Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, July 11, 2008

ဘလော့ဂ်သူငယ်ချင်းများကပေးသော မှတ်သားစရာများ

Dream ရဲ့ စကားစုလေးပါ။

“၀တ္ထုတစ်ပုဒ်၏ရှေ့ဖြစ်မည့်ဇာတ်လမ်းကို စာမျက်နှာကျော်ဖတ်လို့ရနိုင်သော်လည်း၊ ဘ၀၏စာမျက်နှာကို ကျော်ဖတ်လို့ ရနိုင်မည်မဟုတ်ပေ။”

နောက်ပြီး ညွှန်းထားသေးတယ် …

ဆရာကြီးပီမိုးနင်း၏

"အတိတ်တွင်အလုပ်လုပ်လို့မရ၊ အနာဂတ်တွင်လည်း အလုပ်လုပ်လို့မရ၊ ပစ္စပ္ပုန်မှာသာ အလုပ်လုပ်လို့ ရလေသည်" တဲ့။

ဟုတ်တယ်ဗျာ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မသိကြသေးတာ။

အဲဒီတော့ Happycloud1000 ရေးထားသလို ….

Learned from yesterday, Live for today and Dream for tomorrow...

ဆက်ဖတ်မယ်ဆိုရင်...

Thursday, July 10, 2008

ချစ်သူသိစေဖို့ အမုန်းလက်ဆောင် (၄ သို့ ဇာတ်သိမ်း)

ကျနော့ရဲ့ “ချစ်သူသိစေဖို့” ကဗျာဆက်ကို နားလည်မှုမျက်လုံး၊ သိတတ်တဲ့ဦးဏှောက်နဲ့ ဖတ်ရှုခံစားပေးခဲ့ကြတဲ့ သူငယ်ချင်းများ၊ ကော်မန့် ပေးခဲ့သူများအားလုံး ဆက်လက်၍ ဒုက္ခတကြီး ဖတ်ရှုစရာ မလိုတော့အောင် ယနေ့ ကျနော် အပြီးသတ် “ချစ်သူသိစေဖို့ အမုန်းလက်ဆောင် (၄ သို့ ဇာတ်သိမ်း)” ကဗျာတပုဒ်အား ဖျစ်ညှစ်ရေးခဲ့ပြီးသကာလ၊ ကျနော်၏ ဘလော့ဂ်ပေါ်သို့ တင်ဆက်လိုက်ပါတယ်ဗျာ။ :)
မှတ်ချက်။ ။ နာမည်ကျော်ကဗျာဆရာတယောက်ဟန်နဲ့ နိဒါန်းပျိုးလိုက်ခြင်းဖြစ်သည်။ တကယ်က ကဗျာမှာ ကိုယ်ကိုတိုင် ဖတ်လို့မကောင်းပါ :P

ဘာ …
နင် …… နင်, နင် ဘာပြောလိုက်တယ်။
မေ့ပစ်လိုက်ရမယ် ….။ ဟုတ်လား …။
ငါ နင့်ကိုချစ်ခဲ့တာလေ မေ့ပစ်ဖို့မှ မဟုတ်တာ။
ကာရံမညီတဲ့ စကားလုံးတွေထွက်ကျ
ငါ့ရဲ့ နှလုံးသွေးတွေ ပေကျံလျှက်ပေါ့…။

နင့်ရဲ့စကားတွေက ပေါ့ပျက်လိုက်တာကွယ်။
နင့်ကို ချစ်တယ် ပြောဖို့
သက်ပြင်းတွေအခါခါချ
သတ္တိတွေ မွေးခဲ့ရတာ ခဏခဏ
ဒါတွေကို သိလျက်နဲ့
ဥပေက္ခာစကားဆိုတာက နင်

ငါ့ကို ပြန်ချစ်တာ
နင့်ကို အရမ်းချစ်လို့ …
နင့်အပေါ် အရမ်းသိတတ်လို့ …
ငါ့ရဲ့ ခုန်နေတဲ့နှလုံးသားဟာ
နင့်တစ်ယောက်အတွက်ကြောင့်လို့ …
ဘယ်နှုတ်ဖျားက ပြောခဲ့တာလဲကွယ် …။

ချစ်ဟန်ဆောင်ခဲ့ရင်တောင်မှ
အကြင်နာစကားတွေနဲ့
ချွေးမသိပ်သင့်ဘူးလေ
နဂိုကမှ ယိုင်နဲ့နဲ့ငါနှလုံးသား
အခုတော့ …

ချစ်သူ …. လို့
ကင်ပွန်းမတပ်သင့်တော့တဲ့
ငါ … သိပ်ချစ်ခဲ့ရတဲ့ လူတယောက်
ငါ့ဘ၀ကနေ အပြီးအပိုင်ထုတ်ဖို့
ကြိုးစားခဲ့အခါခါ
အခုတော့ … ရတန်ကောင်းပါပြီကွယ်။

နင် … ငါ မုန်းတဲ့ နင်
ငါ့ရဲ့ နှလုံးသားပေါ်က နင့်နာမည်ကို
ငါ့ရဲ့ ဒိုင်ယာရီထဲမှာ
ငါ ည, က ရေးပစ်လိုက်တယ်
နာမ အဖြစ်နဲ့သာ တည်ရှိတော့ကွယ် …။

ကိုရုပ်ဆိုး
(၁၀ ဇူလိုင်လ၊ ၀၈) ၁၅း၀၀ နာရီတွင် အပြီးသတ်သည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, July 8, 2008

သူငယ်ချင်း လူဆန်းရဲ့ ကဗျာအပေါ် ထပ်ဆင့်ခံစားခြင်း

ကျနော့သူငယ်ချင်း “လူဆန်း”ဆိုတဲ့ ကလောင်နာမည်နဲ့ မော်ဒန်ကဗျာဆရာတစ်ယောက်ရဲ့ People မဂ္ဂဇင်းမှာ ပါလာတဲ့ သူ့ရဲ့ကဗျာ “နာမည်တွေ”ဆိုတဲ့ ကဗျာလေးကိုဖတ်မိပြီးနောက် ခံစားမိလို့ ရေးထားတဲ့ ကဗျာလေး တပုဒ်ပါ။ လူဆန်းရဲ့ မူရင်းကဗျာကို ဒီမှာ ရယူနိုင်တယ်ဗျ။
++++++++++++++++

လူဆန်းရဲ့ ကဗျာတပုဒ်
နာမည်တွေ … တဲ့
၂၄၆ ယောက်

သူ့ဘ၀မှာ …
နာကျည်းလို့ မှတ်မိတာကော
ကြည်နှုးလို့ မှတ်မိတာကော
လွမ်းနေလို့ မှတ်မိတာကော
ပျောက်ကွယ်သွားလို့ မှတ်မိတာကော
… … … … … … … … … … … … … …
… … … … … … … … … … … … … …

ရာထူး ကြီးတာတွေကော
လမ်းပေါ်က လူတွေကော
လမ်းပျောက်နေဆဲ လူတွေကော
ကြိုးစားနေဆဲ လူတွေကော
… စတာ တွေ။

စာရွက်ပေါ်မှာ ချရေးလိုက်တော့
အားလုံးဟာ တတန်းစားထဲပါ
နာကျည်းမှု၊ ကြည်နှုးမှု၊ လွမ်းဆွတ်မှု
ဘာကိုမှ မတွေ့ရတော့ဘူး …။

အရောင်အဆင်းလည်းမရှိ
ရာထူးလည်းမရှိ
သိမ်ငယ်မှုလည်းမရှိ
အားလုံးဟာ … စာရွက်ပေါ်က နာမည်တွေပဲ။

အဲဒီတော့
လူတစ်ယောက်ကို နာကျည်းရင်
စာရွတ်အလွတ်ပေါ်မှာ
သူ့နာမည်ကို ချရေးလိုက်လေ …
ဒေါသလည်း မတွေ့ရ
မောဟလည်း မတွေ့ရ
ဘာကိုမှ မတွေ့ရတော့မယ့်

စာရွက်ပေါ်က နာမည်တစ်ခု ဖြစ်သွားမယ်။

ကိုရုပ်ဆိုး
(၁၅ ဇွန်လ၊ ၀၇) ၁၃း၃၂ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Monday, July 7, 2008

ချစ်သူသိစေဖို့ (၃)

ချစ်သူ …
ရင်ခုန်နိုင်စွမ်းရှိတဲ့ နှလုံးသားတစုံ
မင်းဆီ ပို့ခဲ့တာတောင်မှ
တနေ့မှ မေ့မရ
သတိရစိတ်ကစိုးမိုး
ငါ့ကိုယ်ငါတောင်
ကြောက်လာပြီကွယ် …။

အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့
ငါ့အတွက်တော့ အလကားပါ
တမ်းတစိတ်ကလွှမ်းမိုး
လွမ်းဖို့သက်သက် လူဖြစ်လာသလို
ဆုံဖူးခဲ့တဲ့နေရာတွေမှာ
ငါရဲ့ခြေရာတွေထပ်
မင်းရဲ့ အရိပ်စစ်တွေဖို့အတွက်
သူရူးတစ်ယောက်လိုကွယ် …။

ချစ်သူရေ …
မုန်းရနံ့သင်းတဲ့
အဆိပ်ရည်လေးတစ်ခွက်
မင်းရဲ့ စိမ်းကားမှုတွေထည့်ပြီး
ငါ့ထံပို့ပေးပါလား
တချက်မှနောက်မတွန့်
မကြောက်မရွံ့ ငါမော့သောက်ပါရစေ…။

မမြင်မတွေ့ လွမ်းနေရမှာထက်စာရင်
မင်းလေးရဲ့အနောက်
တစ္ဆေတစ်ကောင်အဖြစ်
ငါ … လိုက်ပါ စောင့်ရှောက်ပါရစေ …။

ကိုရုပ်ဆိုး
(၀၅-ဇူလိုင်-၀၈) ၁၈း၂၈မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, July 2, 2008

toi, je veux avoir, justement

ပျက်ကွက်ခဲ့တဲ့ ပြင်သစ်စာ ကျောင်းသင်ခန်းစာတွေကို လုပ်နေရင်း အမှတ်မထင် ရေးဖြစ်သွားတဲ့ ပြင်သစ်လို ကဗျာလေးတပုဒ်ပါ။ မြန်မာလို ပြန်ဆိုထားပေမယ့် ကာရံမညီနေတာကိုတော့ နားလည်ကြမယ်လို့ ထင်ပါတယ်။

toi, je veux avoir, justement
boir, a cause de toi, exactement
noir, c'est ma vie, sans espoir

Albert

မင်း, ငါ ပိုင်ဆိုင်ချင်ဆုံးပေါ့, အမှန်ပါ …
သောက်, မင်း ကြောင့်လေ, အတိအကျပေါ့ …
အမှောင်, ငါ့ဘ၀လေ, မျှော်လင့်ချက်မဲ့ခဲ့ပေါ့ …

ကိုရုပ်ဆိုး
(၂-ဇူလိုင်-၀၈) ၁၄း၅၀မိနစ်

ဆက်ဖတ်မယ်ဆိုရင်...