ကဗျာများအား ခံစားခြင်း (၂)
ဘ၀ကို ထင်ဟပ်စေတဲ့ ကဗျာလေး နောက်တပုဒ်ပါ။ “သောတအာရုံ”ရဲ့ လက်ရာလေးပါပဲ။
အားပေးကြပါဦး ...။
တန်ဖိုးဖြတ်မရတဲ့ ရေတစ်စက်ထက်
တန်ဖိုးသတ်မှတ်ထားတဲ့ ဆီတစ်စက်ကို
ဘာကြောင့် ပိုတန်ဖိုးထားကြတာလဲ ?
ဒါ လူ့သဘာဝလေ။
အနားမှာရှိရင် မေ့နေတတ်ကြတာ ...
တန်ဖိုးကြီး အ၀တ်အစားတွေနဲ့
ကော့နေအောင် ပြင်ဆင်ကြ
ဖိနပ်အစုတ်တစ်ရံရဲ့ တန်ဖိုးကို
ဘာကြောင့် မေ့နေကြတာလဲ ?
ဒါ လူ့သဘာဝပဲနော်။
နိမ့်ကျရင် အထင်သေးတတ်တာ ...
အဖိုးတန်ကားထဲက အထီးကျန်မှုကို
ဘတ်စ်ကားထဲက သက်ဝင်ယိမ်းနွဲ့မှုထက်
ပိုတွယ်တာကြတာ ဘာကြောင့်လဲ ?
ဒါလည်း လူ့သဘာဝပဲလေ။
အပေါ်ယံလွှာ ချမ်းသာမှုအောက်က
ပဋိဒေ၀မီးတွေကို မမြင်တတ်ကြတာ ...
ကိုယ့်ခြေထောက်ကို
မယုံကြည်ရဲတဲ့ ဘ၀မှာ
သဟဇာတဆိုတဲ့ ဝေါဟာရကို
ငါ လျစ်လျူရှုခဲ့တယ်
သေချာပါတယ်။
ဒါပေမယ့် ...
ငါလည်း လူသားတစ်ဦးပဲလေ ...။
သောတအာရုံ
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြသည်။
အစ်ကိုရုပ်ဆိုးရေ... သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...
ReplyDelete