအသက်ဝင်ပြီး ပို Romantic ဖြစ်သွားတယ်။ အစ်မ ကြွေမယ်ဆိုလည်း ကြွေလောက်ပါတယ်း))

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။