Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, August 14, 2008

ခါးပိုက်နှိုက် သတိပြု

ဒီမနက် လိုင်းကားစီးရင်း .... “ခါးပိုက်နှိုက် သတိပြု”ဆိုတဲ့ သတိပေးဆောင်ပုဒ်လေးကို ဖတ်ရင်း .... အိုင်ဒီယာ ရလာတာပါ။ :)   :P  :D

@ @ @ @ @ @ @ @ @  @ @ @ @ @

ငါ့ရဲ့ ခါးကိုပိုက်လို့
ငါ့ရဲ့ အသည်းနှလုံးကိုမှ
နှိုက်ယူသွားတဲ့ ကောင်မလေးရေ...

ပီတိတွေဝေလို့
ပြုံးစစ မျက်နှာပေးနဲ့
လက်ပြနှုတ်မဆက်လေနဲ့ကွယ်

မင်းလက်ထဲက နှလုံးသား
အတုလား အစစ်လား
မင်းမှ မသိသေးတာ ...။

ကိုရုပ်ဆိုး
(၁၄ သြဂုတ်လ၊ ၀၈) ၁၂း၂၅ မိနစ်

ပုံနှိပ်စာလုံးရယူရန်

3 comments:

  1. ကောင်မလေးက အကိုနှလုံးသားကို ခါးပိုက်မနှိုက်ခင်
    အကို့ ကိုယ်ဘာအရင်လုပ်ပြလဲသိချင်လို့

    ReplyDelete
  2. ခါးကိုပိုက်လို့ အသည်းနှလုံးကိုမှ
    နှိုက်ယူသွားတယ်တဲ့ ဗျာ။
    အင်း..ပခုံကို ဖက်ရင်တော့
    အပြုံးကို ၀ှက်ပြီးယူသွားမလားပဲ။.....

    ReplyDelete
  3. အလဲ့ အလဲ့..
    အစ်ကိုကြီး.. တယ်ဟုတ်ပါလား..
    ဘယ်ကောင်မလေးလဲ ပြော.. :P

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။