Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, October 8, 2008

ဖြစ်သလိုလား ... ဘာမှမဖြစ်သလိုလား ... စားလိုက်တာပဲ

ဖြစ်သလို စားသောက်ခြင်း ... (ညီငယ်မဟုတ်တဲ့) ညီမငယ် နန်းညီ က TAG ထားတာလေးကို ဖြေရမယ်ဆိုရင်ဖြင့် ...

ဟိုး .. လွန်ခဲ့သော, ငယ်ငယ်ကအကြောင်း ပြန်ပြောင်းပြောဆိုရမယ်ထင်ပါတယ်။ အမေ ခရီးသွားခါနီးတိုင်း မှာတတ်တဲ့, ပြောတတ်တဲ့ စကားတစ်ခွန်းက “ငါ့သားအတွက် စိတ်မပူရဘူးတဲ့၊ သူက ဖြစ်သလို စားတတ်တယ်တဲ့”။

ကျနော် ... ငယ်ငယ်က အစားအသောက် ဂျေးမများတတ်ဘူး။ ဘ၀မှာ အကြိုက်ဆုံးအစားအစာ မရှိသလို၊ အမုန်းဆုံး အစားအစာလည်း မရှိပါ။ အဲ ... အဲဒီမှာ တစ်ခုဖြတ်ပြောရဦးမယ် ... ငယ်ငယ်က ကျနော်တို့အိမ်နားမှာ အသုတ်ရောင်းတဲ့ “ခါလာကြီး” အသုတ်ကိုတော့ စွဲစွဲလမ်းလမ်းစားမိတယ်။ အခုထိ ခေါက်ဆွဲနဲ့ ထမင်းသုတ်ကို နှစ်ခြိုက်မိတုံးပဲ။ အကြိုက်ဆုံးအစားအစာတော့ မဟုတ်ဘူး။

လမ်းသွားရင်းနဲ့ ဗိုက်ဆာရင် အကြော် (သို့) ငှက်ပျောသီး စားလိုက်တယ်။ အရင်တုန်းကတော့ ရေခဲရေပေါ့နော် .. အဲဒါသောက်လိုက်တယ်။ လက်ရှိကုမ္ပဏီမှာ အလုပ်စလုပ်ခါစက မြန်မာ့လေကြောင်းမှာ ဧည့်သည်တွေအတွက် လေယာဉ်လက်မှတ်သွားဝယ်ရတယ်။ တနေကုန် အဲဒီရုံးမှာပဲ နေရတာ။ ကမ်းနားလမ်းက မြန်မာ့လေကြောင်းရုံးချုပ်မှာပေါ့။ အိမ်က စသွားကတည်းက အဲဒီရုံးကို အရင်သွား လိုအပ်တဲ့စာရွက်စာတမ်းတင်, ပြီးရင် ခဏအချိန်ရတဲ့အခါ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းသွား၊ လိုအပ်တဲ့စာအုပ်တွေဝယ်၊ စာပေဗိမာန်ကိုဝင် .. စာအုပ်တွေဝယ်၊ နေ့လည် ဗိုက်ဆာတဲ့ အချိန်ရောက်လို့ ပိုက်ဆံများများရှိရင် ထမင်းပေါင်းစားတယ်။ ရေနည်းနည်းခမ်းနေရင် ... အကြော်ဝယ်စားတယ်။ ဖြစ်သလိုစားတယ်လို့ ဆိုရမှာပေါ့။ ထမင်းချိုင့်ယူပြီး အလုပ်ဆင်းရတာလည်း အဆင်မပြေတော့၊ ကြုံသလိုစား ... ၀င်သလိုစား ... ဗိုက်ဝအောင်စား .... အရေးကြီးတာက ဗိုက်က ပြသနာမရှာဖို့ပဲ ..။ အဆင်ပြေတယ်။ ဘာမှမဖြစ်။ ကြုံသလိုစားတယ်၊ ဖြစ်သလိုစားတယ်။ ခရီးထွက်ရင် ဘာမှ ယူဆောင်သွားလေ့မရှိ။ ကြုံတဲ့အရပ်က ကြုံတာဝယ်စားတယ်။ (၀မ်းပျက်မယ်ထင်တဲ့ ယင်နားစာတော့ ရှောင်တယ်။ အများအားဖြင့် ရယ်ဒီမိတ် ပူတင်းပေါင်မုန့် .. အဲဒါမရှိရင် ငှက်ပျောသီး.. စတာတွေကို အစားများတယ်။)

ဒါပေမယ့် ... အချိန်ကာလ ရွေ့လျားလာတာနဲ့အမျှ အကျင့်နည်းနည်းပျက်သွားတယ်။ အခုဆိုရင် ဖြစ်သလို စားသောက်ရခြင်းကို သိပ်မနှစ်သက်တော့ပါဘူး။ လက်ရှိ ကျနော် အမဲသားမစားပါ။ ဟင်းထဲ အရွက်ထည့်ချက်ရင် မစားပါ။ ဒါဟာလည်း ပြောလို့ရလို့, လုပ်လို့ရလို့ လုပ်တဲ့ ကိစ္စလေးတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် ကြေးအိုးသွားသောက်တဲ့အခါ “အရွက်ထည့်တာ”ကို လုံးဝ (လုံးဝ) မစားပါ။ ငါးဟင်းချက်လို့ ပင်စိမ်း (သို့) နံနံပင် ထည့်လည်း မစားပါ။ ရှမ်းခေါက်ဆွဲစားတဲ့အခါ “ကြက်သွန်မြိတ်”ထည့်ရင် မစားပါ။ ဆိတ်သားဟင်းချက်တဲ့အခါ ဆီသတ်ရွက်ထည့်တာ မစားပါ။ တို့ဟူးသုတ် စားတဲ့အခါ ရှောက်ရွက်ထည့်မစားပါ။ အဲ ... ကွေ့သယိုအပြုတ်စားတဲ့အခါတော့ ပဲပင်ပေါက် ထည့်စားတယ်။ ယိုးဒယားကွေ့သယိုအပြုတ် (အသုတ်ကိုတော့ သိပ်မကြိုက်ပါ) မှာထည့်တဲ့ ပဲပင်ပေါက်ကတော့ စံပါပဲဗျာ ..။ တော်တော်ကြီးတဲ့ ပဲပင်ပေါက်တွေ .. မယုံရင် ညီတော်မောင်မျိုး ကိုမေးကြည့်။

ကျနော့အကျင့်ကတစ်မျိုးဗျ ....၊ အဲဒီလို အရွက်တာရှောင်တာ နံနံပင် တို့စားတယ်။ ရှောက်ရွက် တို့စားတယ်။ အရွက်ကိုမကြိုက်တာမဟုတ်ဘူး။ ဟင်းထဲ ထည့်ချက်ရင် အဲဒီအရွက်က ထွက်လာတဲ့ စိမ်းရွှေရွှေအနံ့ကို မကြိုက်တာ။

ဒါကလည်း အမေအိမ်သွားတဲ့အခါ၊ အိမ်သူသက်ထား ချက်ကျွေးတဲ့အခါ၊ ဆိုင်မှာ ၀ယ်စားတဲ့အခါ ဂျီးများလို့ရလို့ ဂျီးများတာ ထင်ပါတယ်။ တခါတရံ မလွှဲမရှောင်သာ အလှူအိမ်မှာ ဒီလိုမျိုးချက်ထားတဲ့အခါ စားလိုက်ရတာပဲ။ နည်းနည်းတော့ အောင့်သက်သက်ပေါ့။ အမျိုးသမီးရဲ့ မျက်စောင်းကိုလည်း ရင်မဆိုင်ရဲတာနဲ့ လိမ့်ပိတ်မျိုချ ရတာပေါ့ဗျာ ....။

ကဲ .... နန်းညီရေ ... TAG ထားတာနဲ့ ... ဖြေလိုက်တာ တမျိုးစီ ဖြစ်နေရင်လည်း ဆောရီးဗျာ ...။

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1.ဲဖြစ်သလိုအကြောင်းလေးကို ဖြစ်သလိုမရေးပဲ သေချာရေးပေးလို့ ကျေးဇူးကမ္ဘာပါနော့.. (ပြောရဦးမယ်.. နန်းညီကကျတော့ ကြေးအိုးထဲက အရွက်အစိမ်းကို အသေကြိုက်)

    ReplyDelete
  2. အစ်ကိုကြီးကလည်းပြောတော့ ဂျီးမများဘူးတဲ့ တစ်ခါတည်း မစားပါ မစားပါတွေကများလိုက်တာ ညီ့ထက်တောင်ဆိုးသေးတယ် ပဲပင်ပေါက်ကြီးကကြီးပြီးစားလို့ မှမကောင်းတာဗျာ ဆေးထိုးတာတွေ ဆေးဖြန်းတာတွေ ညီတော့မကြိုက် ကြော်စားရင်လည်းဖွဲတယ်၂ကြီး စားလို့ မကောင်း ဟီး အတင်းတုတ်အုံးမယ် ယားဒရိုးမှာ အတုတွေများတယ် အသီးတု အရွက်တု လူတု ဘာတု ညာတု :)

    ReplyDelete
  3. အကိုရုတ်ဆိုးက ဂျီးများလို့ ထမင်းဖိတ်မကျွေးတော့ဘူး :P ဟဲ နောက်တာပါ ကြေးအိုးက အရွက်ကတကယ်ကောင်းတယ် Try ကြည့်ပါလား ညီမဆို အသားလျှော့ အရွက်များများဆိုပြီးမှာတာ :D

    ReplyDelete
  4. ဟား ဟား
    အင်းလေ ဟုတ်သားပဲ အစ်ကိုကြီးကလည်း
    ဂျီးမများဘူးသာဆိုတယ် မစားပါ မစားပါနဲ့... :P :P
    ပြောသာပြောတာ ဝေလေးလည်း အဲလိုပဲ.... :D

    ReplyDelete
  5. အစ်ကိုရေ မစားပါတွေတယ်များပါလား။ ဟီး ရန်ကုန်ရောက်ရင် မုန့် ဝယ် ကြွေးမယ်။ မစားတာတွေ များလို့  အတော်ပဲ။ အကုန်သက်သာမယ် ထင်တယ်။ အော် သူလည်း အမျိုးသမီး မျက်စောင်း ကြောက်တတ်သူပါပဲလား။ အဟိ။

    ReplyDelete
  6. ကိုရုပ်ဆိုးရေ ညီတော်လည်း ကြုံသလိုလေးဆွဲနေရကြောင်းပါ ကြင်သူသက်ထားတော့မရှိသေးလို့သိသေးဘူးဗျ ရှိတဲ့နေ့မှပြေပြမယ်နော ဟီးးးးးးးးးး ကောင်းသောနေ့ပါဗျာ :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။