Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, June 7, 2008

ချစ်သူ သိစေဖို့

မြင်နေကြ နေရာလေး
တွေ့နေကြ ခုံတန်းလေးကို
အမှတ်မထင် ငေးကြည့်မိတာ
ငါရဲ့ အပြစ်လား ချစ်သူ …။

ဆုံနေကြ အချိန်လေး
လာနေကြ ဖုန်းသံလေးကို
ရင်ခုန်စွာ (အခုထိ) စောင့်နေမိတာ
ငါ့ရဲ့ အပြစ်လား ချစ်သူ …။

ပြက္ခဒိန်စာရွက်တွေရဲ့ အောက်မှာ
ငါ့ရဲ့နှလုံးသားတစ်ခု
လတ်ဆတ်စွာ ရှိနေဆဲကို
ငါ … မယုံကြည်စွာ ငေးကြည့်ရင်း
မင်းကို လွမ်းနေဆဲပါ ချစ်သူ။

ကိုရုပ်ဆိုး
(၇-မေ-၂၀၀၈) နံနက် ၀၀း၃၉ မိနစ်

ပုံနှိပ်စာလုံးရယူရန်

1 comment:

  1. ချစ်သူသိပါစေ........

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။