Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, July 30, 2008

အင်တာနက်သုံးစွဲသူ ဆုတောင်း

အင်တာနက်ဂျာနယ် Vol (9) No (28) စာမျက်နှာ-၁၄ မှ ဟာသလေးတပုဒ်ပါလာတယ်။ ကျနော်တို့လို့ user တွေနဲ့ ကိုက်ညီနေလို့ ဖော်ပြပေးလိုက်တယ်ဗျာ။ 
@ @ @ @ @ @ @ @ @ @ @ @ @ @ @


အို ဘုရားသခင် - ကျွန်တော်မျိုး log on ၀င်တဲ့အခါမှာ စိတ်ပူပန်ခြင်းကင်းအောင် လမ်းပြတော်မူပါ။ ကျွန်တော်မျိုးရဲ့ browser ကနေ download နဲ့ upload လုပ်စဉ်မှာ ကောင်းမွန်ချောမွေ့အောင် စောင်မတော်မူပါ။ ၀က်ဘ်ဆိုက်က ကျွန်တော်မျိုးရဲ့ password ကို မငြင်းဆန်ဘဲ ဆက်သွယ်မှုအမြဲကောင်းနေပါစေ။ နည်းပညာထောက်ပံ့ကူညီမှုဟာ ကျွန်တော်မျိုးရဲ့ အနီးအနားမှာ အမြဲရှိနေပါစေ။ ကျွန်တော်ရဲ့ ပရိုဂရမ်တွေဟာ ပြဿနာမဖြစ်ဘဲ အမြဲ အဆင်ပြေ ချောမွေ့ပါစေ။ Hard drive ဟာလည်း အမြဲ backup လုပ်ထားပြီးသားဖြစ်ပါစေ။ ကျွန်တော်မျိုးရဲ့ကွန်ပျူတာဟာ virus, worm, spyware နဲ့ Malware တွေ အမြဲကင်းဝေးပါစေ အရှင်ဘုရား။ ......... MZ

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, July 29, 2008

ဝေမျှချင်လို့ပါ ...

ဘလော့ဂ်ဂါသူငယ်ချင်းများသို့ ...

သင် သိပ်ကြိုက်ပေမယ့် အဝေးတနေရာမှာ ၀ယ်မရတဲ့ မြန်မာဝတ္ထုစာအုပ်များ ရှိပါသလား ? (အိမ်သာတက်ရင်း ဖတ်ချင်တဲ့လူနှင့် အဆင်မပြေပါ၊ လက်တော့ (Laptop)ပါ သယ်နိုင်ရင်တော့ မဆိုလိုပါ :))
သင် သိပ်နားထောင်ချင်ပေမယ့် ပါမသွားတဲ့ မြန်မာသီချင်းလေးများ ရှိပါသလား ?
သီချင်းစာသားတွေကိုကော အလိုရှိပါသလား ?
လွယ်ပါတယ်။ မစုံပေမယ့် .... စုံသလိုလိုပါ ...။
အောက်ပါ လိပ်စာအတိုင်း သင်, သွားရောက် လည်ပတ်ကြည့်လိုက်ပေါ့ ...
သင်, သိနေတဲ့ အင်တာနက်စာမျက်နာလည်း ဖြစ်ချင် ဖြစ်မယ် ... ဘာပဲဖြစ်ဖြစ် သင်, လိုလားနေတဲ့ စာအုပ် (၀ါ) သီချင်တစ်ပုဒ်ကို ဖတ်ရှုနားဆင်ခွင့် ရနိုင်မယ်ဆိုရင် ကျနော် ကိုရုပ်ဆိုး လမ်းညွန်ရကျိုးနပ်မှာပါ ....။

၁) MMA - Myanmar MP3 Albums
၂) Myanmar E-Books
၃) မြန်မာသံစဉ်စာသား
၎) မြန်မာတေးကဗျာဥယျာဉ်
၅) Lyrics Myanmar
၆) MMLyrics

စာကြွင်း။  ကြော်ငြာလမ်းညွန်များ၊ တီဗီကြော်ငြားများကြည့်ရင်းမှ ဒီစကားလုံးများ ရရှိလာခြင်းဖြစ်သည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, July 22, 2008

လေးဖြူရဲ့ တစွန်းတစ

စာရေးဆရာ “ပေါ်ဦးသစ်”ရဲ့ “ကျွန်တော် ဖြတ်သန်းခဲ့ရသော လေးဖြူ”ဆိုတဲ့ စာအုပ်လေးထဲက (စာမျက်နှာ ၈၅-၈၆)မှာ လေးဖြူရဲ့ ပေးစာလေးကို ဖော်ပြထားတယ်။ သူ့ရဲ့ ငယ်ရွယ်စဉ်က ခံစားမှု တစွန်းတစ လှစ်ပြထားတာကို ဖတ်မိတဲ့အခါ ကျနော့ ဘလော့ခ် ပေါ်မှာ တင်ချင်တဲ့စိတ်ကလေး ဖြစ်ပေါ်လာလို့ ဒီ ပို့စ် လေးကို တင်လိုက်တာပါ။ အဆိုတော် အနုပညာရှင်တယောက်ရဲ့ စကားလေးပေါ့ဗျာ ...

ကျေကျေနပ်နပ် ပေးဆပ်ရတာများလွန်းရင် မကောင်းဘူး။
ဒါကိုတော့ ခါးသီးတဲ့ အတွေ့ ရှိသူတိုင်းတော့
နားလည်တတ်လိမ့်မယ်လို့ ထင်တယ်။

တစ်ခါတစ်ခါ သူကရော (ကိုယ့်လိုမျိုး)
ကျေကျေနပ်နပ် ပေးဆပ်ချင်ပေမပေါ့။
အဲဒါကို ငါတို့ မေ့မေ့နေတာ များတယ်လေ။
ဟုတ်လား ...၊ မဟုတ်ဘူးလား ...။
ကိုယ်ပေးတဲ့အခါ သူက မယူချင်သလို ဖြစ်နေရင်
ငေါင်ငေါင်သွားရတဲ့အခါမျိုးမှာ သူ့ကို အားမရဘူးဖြစ်တယ်။
အဲတာ မှားတယ်။ (လုံးဝဘဲ)
သူကလည်း ကိုယ့်လိုဘဲ တစ်ချိန်ထဲမှာ ပေးဆပ်ချင်နေရှာတယ်လေ။
အဲဒါကို မယူတတ်ခဲ့ကြလို့ ... အရှင်းပြောရရင် (မချစ်တတ်ခဲ့လို့)
အခါးတွေ တွေ့ရတယ်။
အမူးတွေ ရတယ်။
အရူး ဖြစ်ရတယ်။
သူ့အပြစ် မဟုတ်ဘူး သူငယ်ချင်း ...။
ကိုယ့်အပြစ်တွေ အများ ... အများကြီး ပါတယ်။
ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ်။
အဲတော့ ...
မင်း ချစ်တတ်သလားလို့ မေးချင်တယ်။

ဒါပါဘဲ
လက်တလုံးခြားမှာ ဗျာသွားဖူးတဲ့
လေးဖြူ (၉၁)

... ချစ်တယ်ဆိုတာနဲ့ ချစ်တတ်တယ်ဆိုတာ အပုံကြီးကွာတယ် ... တဲ့။ ဟုတ်တယ်ဗျာ။ ဒီစာသားလေးရဲ့ စွဲဆောင်မှုကြောင့် ဘလော့ဂ်မှာ တင်ဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Friday, July 18, 2008

အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသည်။


၁၉ ဇူလိုင် မမေ့နိုင်

လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု ဦးညွတ်အပ်ပါသည်။


ဆက်ဖတ်မယ်ဆိုရင်...

Thursday, July 17, 2008

နေခြည်မှာ အကုန်ဟောင်းလောင်း၊ ငါတို့ စာသင်ကျောင်း

ကျနော် မနေ့က “ကွန်ဒိုင်း”ဆိုတဲ့ ရွာကလေးကို ကြိုတင်လေ့လာရေးခရီးအဖြစ်နဲ့ သွားခဲ့တယ်။ ပထမ တခေါက် လှူ ဖူးတယ် ၂၉ မေလ၊ ၂၀၀၈ တုန်းက (ပုံလေးတွေ ဒီမှာ)။ ကျနော် မနေ့က တခေါက်ရောက်တော့ ပြောင်းလဲနေလိမ့်မယ်လို့ ထင်ထားခဲ့တာ ပထမ သွားတုန်းက အိမ်လေးတွေအတိုင်းပဲ။ အသစ် ပြန်မဆောက်နိုင်လို့ စုပေါင်း နေ,နေရတုန်းပဲ။ ကျနော်တို့အဖွဲ့ကလည်း အိမ်ပြန်ဆောက်ပေးမလို့ဆိုတော့ ၀မ်းနည်းပေမယ့် အတော်ဖြစ်သွားတယ်။ လှူချင်တဲ့ အရေအတွက်နဲ့ လိုနေတဲ့ အရေအတွက် က အတူတူပဲဆိုတော့ ... ၀မ်းသာသွားမိတယ်။
အဲဒီမှာ ...

စာသင်တဲလေးသွားတွေ့မိတယ် (စာသင်ကျောင်းမဟုတ်ပါ။)။ သူငယ်တန်းကနေ သုံးတန်းအထိ ကျောင်းသား/သူ (၁၅)ယောက်ရှိတယ်။ ၈ ပေ ပါတ်လည် တဲကလေးမှာ တကုန်းကုန်းနဲ့ စာသင်နေကြတာ။ ဆရာမကလည်း အစိုးရ၀န်ထမ်းမဟုတ်ဘဲ၊ အဲဒီ ရွာက စာတတ်ပေတတ် အမကြီး။ blackboard မရှိ၊ စာအုပ်မစုံ၊ ကြုံသလို သင်နေရတာ။ ကျနော် စုံစမ်းကြည့်တော့ သူ စာသင်နေတာ ၁၃ နှစ်ရှိပြီတဲ့။ ဒီရွာနဲ့ ကျောင်းရှိတဲ့ ရွာက အလှမ်းဝေးတော့ မိဘတွေကလည်း လှေနဲ့ လိုက်မပို့နိုင်၊ သူငယ်တန်းကနေ လေးတန်းအထိသာ ရှိတဲ့ ကျောင်းဆိုတော့ ကလေးတွေကလည်း အရွယ်ငယ်၊ ကိုယ့်ဘာသာကို ကျောင်းမသွားနိုင်တဲ့အရွယ်။ အဲဒီတော့ ရွာမှာပဲ သူက စာသင်၊ တစ်လ တစ်ခေါက် ကျောင်းရှိတဲ့ ရွာကို သွားဖြေ၊ အဲဒီလို လုပ်နေရတာတဲ့။ ၃-တန်းအောင်၊ ၄-တန်းကျောင်းသား တစ်ယောက်ရှိတာ နာဂစ်မှာ ဆုံးသွားတယ်တဲ့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။ သူ့ရဲ့ ကျောင်းသားကိုး။ နောက်ထပ် ပြောသေးတယ် အခု စာသင်တဲမှာ ကာထားတာတွေက အရင် ကျနော်တို့ လှူသွားလို့သာတဲ့၊ နိုမို့ဆို ဘယ်လိုလုပ်ရမယ်မှန်း မသိဘူးတဲ့။
ကျနော်လည်း ဘာ ဆက်ပြောရမှန်းမသိ ကြက်သေ, သေသွားခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ စာသင်ကျောင်းအတွက်ပါ အဓိကထားဆွေးနွေးပြီး၊ စာသင်ကျောင်းကို ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင် လုပ်ပေးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
နေထိုင်ဖို့ တဲလေးတွေအပြင်၊ စာသင်တဲမှသည် စာသင်ကျောင်းလေးပုံစံ ဖြစ်သွားအောင် လုပ်ပေးရမယ်။
နေပူကြီးထဲ လှေငယ်လေးနဲ့ မြစ်ပြင်ဖြတ်၊ ထမင်းတနပ်လွတ်၊ ကြောက်ရွံ့စွာသွားခဲ့ရပေမယ့် ဒီလိုမျိုး ဖြစ်မြောက်ဖို့အတွက်ဆိုရင် ပင်လယ်ကြီးလည်း ဖြတ်ပြီး နောက်ထပ် သွားဦးမယ်ဗျာ .... အခုလို နေရာမျိုးလေးတွေ ကိုယ့်နိုင်ငံမှာ ရှိသေးတယ်ဆိုတာ သိလိုက်ရတော့ အိမ်အပြန် ထမင်းတောင် စားဖို့ အနိုင်နိုင်ရယ် ... ငါ့မှာတော့ blog မလား ? chat မလား ? သူတို့မှာတော့
“ပန်းကလေးများ မပွင့်နိုင်ပြီ၊
ဖူးတံ တုံးတော့မည်၊
နေခြည်မှာ အကုန်ဟောင်းလောင်း၊
ငါတို့ စာသင်ကျောင်း” လို့များ ရွတ်နေပြီလား မသိ .....

ကိုရုပ်ဆိုး
၁၆ ဇူလိုင်၊ ၀၈ ခရီးသွားမှတ်တမ်း မှ ထုတ်နုပ်ရေးသားသည်။
(၁၇ ဇူလိုင်၊ ၀၈) ၁၈း၃၂ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...