Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 6, 2008

အမှတ်တရ နာကျင်မှု

ရည်းစားသက်တမ်း (၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲလေး ကျင်းပမယ်ဆိုပြီး ချိန်းထားတဲ့နေရာကို မရောက်လာတဲ့အတွက် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ .... လွန်ခဲ့သော (၁၃)နှစ်ကပါပဲ ...။ နောက်တော့မှ သူ မရောက်လာနိုင်တာ နယ်ကို နာရေးကိစ္စ (သူ့အမေဆုံးလို့ .. အခု ကျနော့ ယောက္ခမပေါ့း) ) ပြန်သွားရတာဆိုတာ သိလိုက်ရတယ်။ အခုတလော ခေါင်းထဲက ကဗျာအသစ်မထွက်တာရယ် ... လက်ရာအဟောင်းလေးတွေကို သူငယ်ချင်းတွေကို ဝေမျှချင်တာနဲ့ပါ .... အော်ခဲ့ကြအုံးဗျာ နော့...


အမှတ်တရ နာကျင်မှု

ချစ်ခြင်းရဲ့ အထိမ်းအမှတ်
မွေးနေ့ပွဲလေးတစ်ခု
ပျော်ရွှင်စွာ ကျင်းပမယ်လို့ရည်စူး
ကြည်နှုးလျက်ပေါ့ …

ဒါပေမယ့် …
ကံတရားရဲ့ စေစားမှုကြောင့်
နှလုံးသားတစ်ခုမှာ
ပျော်ရွှင်ခြင်းတစ်ဖက်
လွမ်းဆွေးခြင်း တစ်ဝက်နဲ့

အခုတော့ …
ချစ်ခြင်းရဲ့ မွေးနေ့
တိတ်ဆိတ်စွာပြီးဆုံး
သြဘာသံ မဖုံးတော့ပေ …။

ကိုရုပ်ဆိုး
၁၂၊ သြဂုတ်လ၊ ၉၅ (၂၄း၁၅)မိနစ်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. မနာကျင်ပါနဲ့  အဲ့တုန်းကတော့ နာကျင်လေး) အခုတော့ ပျော်နေတယ်ဟုတ် အစ်ကိုကြီးက လူပျိုတုန်းက တော်တော် နုမယ် ဟီးဟီး ကဗျာတွေနဲ့  ရေးပြီး အမှတ်တရတွေဖြစ်စေတာကိုး label က မိုက်တယ် “ကျနော့ ကဗျာ, ချစ်ဇနီးသို့ ” တဲ့ မနာလိုတော့ဘူးဗျာ ။

    ReplyDelete
  2. အစ်ကိုကြီးးရေ.. ကံတရားရဲ့လှည့်စားချက်ကလည်းနော်..
    အဲဒီတုန်းကတော့ တော်တော်ခံစားခဲ့ရမှာပဲ.. :P
    ဝင်ဖောတာ ဘာမှဟုတ်ဘူး ဟိ ဟိ

    ReplyDelete
  3. အော် သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်..။

    ReplyDelete
  4. bro..
    side bar မှာ.. "ရသဝေးသော ဘလော့ဂ်များ" ဆိုပြီး ဖြစ်နေတယ်...
    ကျွန်တော်များ မှားနေလား..

    မေတ္တာဖြင့်
    edu

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။