Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, August 30, 2008

“အရည်အချင်း”

ကျနော် အထက်တန်းကျောင်းသားတုန်းက ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ တနေ့ သူ့ဆီကနေ ကဗျာလေးတစ်ပုဒ်ရတယ်။ ကျနော် ကြိုက်လွန်းအားကြီးလို့ သိမ်းထားပါရစေဆိုပြီး တောင်းထားတာ အခုဆိုရင် အဲဒီ ကဗျာလေးရဲ့သက်တမ်းဟာ (၁၄)နှစ်လောက် ရှိတော့မယ် :) ဟောင်းနေပေမယ့် ကောင်းနေဆဲပါ အဟဲ ...။ အဲဒီထဲမှာ တစ်ပိုဒ်ကိုတော့ ခေတ်နဲ့ညီအောင် ကျနော်ပြင်ထားတယ်။ တခါက အဲဒီသူငယ်ချင်းနဲ့ ပြန်ဆုံတော့ ခွင့်တောင်းလိုက်ပါသေးတယ်။ “သူငယ်ချင်းတဲ့ ... အခုထိ မှတ်မှတ်ရရ သိမ်းထားတာကိုက ကျေးဇူးတင်ပါတယ်တဲ့။ ဘ၀အမောမှာ ရေစုန်မျှောနေတော့ ကဗျာဆိုတာ ငါ့အတွက်တော့ ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းကလေးတခုအဖြစ်နဲ့ပဲ ကျန်ခဲ့ပြီတဲ့.....။ မင်း ကြိုက်သလိုပြင်ပြီး၊ အသုံးပြုပါ”ဆိုတာနဲ့ ကျနော့ဘလော့ဂ်မှ အဲဒီ သူငယ်ချင်းအတွက် အမှတ်တရ အနေနဲ့ တင်ပေးလိုက်တယ်။ ဒီလို အစချီထားပေမယ့် ကဗျာလေးက .... (အင်း) ဖတ်ကြည့်ပေါ့ဗျာ ...။

ကျနော် အောက်ဖော်ပြပါ အရည်အချင်းမျိုးရှိသော မိန်းမလှလေးတစ်ယောက် အလိုရှိနေပါသ၍ အရည်အချင်း ပြည့်မီသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ဥစ္စာလည်းပေါ ရုပ်လည်းချော
သဘောကောင်းသူ ဖြစ်ရမည် ...။

ဈေးနားနီးနီး ကျောင်းနီးနီး
တိုက်ကြီးကြီးလည်း ရှိရမည် ...။

ဟိုနား ဒီနား ခရီးသွား
ကိုယ်ပိုင်ကားလည်း ရှိရမည် ...။

ဟိုဆက် ဒီဆက် ဖီလင်တက်မယ့်
ဟန်းဖုံးလေးလည်း ရှိရမည် ...။

ကိုယ်၏ ဆန္ဒ လိုသမျှ
ခေါင်းငြိမ့်နိုင်သူ ဖြစ်ရမည် ...။

အထက်ပါအချက် မပျက်ကွက်မှ
သူမလို လူကို
ကျွန်တော် စဉ်းစား ပေးနိုင်မည် ...။

အထက်တန်းကျောင်းသားဘ၀သို့ အမှတ်တယ ပြန်လည်တမ်းတမိလျှက် ... ကိုရုပ်ဆိုး

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. အဟုတ်မှတ်လို့  ဖတ်နေတာ အစ်ကိုကြီးနော် တော်တော် နောက်တယ် ဘာမှန်းလည်းမသိဘူးး ညီတို့ ရုံးက အစ်မ ၀၀တစ်ယောက်တော့ အစ်ကိုပြောတဲ့ အချက်တွေနဲ့ ကိုက်တယ်ဗျာ ဒါပေမယ့် အစ်ကိုနိုင်မှာမဟုတ်ဘူး သူ့ ကီလိုက ၁၀၀ ကျော်နေပြီးး ဟီးဟီးးး)

    ReplyDelete
  2. အော် သိပ်နစ်နာနေဦးမယ်ရှင်။ :P

    ReplyDelete
  3. ဟာ... တိုက်ဆိုင်လိုက်တာ အကိုရာ... ညီမအတွက်ပါ ကြေငြာပေးနော်...
    အပေါ်က အရည်အချင်းတွေက တူတူပဲဆိုတော့ ဘာမှပြင်စရာလိုဘူးရယ်... :D
    အောက်ဆုံး တစ်ပိုဒ်ကိုပဲ ဒီလိုပြင်ပေးနော်...

    “အထက်ပါအချက် မပျက်ကွက်မှ
    သူလို လူကို
    ကျွန်မ စဉ်းစား ပေးနိုင်မည် ...” လို့...

    ဟိဟိ... :P

    ReplyDelete
  4. အလာကြီးပါလား..။

    ReplyDelete
  5. နိပ်ပဟ ၊၊
    ကိုကြီး ရုပ်ဆိုးရေ .. ကျွန်တော်အတွက် ပါ ပိုရှာပေးပါဗျာ ၊၊ ကျေးဇူးမမေ့ပါဘူး ၊၊ ဟီး

    ပျော်ရွှင်ပါစေနော်..

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။