Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, June 27, 2008

ကဗျာများအား ခံစားခြင်း

“သောတအာရုံ”ဆိုတဲ့ ကလောင်အမည်လေးနဲ့ ကဗျာလေးတွေ ရေးနေတဲ့ ညီမငယ်တစ်ယောက်ရဲ့ ကဗျာလေးပါ။ ထူးထူးခြားခြား သူက သူ့ရဲ့ကဗျာများကို ဘယ်တော့မှ ခေါင်းစဉ်တပ်လေ့မရှိဘူး။ ခံစားချက်တွေကို ခေါင်းစဉ် တခုအောက်မှာ ဘောင်မခတ်ထားချင်ဘူးနဲ့ တူပါတယ်။
ကျနော့ရဲ့ ဘလော့ဂ် သယ်ရင်းများ ခံစားအားပေးကြပါဦးဗျာ ...

မင်းရှေ့မှာ ဒူးထောက်ဝံ့တယ်လို့
ငါမပြောပါရစေနဲ့
ငါဟာ မာနရှိတဲ့ လူသားတစ်ဦးမို့ပါ ...

မင်းကို အချစ်ဆုံးလို့
ငါ မပြောပါရစေနဲ့
ပုထုဇဉ် လူသားဖြစ်တဲ့ငါ
ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ပါ ...

မင်းမရှိရင် အသက်မရှင်နိုင်ဘူးလို့
ငါ မပြောပါရစေနဲ့
လောကကြီးအတွက်
ငါ ရပ်တည်ပေးရမှာမို့ပါ ...

ဒါပေမယ့် ချစ်သူ ...
ငါ ဦးထိပ်ထားတဲ့ ငါ့နှလုံးသားဟာ
မင်းလက်ထဲမှာ ကျဆုံးသွားခဲ့တာကိုလည်း
ငါ ... မပြောပါရစေနဲ့တော့ကွာ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြတယ်။

ပုံနှိပ်စာလုံးရယူရန်

1 comment:

  1. ကဗျာလေးကိုခံစားသွားတယ်။စာသားတွေကမိုက်တယ်နော်

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။