Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, August 13, 2008

မြန်မာဝီကီ - ထန်းပင် အကြောင်းသိကောင်းစရာ

ကျနော် ဒီနေ့မနက်ပဲ မြန်မာဝီကီမှာ ထန်းပင် နဲ့ ပါတ်သက်တဲ့အကြောင်းလေးကို အစမ်းသဘော တင်ထားတယ်။ Blog တစ်ခု ရေးရတာထက်စာရင် နည်းနည်းရှုပ်တယ်။ တချို့ internal link တွေဆို ဘယ်လို လုပ်ရမလဲတောင် မသိသေးဘူး။ မချိတ်မိဘူး ဖြစ်နေတာ။ Content ကိုလည်း သူတို့ဘာသာ လုပ်ပေးမှာလား၊ ကိုယ်ကိုတိုင် လုပ်ရမှာလား မသိဘူးဖြစ်နေတယ်။ 

ဒီမှာ သွားလည်ကြည့်ပြီး လိုအပ်တာများရှိရင် ပြင်ဆင်ပေးခဲ့ကြပါလို့ ဘလော့ဂ်ဂါ သူငယ်ချင်းများထံ အပူကပ်ပါရစေ။

၁၉၈၆ ခုနှစ်၊ စာပေဗိမာန်မှ ချီးမြှင့်တဲ့  သုတပဒေသာ - (၀ိဇ္ဇာပညာရပ်) စာမူဆုရ တဲ့ မောင်လင်းသူ (ညောင်ဦး) စာအုပ်ထဲက အကြောင်းအရာလေးတွေကို အကျဉ်းခြုံး တင်ပြထားတာပါ။

နောက်ထပ် ထန်းလျက်ကျိုချက်ခြင်း၊ ထန်း ဖို မ ခွဲနည်း၊ ထန်းလုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ ထန်းအပိုပစ္စည်းများ အသုံးဝင်ပုံ စတာတွေကို တဖြည်းဖြည်း တင်ပေးမှာဗျ။ စောင့်မျှော်ပေးကြပါအုံး။

ပုံနှိပ်စာလုံးရယူရန်

No comments:

Post a Comment

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။