Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, September 17, 2008

ရွှေပြည်သူ (သို့) စကားလုံးဖြင့် လောကကို အလှဆင်သူ

ညီမငယ် ရွှေပြည်သူ က ကျနော့တင်ထားတဲ့ ပို့စ်တစ်ခုကိုဖတ်ပြီး ကွန်မန့်မှာ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးသွားခဲ့တယ်။ အမှတ်တရ ရေးပေးသွားခဲ့တဲ့ကဗျာလေးကို မှတ်မှတ်ရရ ဖော်ပြပေးချင်တဲ့စိတ်နဲ့ တင်ပေးလိုက်တယ်။

ညီမငယ်ရေ ဒီနေရာကနေ ရာပြည့်ကျေးဇူးတင်လွှာ လေးအတွက်ကော၊ မှတ်မှတ်ရရ စာမူခ ကဗျာလေးအတွက်ကော ကျေးဇူးပါဗျာလို့ ပြောပါရစေ....။

မပျက်မလွဲပြီ
လက်တွဲချည်လို့
ညီညာကြွမြန်း
မွန်မြတ်လမ်းသို့
သွားခဲ့ကြသည်
သွားကြသည်တဲ့
ကူညီကမ်းဆက်
ရွှေလက်များကို
ရင်ဝယ်လေးစားမိပါသည်...

(၁၇.၀၉.၀၈ ~ မနက် ၁း၀၂ နာရီ)

အမြဲတမ်းအလှူတွေ မရပ်မနားလုပ်နေတဲ့ အစ်ကိုတို့တွေကို လေးစားစိတ်နဲ့ အစ်ကို့ကဗျာလေးကရတဲ့ Inspiration ပေါင်းပြီး ဆက်ရေးကြည့်လိုက်တာပါ။ အားလုံးကို လေးစားပါတယ်။ အားလုံးအတွက် ဂုဏ်လည်းယူပါတယ်...

ပုံနှိပ်စာလုံးရယူရန်

1 comment:

  1. အစ်ကိုရုပ်ဆိုးရေ... အစ်ကိုတို့ကို လေးစားတဲ့စိတ်နဲ့ပဲ ခေါင်းထဲက အလိုလိုထွက်လာတာကို ချရေးလိုက်တာပါ။ အခုလို တကူးတက ပို့စ်တစ်ခုအဖြစ် တင်ပေးထားတာ မြင်လိုက်ရတော့ အားနာကျေးဇူးတင်မိပါတယ်။ ၀မ်းလည်းသာမိပါတယ်။ တကယ်တော့ အစ်ကိုတို့လို အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေနဲ့ လိုအပ်နေတဲ့သူတွေကို မရပ်မနားကူညီနေတဲ့သူတွေဟာ ညီမရေးတဲ့ ဘာမဟုတ်တဲ့ ကဗျာတိုလေးထက် အဆပေါင်းများစွာသာလွန်တဲ့ ဂုဏ်ပြုခြင်းတွေနဲ့ ထိုက်တန်တာပါ...

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။