Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, February 23, 2009

၁၀ နှစ်ပြည့်မှသည် ....



ဆယ်စုနှစ်တစ်ခု
အမှတ်တရ မဟုတ်တောင်
အမှတ်တမဲ့တော့ မဟုတ်ခဲ့ပါဘူး ...
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အလိုမကျမှုတွေ
စိတ်ညစ်မှုတွေ
အရာရာကို ကျော်ဖြတ်
တွဲလက်တွေ ခိုင်မြဲလျက်ပေါ့ ...

ကျေးဇူးပါမလေးရေ
မေသူရယ် ... အထွဋ်ရယ် ...
ပျော်ရွှင်မှုတွေရယ် ...
နှစ်သိမ့်မှုတွေရယ်ကိုပေါ့ ...

ပျော်ရွှင်မှုအတွက်
ကမ်းလင့်ခဲ့တဲ့ လက်အစုံရယ် ...

စိတ်ညစ်မှုအတွက်
ပန်ဆင်ခဲ့တဲ့ နားတစ်စုံရယ် ...

တွေဝေမှုအတွက်
လမ်းပြခဲ့တဲ့ စကားတစ်စုံရယ် ...

ကြမ်းတမ်းတဲ့လမ်းအတွက်
လိုက်လျောခဲ့တဲ့ ခြေထောက်တစ်စုံရယ် ...

တွယ်ရာမဲ့နေတဲ့ နေ့တွေအတွက်
နွေးထွေးလှတဲ့ ရင်ခွင်အတွက်ရယ်ပေါ့ ....။

မျှော်ကြည့်လိုက်ပါမလေးရေ ...
တောက်ပတဲ့အနာဂတ်တွေဆီကိုလေ

ကိုယ်လေ ...
ကမ်းလင့်ခဲ့ လက်အစုံ
ယုံကြည်ချက်မြဲစွာနဲ့
ရဲရဲသာ ဆုပ်ကိုင်
ကိုယ့်ရဲ့ အနာဂါတ်အားလုံးဟာ
မင်းတို့ အတွက်ပေါ့ ....။
ကိုရုပ်ဆိုး
၁၄ ဖေဖော်ဝါရီ ၀၉ (၀၁း၀၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, February 6, 2009

14 Feb 2009 ......... Valentine's Day ......... ချစ်သူများနေ့

14 Feb 2009 ......... Valentine's Day ......... ချစ်သူများနေ့
လာမယ့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၂၀၀၉ ခုနှစ်မှာ
ကိုရုပ်ဆိုးနဲ့ မဒမ်ရုပ်ဆိုးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀)နှစ်တိုင်တိုင်ရှိခဲ့ပြီဗျ ..............။

လွန်ခဲ့သော (၁၀)နှစ် ... ဖေဖော်ဝါရီလ (၁၄)ရက် ၁၉၉၉ တနင်္ဂနွေရဲ့ နံနက် (၁၀း၀၀)နာရီမှာ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့က ဆုတောင်းပြည့်ကျောင်းတိုက်မှာ ကိုရုပ်ဆိုးရဲ့ ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကြီးကို ဆင်နွဲနေတဲ့အချိန်ပေါ့ ......။ ပြန်တွေးလိုက်တိုင်း မနေ့တနေ့ကလို ရင်ခုန်တုန်းဗျ ......... ဟား ဟား ....
အခု (၁၀)နှစ်ပြည့်မှာကော ဘာလုပ်မှာတုန်း ....
ကျနော့ရဲ့ ဘလော့ဂ်ဂါမောင်နှမတွေ သိချင်လား .........
မပြောဘူး ......... သတ်ချင်သတ်လိုက် ... မပြောဘူး.... :)
ဒါပေမယ့်
အမြည်းသဘောမျိုးလေး တင်ပေးလိုက်တယ်။ (၉)နှစ်မြောက်ကဟာပေါ့ ...

အဲဒီနေ့ကတော့ မြတ်သန္တာအပျော်စီးသင်္ဘောပေါ်မှာ ကျင်းပတာဗျ။ 
ကျနော့် မိသားစုတင်ပါ။
ဆားချက်တယ်လို့ပဲဆိုဆို ...
ကြုံတုန်းကြွားတယ်လို့ပဲ ပြောပြော ... :) :D
ကိုရုပ်ဆိုး
၀၆ ဖေဖော်ဝါရီ ၀၉ (၁၁း၀၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, February 3, 2009

တစ် မှ တစ်ဆယ်သို့ လှစ်ဟခြင်း

(၁)
ကို
ရုပ်
ဆိုး ...

(၂)
ဘဝ
အစ
မလှ ...

(၃)
အောင်မြင်ခြင်း
ရှုံးနိမ့်ခြင်း
လူးလိမ့်ရင်း ...

(၄)

လဲကျရင် ထ
ရှုံးနိမ့်ရင် မ
အရှေ့ဆီသို့ ...

(၅)
မိန်းမောနေခြင်းများ
ငေးမောနေခြင်းများ
ဟိုး ... အဝေးဆီသို့ ...

(၆)
လုပ်သက်ကနှစ်ကြီးလာ
ဝင်ငွေကမလောက်တာ
စဉ်းစားဖို့ကများလာ ...

(၇)
မလောက်ငှတာလူတိုင်း
ငွေလိုတာ အရူးတပိုင်း
ငါ့ဘ၀က မီးတွေဝိုင်း ...

(၈)
မျှော်လင့်ခြင်းတွေက အထပ်ထပ်
ဖြစ်နေတာက အပျက်...အပျက်
စိတ်ညစ်တာက နေညမပြတ်

(၉)
ကိုရုပ်ဆိုးက အသုံးမကျဖြစ်
ဘလော့ဂ်ဂါမောင်နှမတွေစိတ်ညစ်
မျှော်လင့်နေတာ နေညဆက်လို့ဖြစ်

(၁၀)
..........
..........
??????????

ကိုရုပ်ဆိုး
၃၁-ဇန္န၀ါရီ-၀၉ (၂၀း၄၇)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, January 3, 2009

ဒီဇင်ဘာ ၃၁ ည ၂၀၀၈ သို့ တမ်းချင်း

2008 ……. အင်း ဘာလိုလိုနဲ့ နှစ်တနှစ်က ရုံးဆင်းလို့ ဖြတ်ကနဲ့ ဘေးကနေဖြတ်လျှောက်သွားတဲ့ Sales Girls မလေးတွေအုပ်စုလိုပဲ … ဆူညံ ဆူညံတွေကော … ရယ်သံတွေကော ….. မကျေနပ်သံတွေကော … ပျော်ရွှင်သံတွေကော …. မွှေးရနံ့တွေကော … ချွေးနံ့တွေကော … ရသပေါင်းစုံ၊ ရနံ့ပေါင်းစုံ တပြိုက်နက်တည်းရလိုက်သလိုပေါ့ ………… :)

နှစ်သစ်ကူးညက ဘာလုပ်သလဲ ?

အရက်သောက်တယ်။ ရုံးမှာ New Year Party လုပ်တယ်။ အရမ်းမူးတယ်။ ဒီရုံးမှာ ငါလုပ်တဲ့ New Year Party ဟာ ဒီတစ်နှစ်နောက်ဆုံးပါလားဆိုတာ စဉ်းစားမိတော့ ပိုသောက်ဖြစ်တယ်။ အားလုံးကို ပြုံးပြတယ်။ ရီပြတယ်။ ဟာသပြောတယ်။ အားလုံးကို ပျော်စေချင်ခဲ့တယ်။

နေ့လည် ၂း၀၀ နာရီထိုးတဲ့အချိန်မှာ ခေါင်းစိုက်နေပြီ ……….။ အားလုံး ကို ကျောခိုင်းပြီး ကျောပိုးအိတ်လွယ်ပြီး အိမ်ပြန်ခဲ့တယ်။ မူးပေမယ့် လမ်းထိပ်မှာ Wine ၂ လုံး ထပ်ဝယ်လိုက်တယ်။ ကျနော့အမျိုးသမီးရဲ့ အမတွေ အိမ်မှာ မောင်နှမတွေစုပြီး တကယ့် Passing New Year Night လုပ်မှာကို သတိရလိုက်လို့ ….. :)

ကားပေါ်က ဆင်းဆင်းချင်း ပုလင်းဝင်ပေးပြီး … အိမ်ပေါ်ကို ကြိုးစားတက်လိုက်တယ်။ အိမ်ရောက်တော့ ကလေးတွေနဲ့ မိန်းမကိုတောင် မနှုတ်ဆက်အားတော့ဘူး။ တမ်းပြီးတော့ အိပ်ဖို့ ကြိုးစားလိုက်တယ်။ အရာအားလုံးကို မေ့ချင်တယ်။

ည ၈း၀၀ နာရီထိုးတော့ အမျိုးသမီးက ကျနော့ကို လာပြန်နှိုးတယ်။ နောက်ပွဲဆက်ဖို့ပေါ့ ……… ဒါပေမယ့် ကျနော့ကို ကတိတစ်ခုတောင်းလို့ ပေးလိုက်ရတယ်။ ထပ်မသောက်နဲ့တော့တဲ့ ………… ဟဲ ဟဲ။ စကားနားထောင်လိုက်တယ်။ အစားပဲ စားလိုက်တယ်။

အစားအသောက်တွေက - ၀က်နံရိုးကြော်၊ ငါးကင်၊ ကြက်ကင်၊ ငါးခေါင်းဟင်းချို၊ ရုံးပတေသီးကင် နဲ့ တခြားအကင် နည်းနည်း။

၁၂း၀၀ နာရီထိုးတော့ မီးပန်းဖောက်ပြီး နှစ်သစ်ကို ကြိုဆိုလိုက်တယ်။ စိတ်ထဲက လှိုက်လှိုက်လှဲလှဲပေါ့ ……..။

New Year မှာ Happy ကြပါစေလို့……………..။

ကိုရုပ်ဆိုး
၀၃-ဇန္န၀ါရီ-၀၉ (၁၀း၄၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, January 2, 2009

Top Tips Bring You A Beautiful Life

ဆက်ဖတ်မယ်ဆိုရင်...