Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 27, 2008

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ငါ့ညီ မောင်မျိုးရေ ... ဘ၀အတွက်လည်းရေးပါဆိုလို့ ရေးလိုက်တာ ... ဘ၀အရှုံးသမားဇာတ်မဟုတ်ပဲ၊ ဘ၀ကိုနင်းကန် ဇွတ် စိန်ခေါ်တဲ့ ကဗျာ ဖြစ်သွားတယ်။ သည်းခံ ငါ့ညီမောင်မျိုး ....။ စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်ကို (၁၉)လမ်းမှာ လုပ်နေရာကနေ စိတ်ကူးပေါက်လို့ ကဗျာထရေးပြီး တင်လိုက်တော့ နည်းနည်း ... ဒေါသသံပါသွားတယ်။ ဖတ်ကြည့်ပေတော့ မောင်မျိုးရေ ....။

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
…………………
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ…………………
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။

ငါဆိုတာ … ငါကွ။

ကိုရုပ်ဆိုး
၂၇-စက်တင်ဘာ-၀၈ (၁၇း၃၂)မိနစ်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. အစ်ကိုကြီးရေ့ စကားလုံးတွေ အားကောင်းလွန်းလို့  ညီတောင်ရှိန်သွားတယ် အားလည်းတက်လာတယ် ကျေးဇူးတင်လွန်းလို့  ဘာပြောရမှန်းတောင်မသိတော့ဘူး ညီ့ဘလော့မှာလည်းပြန်တင်မယ်နော့်း)

    ReplyDelete
  2. ဝိုးး ဒီကဗျာလည်းမိုက်တယ်..
    အစ်ကိုတော်ပြောသလိုပဲ စကားလုံးတွေအားကောင်းလွန်းလို့ ရှိန်သွားပြီ :)

    ReplyDelete
  3. Great!!! I get many energy for my soul.
    Thanks You Ko Yoke Soe.

    ReplyDelete
  4. သူမတူတဲ့ အရာများနဲ့ ဖွဲ့စည်းနေတာ ဘဝ ။ ....

    စာသားလေး ကြိုက်တယ်။

    ဘဝ = ဟင်းလေးအိုး (မစ်သွန်းသွန်း) :P

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။