Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, August 14, 2008

မြန်မာဝီကီ မှ ကိုရုပ်ဆိုးရဲ့ နောက်ထပ် ပို့စ်တစ်ခု

ဘယ်လိုလဲ ဘလော့ဂ်ဂါ သူငယ်ချင်းများ ....

ကျနော်ရဲ့ “ထန်း”အကြောင်း မြန်မာဝီကီမှာ ဖတ်ပြီး ထန်းရည်သောက်ချင်နေပြီလား။ ကျနော်ကတော့ တင်နေတုန်းမှာ တ၀သောက်လိုက်လို့ ရီဝေေ၀ (ရီဝေယံ) မဟုတ် (ရီဝေရမ်း)လည်းမဟုတ်။

အခု နောက်ထပ် “၀ါး”ဆိုတာ တင်ထားသေးတယ်။ ဧရာဝတီတိုင်းမှာ အိမ်တွေသွားဆောက်ပေးရင်းနဲ့ ၀ါးအကြောင်း အတော်အတန်သိလာသလို၊ ကိုယ့်မှာကလည်း စာပေဗိမာန် စာမူဆုရထားတဲ့ “မြန်မာ့ဝါး”စာအုပ် ရှိနေတာနဲ့ တင်လိုက်တာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ ၀ါး (၁)မျိုးစီရဲ့ အသုံးဝင်ပုံကို ထပ်တင်အုံးမှာ။ အချိန်နည်းနည်းတော့ ပေးပါဗျာ။ တဖက်ကိုဘဲ မည်းနေရင် ဘလော့ဂ်ဂါသူငယ်ချင်းတွေက ကျနော့ဘလော့ဂ်ကို အလာကျဲသွားမှာလည်း စိုးရိမ်တယ် ... ဟဲ ဟဲ ... အသစ်မတင်လည်း သူငယ်ချင်းတွေက လာလည်မြဲပါ ... ဟုတ်တယ်ဟုတ်။

အောက်မှာ လင့်ခ် လေး ပေးလိုက်တယ်။ လိုအပ်တာရှိရင် အကြံပေးကြပါအုံး။


ဝါး (သို့မဟုတ်) ၀ါးပင်

ပုံနှိပ်စာလုံးရယူရန်

1 comment:

  1. အစ်ကိုကြီးး..ဟိုဘက်မှာ သွားဖတ်ပြီးပြီး...၀ါးအသုံးဝင်တာတော့မပြောနဲ့ တော့ ကျနော်တို့ ရွာမှာဆို အိမ်ဆောက်လည်းဝါးပါတယ် ၊ အခုလိုရာသီဆို မျှစ်းတွေအရမ်းပေါတာ စားကောင်းမှကောင်း ၀ါးဘိုးမျှစ်ကို ခရုလေးနဲ့ တာလပေါ့ ချက်စားအရမ်းကောင်း :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။