Thursday, July 16, 2009
Tuesday, May 12, 2009
မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အလွတ်ကျက်နည်း
ဗုဒ္ဓဘာသာ သိမှတ်ဖွယ်
အသက်ကလေးလည်း ရလာ၊ ဘုရားမကြိုက်, မိဘမကြိုက်, အုပ်ထိန်းသူမကြိုက် စသာတွေချည်းပဲ လုပ်ခဲ့တဲ့ နှစ်အရေအတွက် မနည်းရှိလာတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်မိတယ်။
အဲဒါနဲ့ပဲ ဒီ ဘလော့ဂ်လေးကို ဖွင့်ဖြစ်တာပါ။ အနည်းဆုံး ဘုရား၊ တရား၊ သံဃာ အကြောင်းအရာတွေ ရေးနေ၊ ရှာဇွေနေ၊ ဘလော့ဂ်ပေါ်တင်ဖို့အတွက် ပြင်ဆင်နေရတော့ .... မကောင်းတဲ့အလုပ်ကိစ္စတွေ မလုပ်ဖြစ်တော့ အကုသိုလ်နည်းတာပေါ့။
သိမိသမျှ လက်လှမ်းမီသမျှလေးတွေကိုသာ တင်နေတဲ့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်ဆိုတာကို ဖွင့်ဟရင်း ... ဘလော့ဂ်ဂါ သူငယ်ချင်းများ တခြားသိချင်သူများရှိရင် လက်တို့ဖို့အတွက် ....
ဗုဒ္ဓဘာသာ သိမှတ်ဖွယ် (http://buddhist-knowledge.blogspot.com)
တင်ပြသူ
Tuesday, May 5, 2009
မြန်မာစကားပုံ - www.myanmar-proverbs.co.cc
အခုတလော ... ကို ကိုယ်တိုင် creation မလုပ်နိုင်။ ခေါင်းထဲကလည်း ဘာမှ မထွက်တာနဲ့ ... စိတ်ကူးနေတာ ကြာပြီဖြစ်တဲ့ "မြန်မာစကားပုံ"ကို ဘလော့ဂ်တစ်ခု ဖန်တီးပြီး တင်နေတယ်။ ထုံးစံအတိုင်း တစ်နေ့နည်းနည်းနဲ့ (Buddhist Terms Dictionary) တင်သလိုပေါ့။ သိပ်တော့မများပါဘူး စာမျက်နှာက ၃၀၀ကျော်နဲ့ စကားပုံပေါင်းက ၈၂၃ ခု ... :)
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ပေါ့နော် ... :)
Link က http://www.myanmar-proverbs.co.cc
ကျေးဇူးတင်စွာဖြင့်,
ကိုရုပ်ဆိုး
၀၅-မေလ-၂၀၀၉ (၁၄း၁၁ မိနစ်)
Saturday, May 2, 2009
Free Online Blog Backup တဲ့
Free Online Blog Backup တဲ့ ။ သူငယ်ချင်း ဘလော့ဂ်ဂါတွေအတွက် ဝေမျှပေးလိုက်တယ်။
မူရင်းတင်ပြချက်က ဒီနေရာမှာ ဗျို့ .........
ကျနော့ ၀င် စမ်းကြည့်တာ၊ အဆင်ပြေပါတယ်။ ထွေထွေ ထူးထူးမရှိဘူး။
ကျနော့ ဘလော့ဂ်ကိုလည်း backup လုပ်ထားတယ်။
စမ်းကြည့်ပေါ့ဗျာ......။
Tuesday, April 28, 2009
ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား?
မေးမြန်းသူ - ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။ တပည့်တော်သည် ရွှေတိဂုံဘုရား အထက်ပစ္စယံကိုတက်ပြီး ပုတီးစိပ်လိုစိတ် အလွန်ပြင်းပြစွာ ဖြစ်ခဲ့ဖူးပါသည်။ သမီး ၆-တန်းနှစ်က မိမိသားစုတွေနှင့် ရွှေတိဂုံဘုရားကိုသွားတော့ ဖေဖေနှင့် ကိုကိုက အထက်ပစ္စယံကို တက်သွားကြပါသည်။ မေမေနှင့် သမီးက အောက်မှာ ကျန်ခဲ့ရပါသည်။ အပေါ်ကိုလိုက်သွားမယ် ပူဆာတော့ မေမေက သမီးက မိန်းကလေးဖြစ်နေလို့ အပေါ်ကိုတက်လို့မရဘူး။ ငရဲကြီးလိမ့်မယ်လို့ဆိုပါသည်။ ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းတဲ့ကျောက်တုံးကြီးကို ကိုင်ပြီးအဓိဋ္ဌာန်ချင်တာ မိန်းကလေးဖြစ်နေလို့ မ၀င်ခဲ့ရပါ။ စိတ်ထဲက အားမလို၊ အားမရ ဖြစ်မိပါသည်။ ဗုဒ္ဓဘာသာမှာ အဘယ်ကြောင့် အမျိုးသမီးတွေကို အဲဒီလို ခွဲခြားဆက်ဆံရပါသနည်း။ မြင့်မြတ်တဲ့နေရာတွေကို အမျိုးသမီးတွေတက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရား ဟောတော်မူတာ ရှိပါသလား။ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
လေးစားလျှက်
နန္ဒာဖူးပွင့်လှိုင်
http://www.burmeseclassic.com/dammaQA.php?status=go&pno=3
ဖြေကြားသူ - (ဆရာတော်ဦးကေလာသ - အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)
ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း
ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာအဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့
ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေတက်လည်း ငရဲကြီးရမှာပေါ့။ အထက်ပစ္စယံပေါ်မှာ
ရည်းစားနဲ့ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင်လုပ်ရင်တော့ ဘယ်သူမဆို
ငရဲကြီးမှာပေါ့။ အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း
အဂ္ဂသာဝိကာ အမြတ်ဆုံးဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင်
အမျိုးသားရဟန္တာနဲ့တန်းတူ လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေး မှာ
မိန်းမယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ်အမြတ်ဆိုတာ ခန္ဓာကိုယ်
ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ်ဆိုတာတွေနဲ့မပတ်သက်ဘူး။ မြတ်စွာဘုရားဟာ သေပြီး
ပုပ်ဆွေးနေပြီဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ကျွန်မရဲ့ အလောင်းကိုပတ်ထားတဲ့ပိတ်စကို
ကိုယ်တိုင်ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင်လျှော်ဖွပ်ပြီး ကိုယ်တိုင်
သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော်မူပါတယ်။ ပိတ်စကိုအလောင်း ကောင်ကခွာစဉ်မှာ မြေကြီးက
အံ့ချီးပြုတဲ့အနေနဲ့ ငလျင်တောင်လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း
ဖြစ်ပါသတဲ့။
ပုဏ္ဏာဟာ ကျွန်လည်းဖြစ်တယ်။ မိန်းမလည်းဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊
တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ၀ါဒီ
(အရှိကိုအရှိအတိုင်းမြင်တဲ့ပုဂ္ဂိုလ်) စစ်စစ်ပါ။ ဒါကိုသတိပြုမိရင် အမျိုးသမီးတွေ
ဘုရားငြမ်းပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့ အကြောင်းပြချက်ရှိနိုင်ပေမယ့်
“အမျိုးသမီးရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်ကို မတက်ရ” ဆိုတာမျိုး အတွက်တော့
ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ပါဘူး။
ခြားနားချက်တော့ရှိမယ်
ယောက်ျားမိန်းမလို့ ကွဲပြားနေရတာကိုက ခြားနားတဲ့သဘာဝကြောင့်မဟုတ်လား။
ကမ္ဘာအေးမှာနေ တုန်းက ညနေလမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ်အရွယ်
ကောင်လေးနဲ့ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်းဖက်က
ဘဲဥကန်ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့သံဆန်ကာခြံစည်းရိုးကို
ခုန်တက်ပြီး ဒီဘက်ကို လွယ်လွယ်လေးခုန်ချနိုင်တယ်။ ကောင်မလေးကလည်း
ကောင်လေးကိုတုပြီး အားကျမခံခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း
ချိတ်မိပြီး မှောက်လျက်လဲကျတယ်။ ဂါဝန်လည်းပြဲတယ်။ ပင်လယ်ကွေ့စစ်ပွဲတုန်းက
အမေရိကန် လေတပ်ကဗုံးကြဲလေထီးမယ်တွေ ရန်သူ့လက်ထဲရောက်သွားတော့ မိန်းမဟာမိန်းမပဲ။
ကြောင်ထီးဟာ ပြိုင်ဖက်အခြားကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ သူသေကိုယ်သေပဲ။
ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့ ဘာမှမတုံ့ပြန်ဘူး။
ဒီသဘာဝကိုမြင်နိုင်ရင် ပရမတ္ထတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့အမ
နက်နဲတဲ့ခြားနားချက်တွေရှိနေတာ သေချာတယ်။ အမျိုးသားတွေနဲ့ရင်ဘောင်တန်းဖြစ်ဖို့
ဘယ်လောက်ပဲအရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး
အမျိုးသားတွေရဲ့ အကျင့်စရိုက်လိုဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ
ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ
ဝတ်လစ္စလစ်အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားကတစ်ပြိုင်နက်
မိန်းမနှစ်ယောက်ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျားနှစ်ယောက်ယူတာ ဘယ်ဟာက
အခြေအနေပိုဆိုးမလဲ။
ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီ
လောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ)တွေအတွက် သီးခြားစည်းကမ်းလေးတွေ
ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ
ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှဝါရရ (၀ါဘယ်လောက်ကြီးကြီး) ယနေ့ပြုတဲ့
ရဟန်းပေါက်စကို ရှိခိုးရမယ်ဆိုတာပါတယ်။ ဒါလည်း အမျိုးသမီးတွေကို
နှိပ်တဲ့သဘောမျိုးမဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင် ယောက်ျားတွေထက် ဘ၀င်မြင့်တက်တဲ့
အမျိုးသမီးသဘာဝ (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး
မိန်းမတွေ) ကြောင့် မဂ်ဖိုလ်ကိုတကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာမာန်မာန
ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။
(သကျမင်းသားခြောက်ယောက်ရဟန်းပြုစဉ်က) ဆံသလုလင် ဥပါလိကို အရင်ရဟန်းပြုခိုင်းတာ
ကလည်း ကိုယ့်ရဲ့အမျိုးမာန် ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ရည်ရွယ်ခဲ့
တာပဲ။
ခြားနားတဲ့ယဉ်ကျေးမှုတွေ
သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစားလိုက်သွားဖူးတယ်။
ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင်မိန်းကလေးက ဇတ်ကနဲဆို
ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ဂါဝန်က
ဒူးခေါင်းဖုံးရုံလေး။ လက်အုပ်တော့ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။
မြန်မာမိန်းကလေးဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ်ဆိုမှာပေါ့။ လူနာရှင်ဟာ
ဆေးကို လက်ခလယ်နဲ့ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ်ဆိုတဲ့ သဘောလို့
မြန်မာဗိန္ဓောဆရာတွေက ယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကို
ကျန်လက်ချောင်းတွေကိုစုကွေးပြီး လက်ခလယ်တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့လူ
သေနတ်နဲ့ တောင်ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျားအင်္ဂါပုံကို
လုပ်ပြသလိုမျိုးတဲ့။ စကားမစပ် မြန်မာရုပ်ရှင် နှစ်ခု သုံးခုမှာ မင်းသားက
မင်းသမီးကို အဲဒါမျိုးလုပ်ပြတာ တွေ့ဖူးတယ်။ (မြန်မာ့ရုပ်ရှင်
အဆင့်မြင့်ရေးအတွက် ဒါရိုက်တာတွေ သတိထားဖို့ပါပဲ။) ဖိနစ်စ်မြို့
ရုက္ခဗေဒဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာကိုရီးယားအဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။
ဘာသာရေးတော်တော်ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို
ခြေထောက်နဲ့ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာရှုထောင့်နဲို့ရင်
အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲ ဘုန်းကြီးညွှန်းတာပေါ့။ အဲဒီလို
ခြားနားတဲ့ရှေးရိုးယုံကြည်စွဲလမ်းမှုတွေကို အခြေပြုတဲ့ကျားမ ခွဲခြားမှုတွေ
ရှိရာကနေ ဘာသာတရားနဲ့ရောထွေးသွားပြီး ဘုရားပေါ်မိန်းမမတက်ရ ဆိုတာမျိုးတွေ
ဖြစ်လာပုံရတယ်။
အယူအဆပြောင်းလဲခြင်း
ဝိနည်းမသင်ဖူးတဲ့ တောထွက်ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း
အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့ ဘုန်းကြီးနားကိုတိုးပေးရင်
ငယ်ပါကို သံစူး သလောက်စိတ်ဆိုးတာပဲ။ သူက ဆရာကြီးဆိုတော့လည်း ကြည့်နေရတာပေါ့။
ပတ်သက်သူ ဒကာ ဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးလို့ပဲ နားလည်နေကြပြီ။
ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လိုဖြစ်သွားနိုင်တယ်။
“စွန့်ချပေးလု ပစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ
လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလုခံရရင်၊
ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီပြောင်းသွားရင် ဒီ ၆ မျိုးကြောင့်ပဲ
အကပ်ပျက်တာပါ။) ယိုးဒယားမှာ အမျိုးသမီးလက်ထဲက အလှူပစ္စည်းကို ဘုန်းကြီးက
လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ထိပြီး ခံယူရတယ်။ ဒါပေမဲ့
ဝိနည်းအမှန်မှာ အဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး
ဝိနည်းကိုလေးစားပြရာကနေ ပြောင်းလဲ သွားတဲ့အယူအဆဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ
မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ်ကိုယ်နဲ့
ထိစပ်နေတဲ့ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)
တစ်ခုတော့ရှိတယ်။ လေးစားလွန်းလို့ ဆရာတော်ကြိးတွေ ဘုဉ်းပေးနေတုန်း ဆွမ်းခွက်ကို
ဟိုကိုင် ဒီရွှေ့မလုပ်ဘူး၊ ဘုန်းကြီးကိုကြည်ညိုလွန်းလို့ ဒကာမတွေက
ဘုန်းကြီးလက်ထဲကို အလှူပစ္စည်းကို မထည့်ဘူးဆိုရင်တော့ ကိုယ့်သဘောပဲ။
ဝိနည်းနဲ့တော့မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ် ထားလွန်းရာကနေ တည်ရှိပြီး
ရိုးရာယုံကြည်မှုတွေနဲ့ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ
မ၀င်ရဆိုတဲ့အထိ ယုံကြည်မှုပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်။
အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်
ဗုဒ္ဓ၀ါဒရှုထောင့်အရ ယောက်ျားတက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့
ငရဲမကြီးဘူးလို့မှတ်ဖို့ပါ။ မိန်းမ မတက်ရကန့်သတ်ချက်ဟာ
ရိုးရာစွဲကိုအခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့
အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊
မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီး
ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။ မိန်းမတွေတက်လို့ ၀င်လို့
မရှေးမနှောင်းမှာ တိုက်ဆိုင်မှုဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့
ယိုးမယ်စွဲကြမှာပဲ။ ဒါကြောင့် မိန်းမတွေတက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင်
လူတွေနားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ
မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီးသမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန်
ပြည်တွင်း လေယာဉ်တွေကို ဘုန်းကြီးတို့စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို
သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျားဖြစ်လျက်နဲ့
အဲဒီလို ခွဲခြားဆက်ဆံခံရသေးတာပဲ။ အချိန်ကို စောင့်ပါဦး။ လူငယ်မျိုးဆက်သစ်တွေ ဂေါပကလူကြီးဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက်ပစ္စယံမှာ အမျိုးသမီးတွေ
ပုတီးစိပ်ခွင့် ရကောင်းရပါလိမ့်မယ်။
စာရေးသူအမြင်
ဒီကိစ္စက Religious ပေါ်မှာ အခြေမခံပါဘူး။ Traditional ပေါ်မှာ အခြေခံတဲ့ကိစ္စ ဖြစ်တဲ့အတွက်၊ နှစ်ကာလကြာညောင်းတဲ့အခါ ... ဘာသာရေးအရ ခွဲခြားသလို ဖြစ်နေတာပါ။ ဗုဒ္ဓ၀ါဒမှာတော့ ဆရာတော် ပြောသလို ယောက်ျား၊ မိန်းမ ခွဲခြားတာမရှိပါဘူး။ ထူးမြတ်တဲ့အကျင့်တိုင်းကို လူတိုင်း (ကျား၊ မ မရွေး) အားထုတ်နိုင်၊ ပူဇော်နိုင်ကြပါတယ်။
တခြားအမေးအဖြေတွေကို ဖတ်ချင်ရင် http://www.burmeseclassic.com/
Tuesday, April 21, 2009
ယခင်က ငါ ဟုတ်ပါသလား …။
Saturday, March 21, 2009
ကိုရုပ်ဆိုးအား ခဏပြန်ကြည့်ခြင်း
မိသားစုကို ကျောပေါ်တင်လို့
ဟိုးအမြင့်တစ်နေရာ
(တကယ်တော့ မမြင်နိုင်သေးတဲ့)
ဟိုးအမြင့် တစ်နေရာဆီသို့ပေါ့ …။
ဟန်ချက်ပြင်းပြင်း
မာန်ဟုန်တင်းလို့
အတောင်ပံကို တအားခပ်
မှီခဲ့တဲ့ သစ်ကိုင်းကို ခြေစုံခပ်လို့ပေါ့
လှုပ်သွားတဲ့ သစ်ကိုင်း
ငါ …. ပြန်လှည့်မကြည့်ချင်ဘူးကွယ် …။
လေထဲမှမရောက်ခင်
ဇတ်ခနဲ့ ဖြစ်သွားလို့ပြန်ကြည့်
ကြည့်စမ်း … ကြည့်စမ်း
ကြိုးတစ်ချောင်းက
လောဘတွေအပြည့်လှောင်လို့
ငါ့ကို တုပ်နှောင်ထားပါလား ???
စဉ်းစားစမ်း ……
အတင်းရုံးထွက်လို့
ကျောပေါ်က မိသားစု
အခြေမလှဖြစ်မလား ?
ပြုတ်ကျလေမလား?
မာန်ဟုန်ကိုအသာချ
ခ၀ါပြလို့ နောက်ပြန်လှည့်
မူလဘူတ သစ်ကိုင်းဆီသို့လား ???
Wednesday, March 18, 2009
ချစ်ခြင်းဆိုတာ ???
ချစ်ခြင်းဆိုတဲ့အရာဟာ …..
တီတီတာတာ နှုတ်ချိုတေး
ပလီပကာ ချစ်စဖွယ်မျက်နှာပေးနဲ့
နှစ်သက်ဖွယ်တေးဆိုတဲ့
ကလေးတစ်ယောက်လိုလား ….?
မျက်လုံးကိုထောင့်ကပ်
နှုတ်ခမ်းကို တစ်တောင်လောက်ချွန်
တစ်ကမ္ဘာလုံးက သူ့လုပ်စာစားသလို
ကျယ်လောင်စွာ မြည်တွန်တောက်တီး
အခြောက်ကြီးနဲ့တူတဲ့ လောပန်မ လိုလား ….?
ဒါမှမဟုတ် ???
Saturday, March 7, 2009
သြော် .... အသစ် အသစ် အသစ်
အသစ် ... အသစ်
ဖြစ်ညှစ်မှုတွေနဲ့
ဦးဏှောက်ကို အလုပ်ပေး
စေ့စေ့တွေးပေမယ့်
ရေးရေးမှမထွက် ..... :(
ဖြတ်ကနဲ့ ပြန်ဆန်းစစ်
သြော် ....
ဝတ်ရုံဟောင်းရဲ့အောက်မှာ
ဦးဏှောက်က ချောက်နေတော့
ဘာမှ မထွက်ဘူးဗျာ....... :)
ကိုရုပ်ဆိုး
၀၇၊ မတ်လ၊ ၂၀၀၉ (၁၆း၁၅)မိနစ်
အသစ်အသစ်လို့ အော်နေတဲ့ သူငယ်ချင်းများစွာအတွက်.........။
Monday, February 23, 2009
မှတ်မှတ်ရရ လုပ်သွားတဲ့ သူငယ်ချင်းများစွာအတွက် ....
၁၄ ဖေဖော်ဝါရီနေ့က အိမ်မှာ အမှတ်တရလေး လုပ်ဖြစ်တယ်။ အဓိကကတော့ သူငယ်ချင်းတွေကြောင့်ပါ ....။ မှတ်မှတ်ရရ ရှိနေတဲ့နေ့လေးကို ဒီအတိုင်း မကုန်ဆုံးစေချင်ကြလို့တဲ့လေ။
အဲဒီနေ့ မနက်ကတော့ မိသားစုနဲ့ နံနက်စာကို အပြင်မှာ ထွက်စားတယ်။ ပြီးတော့ ကလေးတွေကို Happy World ကစားကွင်း လိုက်ပို့တယ်။ ဘုရားတက်တယ်။ အိမ်ပြန်တယ်။
၁၁း၀၀ နာရီထိုးလောက်မှာပဲ သူငယ်ချင်းတွေ အိမ်ကို စုရုံးရောက်ရှိလာပြီး .... သူတို့နဲ့အတူ ချက်ပြုတ်စားသောက်စရာတွေ ပါလာတယ်။ နောက်ဖေးမီးဖိုချောင်မှာ အလုအယက် ချက်ကြပြုတ်ကြနဲ့ ... ပါလာတဲ့ ပုလင်းလေးတွေကိုလည်း ဖွင့်ပြီးမော့ကြတယ်။ တဖြည်းဖြည်းနဲ့ အရှိန်တက်လာကြပြီး ... ကျနော့ အမျိုးသမီး ချက်ကျွေးတဲ့ ဟင်းတွေကော၊ သူတို့ကိုယ်တိုင် ချက်ကြတဲ့ ဟင်းတွေကော စားလိုက်ကြတာ ... ညနေစောင်းတော့ ဟင်းလည်းကုန်၊ အရည်လည်းကုန် ဖြစ်သွားကြတယ်။
မပြန်ခင်လေးမှာ မှတ်မှတ်ရရ ဖြစ်သွားအောင်လို့ဆိုပြီး ... တက်ရောက်လာသူအပေါင်းက အိမ်ရှေ့နံရံထက်ဆီမှာ အမှတ်တရ ချန်သွားရစ်ခဲ့ကြတယ်။ ကျနော်လည်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ပြီး ကျနော့ရဲ့ ဘလော့ဂ်မောင်နှမတွေအတွက် တင်စရာ၊ တွေးစရာ ရှားနေတဲ့ ကျနော့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျတဲ့သူလို ခပ်မြန်မြန်တင်ချင်ပေမယ့် .... :)
အဲဒီနေ့က မှတ်မှတ်ရရ အိမ်ကိုလာသွားတဲ့လူတွေကော၊ ကြုံပေမယ့် ပွဲလာမတက်ပဲ မှတ်မှတ်ရရ ဖြစ်အောင်လုပ်သွားတဲ့ ရွာသားလေးကိုကော :) ... ဘလော့ဂ်မှာ မန့်ပေးသွားတဲ့ သူငယ်ချင်းတွေကိုကော ... မိသားစုရဲ့ကိုယ်စား ကိုရုပ်ဆိုးမှ လှိုက်လဲစွာကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ....... :)
ပုံတွေကို အောက်မှာ တင်ပေးလိုက်တယ်ဗျာ ........။
ကိုရုပ်ဆိုး
၂၃-ဖေဖော်ဝါရီ-၀၉ (၁၈း၄၈)မိနစ်
၁၀ နှစ်ပြည့်မှသည် ....
ကျေးဇူးပါမလေးရေ
ပျော်ရွှင်မှုတွေရယ် ...
နှစ်သိမ့်မှုတွေရယ်ကိုပေါ့ ...
ပျော်ရွှင်မှုအတွက်
ကမ်းလင့်ခဲ့တဲ့ လက်အစုံရယ် ...
စိတ်ညစ်မှုအတွက်
ပန်ဆင်ခဲ့တဲ့ နားတစ်စုံရယ် ...
တွေဝေမှုအတွက်
လမ်းပြခဲ့တဲ့ စကားတစ်စုံရယ် ...
ကြမ်းတမ်းတဲ့လမ်းအတွက်
လိုက်လျောခဲ့တဲ့ ခြေထောက်တစ်စုံရယ် ...
တွယ်ရာမဲ့နေတဲ့ နေ့တွေအတွက်
နွေးထွေးလှတဲ့ ရင်ခွင်အတွက်ရယ်ပေါ့ ....။
မျှော်ကြည့်လိုက်ပါမလေးရေ ...
တောက်ပတဲ့အနာဂတ်တွေဆီကိုလေ
ကိုယ်လေ ...
ကမ်းလင့်ခဲ့ လက်အစုံ
ယုံကြည်ချက်မြဲစွာနဲ့
ရဲရဲသာ ဆုပ်ကိုင်
ကိုယ့်ရဲ့ အနာဂါတ်အားလုံးဟာ
မင်းတို့ အတွက်ပေါ့ ....။
Friday, February 6, 2009
14 Feb 2009 ......... Valentine's Day ......... ချစ်သူများနေ့
ကိုရုပ်ဆိုးနဲ့ မဒမ်ရုပ်ဆိုးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀)နှစ်တိုင်တိုင်ရှိခဲ့ပြီဗျ ..............။
လွန်ခဲ့သော (၁၀)နှစ် ... ဖေဖော်ဝါရီလ (၁၄)ရက် ၁၉၉၉ တနင်္ဂနွေရဲ့ နံနက် (၁၀း၀၀)နာရီမှာ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့က ဆုတောင်းပြည့်ကျောင်းတိုက်မှာ ကိုရုပ်ဆိုးရဲ့ ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကြီးကို ဆင်နွဲနေတဲ့အချိန်ပေါ့ ......။ ပြန်တွေးလိုက်တိုင်း မနေ့တနေ့ကလို ရင်ခုန်တုန်းဗျ ......... ဟား ဟား ....
Tuesday, February 3, 2009
တစ် မှ တစ်ဆယ်သို့ လှစ်ဟခြင်း
(၁)
ကို
ရုပ်
ဆိုး ...
(၂)
ဘဝ
အစ
မလှ ...
(၃)
အောင်မြင်ခြင်း
ရှုံးနိမ့်ခြင်း
လူးလိမ့်ရင်း ...
(၄)
လဲကျရင် ထ
ရှုံးနိမ့်ရင် မ
အရှေ့ဆီသို့ ...
(၅)
မိန်းမောနေခြင်းများ
ငေးမောနေခြင်းများ
ဟိုး ... အဝေးဆီသို့ ...
(၆)
လုပ်သက်ကနှစ်ကြီးလာ
ဝင်ငွေကမလောက်တာ
စဉ်းစားဖို့ကများလာ ...
(၇)
မလောက်ငှတာလူတိုင်း
ငွေလိုတာ အရူးတပိုင်း
ငါ့ဘ၀က မီးတွေဝိုင်း ...
(၈)
မျှော်လင့်ခြင်းတွေက အထပ်ထပ်
ဖြစ်နေတာက အပျက်...အပျက်
စိတ်ညစ်တာက နေညမပြတ်
(၉)
ကိုရုပ်ဆိုးက အသုံးမကျဖြစ်
ဘလော့ဂ်ဂါမောင်နှမတွေစိတ်ညစ်
မျှော်လင့်နေတာ နေညဆက်လို့ဖြစ်
(၁၀)
..........
..........
??????????
ကိုရုပ်ဆိုး
၃၁-ဇန္န၀ါရီ-၀၉ (၂၀း၄၇)မိနစ်
Saturday, January 3, 2009
ဒီဇင်ဘာ ၃၁ ည ၂၀၀၈ သို့ တမ်းချင်း
2008 ……. အင်း ဘာလိုလိုနဲ့ နှစ်တနှစ်က ရုံးဆင်းလို့ ဖြတ်ကနဲ့ ဘေးကနေဖြတ်လျှောက်သွားတဲ့ Sales Girls မလေးတွေအုပ်စုလိုပဲ … ဆူညံ ဆူညံတွေကော … ရယ်သံတွေကော ….. မကျေနပ်သံတွေကော … ပျော်ရွှင်သံတွေကော …. မွှေးရနံ့တွေကော … ချွေးနံ့တွေကော … ရသပေါင်းစုံ၊ ရနံ့ပေါင်းစုံ တပြိုက်နက်တည်းရလိုက်သလိုပေါ့ ………… :)
နှစ်သစ်ကူးညက ဘာလုပ်သလဲ ?
အရက်သောက်တယ်။ ရုံးမှာ New Year Party လုပ်တယ်။ အရမ်းမူးတယ်။ ဒီရုံးမှာ ငါလုပ်တဲ့ New Year Party ဟာ ဒီတစ်နှစ်နောက်ဆုံးပါလားဆိုတာ စဉ်းစားမိတော့ ပိုသောက်ဖြစ်တယ်။ အားလုံးကို ပြုံးပြတယ်။ ရီပြတယ်။ ဟာသပြောတယ်။ အားလုံးကို ပျော်စေချင်ခဲ့တယ်။
နေ့လည် ၂း၀၀ နာရီထိုးတဲ့အချိန်မှာ ခေါင်းစိုက်နေပြီ ……….။ အားလုံး ကို ကျောခိုင်းပြီး ကျောပိုးအိတ်လွယ်ပြီး အိမ်ပြန်ခဲ့တယ်။ မူးပေမယ့် လမ်းထိပ်မှာ Wine ၂ လုံး ထပ်ဝယ်လိုက်တယ်။ ကျနော့အမျိုးသမီးရဲ့ အမတွေ အိမ်မှာ မောင်နှမတွေစုပြီး တကယ့် Passing New Year Night လုပ်မှာကို သတိရလိုက်လို့ ….. :)
ကားပေါ်က ဆင်းဆင်းချင်း ပုလင်းဝင်ပေးပြီး … အိမ်ပေါ်ကို ကြိုးစားတက်လိုက်တယ်။ အိမ်ရောက်တော့ ကလေးတွေနဲ့ မိန်းမကိုတောင် မနှုတ်ဆက်အားတော့ဘူး။ တမ်းပြီးတော့ အိပ်ဖို့ ကြိုးစားလိုက်တယ်။ အရာအားလုံးကို မေ့ချင်တယ်။
ည ၈း၀၀ နာရီထိုးတော့ အမျိုးသမီးက ကျနော့ကို လာပြန်နှိုးတယ်။ နောက်ပွဲဆက်ဖို့ပေါ့ ……… ဒါပေမယ့် ကျနော့ကို ကတိတစ်ခုတောင်းလို့ ပေးလိုက်ရတယ်။ ထပ်မသောက်နဲ့တော့တဲ့ ………… ဟဲ ဟဲ။ စကားနားထောင်လိုက်တယ်။ အစားပဲ စားလိုက်တယ်။
အစားအသောက်တွေက - ၀က်နံရိုးကြော်၊ ငါးကင်၊ ကြက်ကင်၊ ငါးခေါင်းဟင်းချို၊ ရုံးပတေသီးကင် နဲ့ တခြားအကင် နည်းနည်း။
၁၂း၀၀ နာရီထိုးတော့ မီးပန်းဖောက်ပြီး နှစ်သစ်ကို ကြိုဆိုလိုက်တယ်။ စိတ်ထဲက လှိုက်လှိုက်လှဲလှဲပေါ့ ……..။
New Year မှာ Happy ကြပါစေလို့……………..။