Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, September 16, 2008

နာကျင်မှုမှသည် ... ကြင်နာမှုဆီသို့

ကျနော် ဒီကဗျာလေးကို ၄-၃-၂၀၀၁ ခုနှစ်မှာ ရေးခဲ့တာပါ။ အဲဒီနေ့က ကျနော့ သမီးလေး မွေးတဲ့နေ့လေ ...။ သမီးလေး နာမည်ကို ”မေသူကို”လို့ ပေးထားတယ်ဗျ။ အခုခေတ်အခေါ် Grade-3 (ဒုတိယတန်း)တက်နေတယ်လေ။ ကျနော်နဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ သမီးလေးပါ (ဟဲ ... ဟဲ .. ကြော်ငြာဝင်တာ :))


ချစ်ဇနီး သို့

မိသားစုဘ၀လေးအတွက်
ချစ်သမီးလေးတစ်ယောက်နဲ့
ကိုယ်တို့ဘ၀ထဲဖြစ်တဲ့ နေ့လေးတစ်ရက်
အမှတ်တရ ရှိနေပေါ့ကွယ် ....။

မလေးရေ ...
ကိုယ့်အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သမီးအလှကညာကို
နာကျင်ခြင်းဝေဒနာ ခံစား
ခက်ခဲစွာမွေးဖွား (ပေးတဲ့အတွက်)
တို့မိသားစုဘ၀ သာယာအောင်
မတူနိုင်တဲ့ တူနိုင်မဲ့အရာကို
ကိုယ်လေ ဖွေရှာပေးပါ့မယ်(လို့)
ဆန္ဒပြုရင်း .....။

ကိုရုပ်ဆိုး
၎ ရက်၊ မတ်လ၊ ၀၈ (၁၅း၂၀)မိနစ်

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. အဖေက ဒိုးလုံး သမီးက အယ်လ်ဆိုင်းဇီ ဆိုလိုက်တာမှ ၀က်ဝက်ကွဲ ကြားပါတယ်ဗျာ ဒီကနေ....လွမ်းလိုက်တာ ဘဲကြီးရာ

    ReplyDelete
  2. ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရဲ. ပဲ့ ကိုင်ရှင် အစ်ကိုရုပ်ဆိုးအတွက် ဂုဏ်ယူပါတယ်ဗျာ။ ကိုရွာသားလေး ပြောပုံအတိုင်းဆို အဖေရော သမီးပါ အဆိုကောင်းတယ်ထင်တယ်။ ဟုတ်မဟုတ် အိမ်နီးချင်းတွေ လာမေးလိုက်မယ်နော်။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ကြည်နူးစရာ ကဗျာတစ်ပုဒ်ပါပဲ အစ်ကိုရုပ်ဆိုးရေ... သမီးလေး မွေးတဲ့နေ့မှာဆိုတော့ ဖတ်ရတာ ပိုပြီး လေးနက်သွားပါတယ်... သမီးလေးကလည်း ချစ်စရာလေး အစ်ကိုရုပ်ဆိုးရေ...

    ReplyDelete
  5. အစ်ကိုတို့ မိသားစုလေး အေးချမ်းနေတာပဲ အမြဲပျော်ရွှင်ပါစေဗျာ..။

    ReplyDelete
  6. ညီမလေးက ချစ်စရာလေး.. သနပ်ခါးလေးနဲ့ .. :D
    အစ်ကိုကြီးတို့မိသားစုအမြဲပျော်ရွှင်နိုင်ကြပါစေနော်.... :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။