Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, August 31, 2008

အဖြည့်ခံ နှလုံးသားတစ်ခုရဲ့ နာကျင်မှု

ကလေးငယ် ... မင်းရဲ့ ယုံကြည်ချက်အတိုင်း မင်း လျှောက်ပါ။ မင်း စိတ်ထဲ ငါ့ကို မုန်းတီးနေမယ် ဆိုရင်တောင် မင်း .... မမြင်ချင်လောက်အောင်၊ မုန်းတီးနေမယ် ဆိုရင်တောင် ... ငါ ကျေနပ်တယ်။ အဖြူရောင်ကို အရောင် စွန်းထင်စေခဲ့တဲ့ ငါ့ ကိုယ်ငါ နာကျည်းနေတယ်ဆိုတာ မင်းသိခဲ့ရင် ... ငါ ကျေနပ်တယ် ...။

မင်းမသိပါဘူး
ငါကြေကွဲနေတာကိုလေ …

ငါ, မင်းကို ချစ်ခဲ့တာ
ငါ, မင်းကို သံယောဇဉ်တွယ်ခဲ့တာ
ငါ, မင်းကို မြတ်နိုးခဲ့တာ

အရာရာအားလုံးကို
မင်း, ဘယ်လို ရှုမြင်ခဲ့သလဲ …

အဖြူရောင် နှလုံးသားတစ်ခုကို
မင်း, မမြင်နိုင်ခဲ့တာတော့
ငါ, အကြေကွဲဆုံးပါ

အချစ်မှာ …
သံယောဇဉ်မှာ …
မြတ်နိုးမှုအတိုင်းအတာမှာ …
ဘယ် စံနှုံးကို မင်း အသုံးပြုခဲ့သလဲ …
ငါ မသိနိုင်ခဲ့ဘူးကွယ်…

ငါ, သေချာပြောနိုင်တာ
တစ်ခုတော့ရှိတယ်
ငါတို့နှစ်ယောက်
ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ
ရာဂနဲ့ မင်းကို မပတ်သက်ခဲ့သလို
အဖြူရောင်တွေချည်းပေးခဲ့တာကို
မင်း, ယုံကြည်ခဲ့သင့်တယ်…။

ငါ့မျက်လုံးက အရိပ်အရောင်တွေကို
မင်း ဖတ်တတ်ဖို့အတွက်
မင်း … ငယ်လွန်းပါတယ် ကလေးရယ်

ငါ …. အရာအားလုံး
မင်းအတွက်ပေါ့
ဟုတ်ပါတယ် … မင်းအတွက်ပေါ့ …
သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း ဖြူစင်ခြင်း …

အိုကွာ …

မင်းစံနဲ့ မင်း ဆုံးဖြတ်တော့ကွာ

ငါမူးနေတယ် …

အရာအားလုံးအတွက် ...
မင်းထင်တဲ့ ..
ငါ, မိုက်မဲခြင်းလို့ ယူဆတဲ့
အရာအားလုံးအတွက်
မင်းဆီက ဘာကိုမှ မမျှော်လင့်ခဲ့
တောင်းပန်ဖို့လည်း စိတ်မကူးခဲ့
ငါမမှားဖူး ထင်ခဲ့လို့ပေါ့…)

မင်း …. ပျော်ပါ၊ ကြည်နှုးပါ၊ စိတ်ချမ်းမြေ့ပါ …

ငါ, ကျေနပ်နေမယ် …

ဘာကြောင့်လည်းဆိုတော့

(ဘာကိုမှ) မျှော်လင့်မထားတဲ့
ငါ့ရဲ့ မင်းအပေါ်ထားခဲ့တဲ့
မင်း အနာဂါတ်အတွက်
ယုံကြည်ချက်တစ်ခုကို
စွဲစွဲမြဲမြဲ လျှောက်လှမ်းနေတဲ့မင်းကို …

ငါလေ … ငါ

သောကတွေ မပေးချင်တော့ဘူးကွယ် …။

ကိုရုပ်ဆိုး
၃၁၊ သြဂုတ်လ၊ ၀၈ (၁၅း၃၀) မိနစ်

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. တကယ်လို့ ရပ်ကျန်ခဲ့ရင်လည်း
    သတိဆွဲပြီးမနေ့စေ့ချင်ပါဘူး
    တကယ်လို့ မေ့နိုင်မယ်ဆိုလည်း
    အနာဟောင်းတွေမကျန်ခဲ့စေချင်ဘူး
    တကယ်လို့ ဆုတောင်းပေးမယ်ဆိုလည်း
    ဆုပေးသူလည်းထပ်တူရပါစေ........

    တခါတလေ ဇွတ်အတင်းပြောင်းလဲလို့မရတဲ့အကြောင်းအရာတွေထဲမှာ နေသားတကျရှိပါစေဗျာ

    ReplyDelete
  2. ပေးဆပ်မှု နဲ့  ချစ်နေရတာ လွယ်တယ်ထင်ရပေမယ့် တကယ်ခံစားရတဲ့ အခါသိပ်ပင်ပန်းတာပေါ့ ...အော် အဖြည့်ခွ အဖြည့်ခံ စာသားလေးတစ်ခုပေမယ့် သိပ်သနားဖို့ ကောင်းတာ ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။