Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 20, 2008

ကျနော်တို့ခေတ်က ရည်းစားစာ ...

ဒီနေ့တော့ ... ငယ်ငယ်က သူငယ်ချင်းတွေကို ဒိုင်ခံရေးပေးဖူးတဲ့ ရည်းစားစာ တစ်စောင်ကို ဘလော့ဂ်လေးမှာ တင်ချင်တယ်ဗျာ...။ ကိုယ်က ရုပ်ဆိုးတော့ ကိုယ့်အတွက်မဟုတ်ပဲ၊ သူငယ်ချင်းတွေကိုချည်းပဲ ဒိုင်ခံရေးပေးရတာ :) ဟဲ ဟဲ ... ကိုယ်က တစ်ကွက်ချန်ထားပြီး၊ ကိုယ့်အလည့်ကျတော့ ကဗျာတွေရေးပြီး လိမ့်ပေးလိုက်တယ်။ ဘယ်ရမလဲ ...။
အခုတလော ဦးဏှောက်မှတ်ဥာဏ်က သိပ်မကောင်းတော့ မှတ်မိတာလေးတွေပဲ တင်ပေးလိုက်တယ်။ မောင်မျိုးရေ ... ငါ့ညီလိုချင်တဲ့ ရည်းစားစာ အကို တင်ပေးလိုက်တယ်။ လာကူးဦးကွ။

....................................................................................

ချစ်သူ ...

သူ့ဆီက အချစ်တွေ မရရှိခင်မှာပဲ “ချစ်သူ”လို့ ခေါ်တာကိုတော့ နားလည်ပေးပါ။ ကိုယ့် ဘ၀မှာ ချစ်ရတဲ့သူမို့ ချစ်သူလို့ အမြတ်တနိုးခေါ်လိုက်တာပါ ...။

ချစ်သူ ...

ဗုဒ္ဓကဟောခဲ့တယ် ...။

- မချစ်မနှစ်သက်သူနဲ့ နေရခြင်းသည် “ဒုက္ခ” တဲ့
- ချစ်ရသူနဲ့ ကွေကွင်းရခြင်းသည်လည်း “ဒုက္ခ” တဲ့

ဒီတော့ .. သူ့ကို “ချစ်သူ”လို့ ခေါ်ခွင့်ရဖို့အရေး ကိုယ်မျှော်လင့်မိနေတာကို သူ နားလည်နိုင်မယ်လို့ ထင်ပါတယ်။

ချစ်သူ ...

သူ့အနေနဲ့ အချစ်ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်လဲ ? ကိုယ်ကတော့ ...

“အချစ်ဆိုသည်မှာ မိမိ၏ ပျော်ရွှင်မူအားလုံးကို ချစ်သူထံသို့ နေရာရွှေ့ထားခြင်းပင်ဖြစ်သည်။” တဲ့

ချစ်သူ ပျော်ရွှင်ပါစေ ...

ချစ်သူအတွက် ကို ကဗျာလေးတစ်ပုဒ် အမှတ်တယအနေနဲ့ ထည့်ပေးလိုက်တယ်။

ရေသောက်မြစ်

စိမ်းစိုဝင့်ကြွား
လှပတင့်တယ်
ပန်းကလေးတစ်ပွင့်နှယ်
လောကရဲ့အလယ်
ဂုဏ်တင့်တယ်ဖို့

မြေအောက်က
ရေသောက်မြစ်လို
သူ့ရဲ့ …
နှလုံးသွေးတွေကို ပေးပို့
ပန်းကလေးတစ်ပွင့်
လှပစေဖို့ပေါ့လေ …။

ဒီလိုပဲ …
ချစ်သူရဲ့ ဘဝ
လှပပွင့်လန်း
တင့်ဆန်းစေဖို့
မြေအောက်က
ရေသောက်မြစ်ဘဝ
“ကို” ဖြစ်ပါရစေ
“ချစ်သူ” ရယ် …။

ချစ်သူရဲ့ အရိပ်ပမာ .... ကို


ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၃း၄၀)မိနစ်

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. ဟဲဟဲ အမကိုပေးခဲ့တဲ့စာလား :P

    ReplyDelete
  2. ရည်းစားစာ အခုမှ လာယူရတယ်း) ကျေးဇူး ဒီနေ့  ဘုရားမှာတွေ့ ခဲ့တဲ့ ကောင်မလေး တော်တော် လှတယ် ဟားဟား

    ReplyDelete
  3. ရည်းစားစာတွေ ရတတ်တဲ့ မိန်းကလေးတွေကို သတိပေးမှ
    ဖြစ်မယ်ထင်ပါရဲ့-- တော်ကြာ ကိုရုပ်ဆိုးရေးပေးတဲ့ စာဖြစ်နေအုံးမယ်လေ--
    အချို့မိန်းကလေးတွေက စာထဲမှာပါတဲ့ ခံစားချက်တွေကို မြတ်နိုးတတ်ကြတယ်--ဒါထက် စကားမစပ် ဂရုဖ် ဓါတ်ပုံတွေထဲက ဘယ်သူက ကိုရုပ်ဆိုးလဲ--- အားလုံးကလည်းချောမောနေလို့မေးကြည့်တာပါ---
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete
  4. အာရိုရို။ စကားလုံးတွေက သေလောက်တယ် :)

    ReplyDelete
  5. ကိုရေသောက်မြစ်ကြီးရေ..
    ရည်းစားစာ ကမိုက်တယ်၊
    ကျတော်လဲ ရေးခိုင်းအုံးမှ ထင်တယ်

    PS ညက ဘာလုပ်ဖြစ်လဲ..ဟဲဟဲ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။