Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, September 13, 2008

ချစ်သူအတွက် ....

ဒီလို ကဗျာလေးတွေနဲ့ ကြွေခဲ့တာဗျ ... အားပေးကြပါအုံး။

ချစ်သူအတွက်

ချစ်သူအတွက်
မမောမပန်း
စိတ်ရွှင်လန်းအောင်
သံစဉ်ချိုမြ
တေးဂီတနှင့်
ဖျော်ဖြေသူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
နာဖျားမကျန်း
စိတ်ပင်ပန်းက
နီးကပ်ပြုစု
စောင့်ရှောက်မှုဖြင့်
ချွေးသိပ်သူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
သောကပြည့်လျှမ်း
ခရီးကြမ်းဝယ်
လိုက်ပါစောင့်ရှောက်
အားကိုးလောက်တဲ့
ကိုယ်ရံတော်လေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ယုယုယယ
ကြင်နာပြလျက်
သစ္စာတရား
နားလည်ထားတဲ့
ချစ်သူတစ်ယောက်
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ချစ်စစ်ချစ်မှန်
မေတ္တာဟန်ကို
ဖွဲ့နွဲ့ရသ
ညွှန်းဆိုပြတဲ့
ကဗျာရှင်လေး
ဖြစ်ချင်တယ် ...။

ရင်ထဲအချစ်
မေတ္တာစစ်ကို
ဖွင့်ဟညွှန်းဆို
ချစ်သူတစ်ယောက်
သိစေလို ...။

ကိုရုပ်ဆိုး
၁၉၉၅ ပါတ်ဝန်းကျင်

ပုံနှိပ်စာလုံးရယူရန်

4 comments:

  1. အင်းအခုတော့....မှန်သလားမှားသလား မဥမ္မာရေ......

    ReplyDelete
  2. ဟီး ကြွေလောက်တယ်ဗျ။ အဖွဲ့ အနွဲ့ က ရှယ်ပဲ။ ဒါနဲ့  အစ်မကို သွားမေးကြည့်ဦးမယ်။ ခုရော အဲလိုပဲလားလို့ ။ ဟေဟေ.
    မ သွားပြီ။ အချွန်နဲ့ ။

    ReplyDelete
  3. အစ်ကိုရုပ်ဆိုးရေ... ကဗျာလေးက တကယ်ကို နူးနူးညံ့ညံ့လေးနဲ့ လှပပါတယ်။ ကိုရွာသားလေးနဲ့ ကိုဇင်ယော်တို့မေးသလို အခုရော အစ်ကိုရေ...း))

    ReplyDelete
  4. အဲဗျာ... ကဗျာလေးက အဲတုန်းကတော့ ရင်ကို လှုပ်စေခဲ့မယ်
    ခုရော ဘယ်လိုနေလဲ အမကို မေးကြည့်အုံးမယ်..
    ဟိဟိ
    ကိုဇင်ယော်ကို့ အားကျလို့ ထပ်မသွားတယ် :P

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။