Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, June 15, 2008

capricorn ရဲ့ကဗျာ

ကဗျာတွေကို အရှုးအမူးဖြစ်နေတဲ့ ညီမငယ်လေး (Capricorn) ရေးထားတဲ့ ကဗျာလေးတွေကို စိတ်ကြိုက်ခံစားမိလို့ ကျနော့ရဲ့ ဘလော့ဂ်မှာ ဖော်ပြချင်နေခဲ့တာ ကြာပြီ။ သူ့ဆီကခွင့်တောင်းဖို့ ဖုန်းလှမ်းဆက်လိုက်တော့ စင်္ကာပူမှာ ကျောင်းသွားတက် နေတယ်တဲ့။
စင်္ကပူရောက်နေတဲ့ ညီမငယ် Capricorn ကျေနပ်လိမ့်မယ်လို့ ယူဆရင်း ဖော်ပြပေးလိုက်ပါတယ်ဗျာ....။ ရုပ်ဆိုး


သူ၏
ရွေးချယ်ခြင်းဖြစ်စေ မရွေးချယ်ခြင်းဖြစ်စေ
ငါ၏
လက်ဝဲဘက်ဖြစ်စေ လက်ယာဘက်ဖြစ်စေ
…. မည်သို့မျှ မသက်ဆိုင်
အားပေးတိုက်တွန်းခြင်း တစ်စုံတစ်ရာ မရှိခဲ့သလိုပင်
တားဆီးပိတ်ပင်ခြင်း တစ်ခုတစ်လေမျှ ငါမပြုခဲ့ ….

ကိုယ်တိုင်ကိုယ်ကျ အသက်ရှုနေရသော ဘ၀၌
မှားယွင်းမှုဖြစ်စေ မှန်ကန်မှုဖြစ်စေ
ကိုယ့်ရဲ့ လုပ်ဆောင်ချက်ဖြစ်လာမည်
ကိုယ်တိုင်ကိုယ်ကျ ဖောက်ခဲ့သော လမ်းပင်မဟုတ်ပါလား

ဆေးရောင်နီနီတွေ ဆိုးပစ်လိုက်ဖို့ မပြောမိသကဲ့သို့
ဆေးဖြူဖြူဖြင့် သုတ်ပစ်ရန်လည်း အကြံမပေးမိ …

တစ်ခုသာ …

ဖြစ်ပြီးသမျှသော ကိစ္စရပ်တိုင်းအတွက်
အကောင်းအဆိုးအကုန်၏
ဘေး၌ရပ်တည်ပေးနိုင်မည့်သူအဖြစ် ။ ။


capricorn

ပုံနှိပ်စာလုံးရယူရန်

No comments:

Post a Comment

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။