Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, August 12, 2008

နှလုံးသား မှတ်ဉာဏ်

မင်း မုန်းချင်မုန်းလေ ...
တစ်ခုသော သံသယမရှိပဲ
ငါ, သေချာကြည်လင်စွာ သိတယ်...

မင်း ပုန်းချင်ပုန်းလေ ...
ငါ, မျက်စိကန်းရင်တောင်
မင်းကို ငါ တွေ့အောင်ရှာနိုင်တယ် ...

မင်း ဘယ်နေရာမှာပဲ နေနေ
ငါ ဘယ်နေရာမှာပဲ ရှိရှိ

မင်းနားရောက်တာနဲ့
ငါ့ရဲ့ နှလုံးခုန်သံက
မရပ်မနား ခုန်တတ်သာဆိုတော့ ...

ကိုရုပ်ဆိုး
(၁၂ သြဂုတ်လ၊ ၀၈) ၁၉း၀၅ မိနစ်

ပုံနှိပ်စာလုံးရယူရန်

3 comments:

  1. အင်း ဆန်ဆာများကောင်းချက်ဗျာ တကယ်

    ReplyDelete
  2. နှလုံးသားမှတ်ချက် မင်းနားရောက်တာနဲ့
    ငါ့ရဲ့ နှလုံးခုန်သံက
    မရပ်မနား ခုန်တတ်သာဆိုတော့ ... အစ်ကို ရင်ခုန်သံတော်တော်လေးမြန်လောက်တယ်နော်ဟဟဟ ပျော်ရွှင်ပါစေဗျာ အစ်ကိုရေ။

    ReplyDelete
  3. အစ်ကိုရုပ်ဆိုးရေ... ကဗျာက အရမ်းကောင်းတာပဲ...
    “မင်းနားရောက်တာနဲ့
    ငါ့ရဲ့ နှလုံးခုန်သံက
    မရပ်မနား ခုန်တတ်သာဆိုတော့ ...” အဲဒီအသုံးအနှုန်းက အရမ်းကိုကောင်းတယ် အစ်ကိုရေ...

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။