Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 13, 2008

သီတင်းကျွတ်ပြီ ... ကိုရုပ်ဆိုးကြီး ဘာလုပ်နေသလဲ ???

သတိ ငယ်ငယ်က ကလေးကဗျာရွတ်သလို ရွတ်ကြည့်ပါလား။

သီတင်းကျွတ်ပြီ
ရဟန်းသံဃာများ
ခရီးဝေးသွားလို့ရပြီ ...။

ရင်ခုန်ဖက်နှင့်အတူ
စောင့်နေသူ လူပျို၊ အပျို လေးများ
ခန်းမ ငှားပြီးပြီလား
ဝတ်စုံ ချုပ်ပြီးပြီလား
ဖိတ်စာ လုပ်ပြီးပြီလား
ဆွေမျိုးစာရင်း လုပ်ပြီးပြီလား
တစ်ယောက်မကျန် မမေ့ပါနှင့်
လက်ဖွဲ့လျော့ရင် မကောင်းပါ ....။

ကလေးများ လမ်းသလားနေသည်
မုန့်ပုံးလေးများကိုင်ထားသည်
သူတို့ လိုက်ကန်တော့ကြမည်
ခြင်္သေ့လေးများ ခုန်ထွက်ကုန်တော့သည် ...။

ဟိုဘက်ရွာက အပျိုကလေးများ
သနပ်ခါးလိမ်းထားပါ
လူပျိုလှည့်မည့်သူများ ဒီည လာလိမ့်မည် ...။

ဝါတွင်း ရှောင်ကြသူများ
၁၉-လမ်းမှာ တွေ့နိုင်ပါသည်
ကြိတ်ကြိတ်တိုးကြသည်
အရက်မရမှာ မစိုးရိမ်ပါနှင့်
တရုတ်ကြီးများ အမျှော်အမြင်ရှိသည်
ကြိုတင်၍ ၀ယ်လှောင်ထားကြသည် ...။

အပျိုကြီးများ မျက်ရည်မကျပါနှင့်
စုံတွဲကလေးများ လာကန်တော့ကြလိမ့်မည်
အိုအောင်မင်းအောင် ပေါင်းရပါစေလို့
ရင်နာနာနဲ့ ဆုတောင်းပေးလိုက်ပါ ...။

လမ်းထိပ်က လူကြီးတစ်သိုက်
မီးထွန်းပွဲအတွက် ပြင်ဆင်နေကြသည်
မီးစက်ငှားရန် မမေ့ပါနှင့်
မီးအလွန်ပျက်သည်
ဖယောင်းတိုင်ဈေးလည်း
အလွန်တက်သွားသည် ...။

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကို ဓာတ်ဆီစွတ်ပါ
ဒီဇယ်ဈေးက ကြီးလှသည်
ဘေးကင်းရာမှာ သွားလွှတ်ပါ
(ဒါမှမဟုတ်)
မီးသတ်ကားကို ခေါ်ထားပါ
ရပ်ကွက်ထဲမှာ ဓနိတဲများရှိသည် ...။

ရဲစခန်းက ရဲတစ်ချို့
ကင်းလှည့်နေကြသည်
ဗျောက်အိုး ဖောက်သူများ အရေးယူမည်
ဆိုင်များတွေ့က အကုန်သိမ်းကြသည်
(ဒီည)
ရဲစခန်းဝင်းထဲ ဗျောက်သံညံကြတော့မည် ...။

ကိုရုပ်ဆိုး ဘာလုပ်နေသလဲ
သီတင်းကျွတ်အတွက် ပြင်ဆင်နေသည်
ရမည့်အိမ်ကို ကန်တော့ပြီးမှ
ပေးရမည့်အိမ်ကို သွားရမည်
ဒါမှ လိမ့်ပါတ်လည်မည် ဖြစ်ပါသည် ...။

ကိုရုပ်ဆိုး
၁၃-အောက်တိုဘာ-၀၈ (၁၅း၅၉)မိနစ်

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. ကဗျာလေး ကောင်းသလို အမြော်အမြင်လည်းကြီးပါပေ့ အစ်ကို ရုပ်ဆိုးရေ ၊၊ ဟားဟား ၊ သဘောကျတယ်ဗျာ ၊၊

    ReplyDelete
  2. ဟဲဟဲ သီတင်းကျွတ်ဆို မီးပုံး လွှတ်ချင်တာပဲ သိတယ်း) အစ်ကိုကြီးရုပ်ချောနဲ့  အစ်မ ကိုလာကန်တော့ပါပဲ လန်ဒန်မြေပဲယိုနဲ့  ---ဆိုတော့ကာ ယူအက်ဒေါ်လာ ၅၀၀ လောက်မုန့် ဖိုးပေးပါ ဒါပဲ :)

    ReplyDelete
  3. သီတင်းကျွတ် ကာလတို့တွေ အရင်ကသိပ်ပျော်ကြ
    ကျောင်းတွေလဲပိတ် ပွဲတွေလဲကျင်းပ အလွန်အပျော်ကြ
    ကျောင်းပိတ်ရက် မှ ချိန်းတွေကာ အလွန်ရင်ခုန်ခဲ့ရကြ
    အပျော်လွန်ကာ ချိန်းတွေကာ ငါတို့မထိန်းသိမ်းနိုင်ကြ
    အချိန်လွန်ကာ ပေါ်ပေါက်လာ ဖုံးလိုမနိုင်ကြ
    ထိုအချိန်မှာ ညှိနှိုင်းကြ
    မင်္ဂလာသတင်း (သို့) အမင်္ဂလာသတင်း ကြားရလိမ့်မယ်ဗျာ
    ပျော်သူ၊ ငိုသူ တွေ့ကျရမယ်ဗျား

    အချိန်မရလိုဆက်ရေးပေးကြပါ

    ReplyDelete
  4. ပုံ/ကိုတိုးကြီး

    ReplyDelete
  5. ဟဟ အမျှော်အမြင်ကြီးလိုက်တဲ့ တို့အစ်ကိုကြီးပါလားနော်.... :D

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။