Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 26, 2008

ချစ်သူသိစေဖို့ (၂)

ချစ်သူ ...

အလွမ်းဆိုတာ
ကုစားဖို့ခက်၊ ဖြေဖျောက်ဖို့ခက်
အိပ်မက်ဆိုးတွေ မက်ခဲ့တာလည်း
အကြိမ်ကြိမ်ကွယ် ...။

မမက်ချင်တော့ဘူးရယ်လို့
အိပ်ယာကနိုးထ
အတွေးတစရှိလာလည်း မင်းအကြောင်းပဲ
ဘာကြောင့်များ
ငါ့အတွေးတွေကို မင်းပိုင်စိုးတာလဲ ...။

ချစ်သူ ...

(တခုတည်းသော) မင်းအကြောင်းသာ
ပြည့်နှက်နေတဲ့ ငါ့နှလုံးသား
မင်းကြိုက်သလို စီမံဖို့အတွက်
ငါ ... ပို့ဆောင်လိုက်ပါပြီ။
မင်းမရှိကတည်းက
သေဆုံးသွားတဲ့ ဒီနှလုံးသားကို
ငါ ... မပိုင်ချင်တော့ဘူးကွယ်။

ရုပ်ဆိုး
(၂၆-ဇွန်-၀၈) ၁၀း၃၀မိနစ်

ပုံနှိပ်စာလုံးရယူရန်

1 comment:

  1. ကောင်းတယ် လွှင့်ပစ်လိုက်....

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။