Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, August 14, 2008

အမှတ်တမဲ့မှ အမှတ်တရသို့ ....

ဒါက နောက်တစ်ပုဒ် ....

+ - + - + - + - + - + - + -

“လက်မထုတ်ရ”
“ဂေါင်းမပြူရ”
“ကွမ်းတံတွေးမထွေးရ”
“ဆေးလိပ်မသောက်ရ”
“မီးပွိုင့်တွင် အတက်အဆင်းမလုပ်ရ”
“ ............... ရ”

သတိပေးမှုတွေနဲ့
ဘေးကျပ်နံကျပ် သွားလာခဲ့တဲ့ငါ
တစ်ချက်အငိုက်မှာ
ငါ့ရဲ့နှလုံးသားကို
မင်း ခိုးသွားတယ်

ကောင်မလေးရေ
မင်း, ဘယ်မှာနေလဲ ?
မင်း, ဘယ်သူလဲ ?
မင်း, နာမည်ဘယ်လိုလဲ ?
မင်း, ........... လား ?

*** အမှတ်မထင်မြင်လိုက်ရတဲ့ စွဲမက်ဖွယ်ကောင်းသော ခပ်ချောချော ကောင်မလေးတစ်ယောက်သို့ ....

ကိုရုပ်ဆိုး
(၁၄ သြဂုတ်လ၊ ၀၈) ၁၃း၁၀ မိနစ်

ပုံနှိပ်စာလုံးရယူရန်

2 comments:

  1. အင်း နှလုံးသားနှိုက်တတ်သည် သတိထား လို့စာထပ်ရေးဖို့ မထသကို အကြောင်းကြားမှ တော်ကြာ ကိုရုပ်ဆိုးက ပျောက်တတ်ပါဘိသနဲ့

    ReplyDelete
  2. နောက်နေ့  အဲဒီ လိုင်းကားပေါ်မှာ
    ( စွဲမက်ဖွယ်ကောင်းသော ခပ်ချောချော ကောင်မလေးများ
    မတက်ရ။ သတိ...နှလုံးသား ခိုးတတ်သည်။ )
    လို့  စာရေးထားမှာ သေချာတယ်။
    ခပ်ချောချော ကောင်မလေးလေးတွေ လိုင်းကားစီးမရလို့ ကတော့
    ဟီးဟီး....ကိုရုပ်ဆိုးကို ၀ိုင်းပြီး မေတ္တာပို့ ကြလိမ့်မယ်ဗျ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။